![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/30/Kamogawa_sakura.jpg/640px-Kamogawa_sakura.jpg&w=640&q=50)
ခမိုမြစ်
From Wikipedia, the free encyclopedia
ခမိုမြစ် ခမိုဂဝ (鴨川, Kamo-gawa?, duck river – see onomastics) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုတွင်တည်ရှိသည့် မြစ်တစ်စင်း ဖြစ်သည်။ မြစ်ကမ်းဘေးများသည် လမ်းလျှောက်ကြသူများ၊ နိုင်ငံခြားခရီးသွားများနှင့် အားကစားလုပ်ကြသူများအကြားတွင် ထင်ရှားသည်။ နွေရာသီကာလ၌ မြစ်ကမ်းဘေးတွင် စားသောက်ဆိုင်တန်းများထိုးကာ ရောင်းချကြသဖြင့် မြစ်ကိုငေးမောကြည့်ရှုရင်း စားသောက်နိုင်ကြသည်။ မြစ်တစ်လျောက်တွင် လျှောက်လမ်းပြုလုပ်ထားသည်။ အချို့သောနေရာများတွင် မြစ်၏ ဟိုဘက်ကမ်းသည်ဘက်ကမ်းကို ကူးသွားနိုင်ရန် ကျောက်တုံးလမ်းလေးများလည်း ပြုလုပ်ပေးထားသည်။ မြစ်၏ ရေအနက်သည် အမြဲတမ်းအားဖြင့် တိမ်ပြီး အချို့သောနေရာများတွင် တစ်မီတာထက်ပင် နည်းသေးသည်။ မိုးရာသီကာလတွင်မူ မြစ်ကမ်းဘေးနားတွင် ပြလုပ်ထားသည့် လျှောက်လမ်းများသည် တစ်ခါတရံ ရေနစ်မြုပ်သည်လည်း ရှိသည်။
ခမိုမြစ် | |
---|---|
![]() မြစ်ကမ်းတစ်လျှောက် ပွင့်နေသည့် ချယ်ရီပန်းများ | |
Country | Japan |
အချက်အလက်များ | |
စီးဝင်ရာနေရာ | Yodo River |
အလျား | ၃၁ km (၁၉ mi) |
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်စနစ် | Yodo River |
မြစ်ဝှမ်းအရွယ် | ၂၁၀ km2 (၈၁ sq mi) |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/21/Noryo_yuka_of_a_Korean_restaurant_by_Wolfiewolf_in_Pontocho%2C_Kyoto.jpg/640px-Noryo_yuka_of_a_Korean_restaurant_by_Wolfiewolf_in_Pontocho%2C_Kyoto.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/3b/Hiroshige55_kyoto.jpg/640px-Hiroshige55_kyoto.jpg)
ထို့အပြင် ဤမြစ်သည် ခမိဂမိုနတ်နန်းနှင့် ရှိမိုဂမိုနတ်နန်း၊ ချင်ဂျုနိုမိုရိနှင့် တဒဆုနိုမိုရိ စသည့်ထိန်းသိမ်းထားသည့် တောအုပ်များ ရှိသည့်အတွက်လည်း ထင်ရှားသည်။