ရဟန်းဟူသော အမည်သည် အရဟန္တပါဠိမှ ဖြစ်လာသော ရဟန္တာကို အတိုချုပ်ခေါ်သော အမည်ဖြစ်ဟန်တူသည်။ သို့ရာတွင် ဘိက္ခု၊ သမဏ၊ ပဗ္ဗဇ္ဇိတ စ သော ပါဠိတို့ကို ပြန်ဆိုထားသော မြန်မာအမည်လည်း ဖြစ်၏။ အသုံးအစွဲလည်း များလှသည်။ ပဗ္ဗဇ္ဇလေးမျိုးမှလာသော အလုံးစုံသော ရဟန်းနှင့် ဥပသမ္ပဒါလေးမျိုးမှလာသော အလုံးစုံသောရဟန်းနှင့် ဥပသမ္ပဒါ
ရှစ်မျိုးမှလာသော အလုံးစုံသောရဟန်းကို ရသည်။
( ပဗ္ဗဇ္ဇမင်္ဂလာ ။)
အချက်တိုများ တရုတ်အမည်, တရုတ် ...
ရဟန်း |
![](//upload.wikimedia.org/wikipedia/commons/thumb/4/42/Phutthamonthon_Buddha.JPG/250px-Phutthamonthon_Buddha.JPG) ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်းများ |
တရုတ်အမည် |
---|
တရုတ် | 比丘 |
---|
Transcriptions |
---|
Standard Mandarin |
---|
Hanyu Pinyin | bǐqiū |
---|
Wade–Giles | Pi3-ch'iu1 |
---|
|
မူရင်းတရုတ်အမည် |
---|
တရုတ် | 和尚 |
---|
Transcriptions |
---|
Standard Mandarin |
---|
Hanyu Pinyin | héshàng |
---|
Wade–Giles | he2-shang4 |
---|
|
မြန်မာအမည် |
---|
မြန်မာ | ဘိက္ခု |
---|
တိဘက်အမည် |
---|
Tibetan | དགེ་སློང་ |
---|
Transcriptions |
---|
Wylie | dge slong |
---|
THDL | gelong |
---|
|
ထိုင်းအမည် |
---|
ထိုင်း | ภิกษุ |
---|
RTGS | phiksu |
---|
ဂျပန်အမည် |
---|
Kanji | 僧、比丘 |
---|
Transcriptions |
---|
Romanization | Sō, biku |
---|
|
tam name |
---|
tam | துறவி tuṟavi |
---|
san name |
---|
san | भिक्षु |
---|
pli name |
---|
pli | Bhikkhu |
---|
Nepali name |
---|
Nepali | भिक्षु |
---|
ပိတ်ရန်
ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း၊ မှန်စွာကျင့်ခြင်း၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ [1] သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပာယ်ရသည်။
ဗုဒ္ဓသာသနာတွင်း ရဟန်း(သံဃာ) နှင့် သာသနာပ ရဟန်း
နှစ်မျိုးလုံးနှင့်လည်း ဆက်ဆံသည်။ ထိုသို့ ဆက်ဆံသော်လည်း
ပဗ္ဗဇ္ဇလေးမျိုးမှလာသော ရဟန်းတို့တွင် ဘိက္ခုပဗ္ဗဇ္ဇမှ လာသော
ရဟန်းနှင့် သာမဏေရ ပဗ္ဗဇ္ဇမှ လာသော ရဟန်းကား ဗုဒ္ဓ
သာသနာတွင်း ရဟန်းသာ ဖြစ်သည်။ ဣသိပဗ္ဗဇ္ဇမှ လာသော
ဗုဒ္ဓသာသနာတွင်းနှင့် သာသနာပနှစ်မျိုးလုံး ရဟန်းဖြစ်သည်။
ဥပသမ္ပဒါ ရှစ်မျိုးမှလာသော ရဟန်းကား ဗုဒ္ဓသာသနာတွင်း
ရဟန်းသာ ဖြစ်သည်။ ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး
သိက္ခာပုဒ်များကိုလည်း စောင့်ရှောက် ထိန်းသိမ်း၍ နေရသည်။