![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f0/Choeropsis_liberiensis_BZG.jpg/640px-Choeropsis_liberiensis_BZG.jpg&w=640&q=50)
ရေမြင်းပု
From Wikipedia, the free encyclopedia
ရေမြင်းပု (Pygmy Hippopotamus)၏ သိပ္ပံအမည်မှာ ချိုရော့ဆစ် လိုက်ဘေးရီးယန်းဆစ် ဖြစ်သည်။ အာဖရိကတိုက်၏အနောက်ပိုင်းရှိ သစ်တောများနှင့် စိမ့်တောများတွင် အများဆုံး တွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံတွင် အများဆုံးတွေ့ရပြီး ဆီရာလီယွန်နိုင်ငံ၊ ဂီနီနိုင်ငံနှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင်လည်း တွေ့ရသည်။
ရေမြင်းပု Pygmy Hippopotamus | |
---|---|
![]() | |
A pygmy hippopotamus at Bristol Zoo | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Hippopotamidae |
မျိုးရင်းသေး: | Hippopotaminae |
မျိုးစု: | Choeropsis Leidy, 1853 |
မျိုးစိတ်: | C. liberiensis |
ဒွိနာမ | |
Choeropsis liberiensis | |
မျိုးစိတ်ခွဲ | |
| |
![]() | |
Range map[1] | |
Synonyms[1] | |
|
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0c/Hexaprotodon_liberiensis_Lagos_Zoo_Portugal_%283%29.jpg/640px-Hexaprotodon_liberiensis_Lagos_Zoo_Portugal_%283%29.jpg)
အရပ်အမြင့်မှာ ၃ပေခန့် ဖြစ်သည်။ ကိုယ်အလေးချိန်မှာ ပေါင်၄၀ဝခန့် ဖြစ်သည်။ ရေမြင်းပုများသည် နေ့အချိန်တွင် အိပ်စက်နားနေကြပြီး ညအချိန်တွင် လှည့်လည်ကျက်စားသည်။ အစားအစာ မှာ မြက်၊ သစ်ဥနှင့် အသီးအရွက်များ ဖြစ်သည်။ ရေမြင်းများလောက် ရေစိမ်ရန် ကြိုက်နှစ်သက်ခြင်း မရှိပေ။ အ မများသည် ၁၈၆-၂၇၀ ရက် ဇီးလွယ်ပြီး တစ်ကြိမ်လျှင် သားငယ်တစ်ကောင် မွေးသည်။ သက်တမ်းမှာ ၃၅နှစ် ခန့် ဖြစ်သည်။
ရေမြင်းပုများမှာ သဘာဝတောထဲတွင် ကောင်ရေအနည်းငယ်သာ ကျန်ရှိသဖြင့် တန်ဖိုးကြီးသော တိရစ္ဆာန်များ ဖြစ်သည်။[3]