မြန်မာနိုင်ငံ
အရှေ့တောင်အာရှ၏ အချုပ်အခြာအာဏာပိုင်နိုင်ငံ / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။[1]
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် Republic of the Union of Myanmar မြန်မာနိုင်ငံ Myanmar (Burma) | |
---|---|
နိုင်ငံတော် သီချင်း: | |
မြို့တော် | နေပြည်တော်မြို့ 19°45′N 96°6′E |
အကြီးဆုံးမြို့ | ရန်ကုန်မြို့ |
ရုံးသုံး ဘာသာစကားများ | မြန်မာစာ |
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ | မြန်မာဘာသာစကား |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | |
တရားဝင် အရေးအသားစနစ် | မြန်မာအက္ခရာ |
လူမျိုးစု ([1]) | |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ ၈၇.၉% ခရစ်ယာန် ၆.၂% အစ္စလာမ် ၄.၃% အခြား ၁.၆%[2] |
Demonym | Myanmar/Burmese [3] |
အစိုးရ | တစ်ပြည်ထောင် သီးခြားလွှတ်တော် သမ္မတနိုင်ငံ (တရားဝင်) စစ်အာဏာရှင်စနစ်လက်အောက်ခံ တစ်ပြည်ထောင် ကြားဖြတ်အစိုးရ သမ္မတနိုင်ငံ (လက်တွေ့) |
မင်းအောင်လှိုင် | |
• သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ဦးမြင့်ဆွေ | |
ဟင်နရီဗန်ထီးယူ[4] | |
ဥပဒေပြုလွှတ်တော် | ပြည်ထောင်စုလွှတ်တော် |
အမျိုးသားလွှတ်တော် | |
ပြည်သူ့လွှတ်တော် | |
တည်ထောင် | |
၁၈၀ ဘီစီခန့် | |
• ပုဂံခေတ် | ၂၃ ဒီဇင်ဘာ ၈၄၉ |
၁၆ အောက်တိုဘာ ၁၅၁၀ | |
၂၉ ဖေဖော်ဝါရီ ၁၇၅၂ | |
၁ ဇန်နဝါရီ ၁၈၈၆ | |
၄ ဇန်နဝါရီ ၁၉၄၈ | |
၂ မတ် ၁၉၆၂ | |
၁၈ ဇွန် ၁၉၈၉ | |
• သမ္မတစနစ် ပြန်လည်တည်ထောင်ခြင်း | ၃၀ မတ် ၂၀၁၁ |
၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ဧရိယာ | |
• စုစုပေါင်း | ၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi) (အဆင့်: ၃၉) |
• ရေထု (%) | ၃.၀၆ |
လူဦးရေ | |
• ၂၀၂၂ ခန့်မှန်း | ၅၇,၅၂၆,၄၄၉[5] (အဆင့် - ၂၆) |
• သိပ်သည်းမှု | ၁၉၆.၈/sq mi (၇၆.၀/km2) (အဆင့် - ၁၂၅) |
GDP (PPP) | ၂၀၂၃ ခန့်မှန်း |
• စုစုပေါင်း | $၂၇၈.၁၅၆ ဘီလီယံ[6] (အဆင့် - ၆၄) |
• Per capita | $၅,၁၃၂[6] (အဆင့် - ၁၄၆) |
GDP (nominal) | ၂၀၂၃ ခန့်မှန်း |
• စုစုပေါင်း | $၆၃.၉၈၈ ဘီလီယံ[6] (အဆင့် - ၉၀) |
• Per capita | $၁,၁၈၀[6] (အဆင့် - ၁၆၇) |
Gini (၂၀၁၇) | ၃၀.၇[7] အလယ် |
HDI (၂၀၂၁) | ၀.၅၈၅[8] အလယ် · ၁၄၉ |
ငွေကြေး | မြန်မာကျပ်ငွေ (K) (MMK) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) |
ယာဉ်ကြောစနစ် | ညာဘက်မောင်း |
တယ်လီဖုန်းကုဒ် | +95 |
ISO 3166 ကုဒ် | MM |
Internet TLD | .mm |
မြန်မာနိုင်ငံရှိအစောဆုံးသော အခြေချမှုများသည် ပျူမြို့ပြနိုင်ငံများနှင့် မွန်ဘုရင့်နိုင်ငံများ၌ဖြစ်ကြသည်။[9] အေဒီ ၉ရာစုခန့်တွင် မြန်မာလူမျိုးတို့သည် ဧရာဝတီမြစ်အနီး၌ ပုဂံပြည်ကိုတည်ထောင်ခဲ့ကြရာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဘာသာစကားစသည်တို့ ပေါ်ပေါက်လာခဲ့သည်။ ပထမမြန်မာနိုင်ငံတော် ပုဂံပြည်သည် မွန်ဂိုကျူးကျော်စစ်ကြောင့် ကျဆုံးခဲ့ရသည်။ ၁၆ ရာစုတွင် ဒုတိယမြန်မာနိုင်ငံတော် တောင်ငူအင်ပါယာပေါ်ပေါက်လာခဲ့ပြီး အရှေ့တောင်အာရှသမိုင်း၏ အကြီးဆုံးအင်ပါယာအဖြစ် ခေတ္တရပ်တည်နိုင်ခဲ့သည်။[10] ၁၉ ရာစုတွင် တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်အင်ပါယာသည် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ဒေသများကိုပါမက အာသံနှင့် မဏိပူရဒေသများကိုပါ အုပ်ချုပ်နိုင်ခဲ့သည်။ ဗြိတိသျှအင်ပါယာသည် မြန်မာနိုင်ငံကို ကျူးကျော်စစ်များဆင်နွှဲပြီး သိမ်းပိုက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ မြန်မာနိုင်ငံကို ဂျပန်တို့ကခေတ္တသိမ်းပိုက်ထားခဲ့ပြီး မဟာမိတ်နိုင်ငံတို့က ပြန်လည်သိမ်းယူခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကိုရရှိခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ ဘက်မလိုက်လှုပ်ရှားမှု၊ အာဆီယံ၊ ဘင်းမ်စတက်စသည်တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဗြိတိသျှအင်ပါယာလက်အောက်သို့ ကျရောက်ခဲ့ဖူးသော်လည်း ဓနသဟာယနိုင်ငံများ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေ။ သဘာဝသံယံဇာတကြွယ်ဝသော နိုင်ငံဖြစ်သည်သာမက နေရောင်ခြည်စွမ်းအင်အသုံးချရန်အတွက် အလားအလာကောင်းမွန်သည်။[11] နိုင်ငံ၏စီးပွားရေးအများစုကို မြန်မာစစ်တပ်နှင့် ၎င်း၏ခရိုနီများကချုပ်ကိုင်ထားသဖြင့် စီးပွားရေးမညီမမျှမှုများပြားသည်။[12]