ကုန်းပေါ်တွင် နေထိုင်သော နို့တိုက်သတ္တဝါမျိုးနွယ်ဝင် အကြီးဆုံး တိရိစ္ဆာန် From Wikipedia, the free encyclopedia
ရှေးပဝေသဏီအခါက ကမ္ဘာမြောက်ဘက်ခြမ်း၌ ဆင်ကြီးများ ကျက်စားခဲ့ကြသည်။ ယခုအခါ ထိုဆင်ကြီးမျိုးမှ ဆင်းသက်သော ဆင်အမျိုးနှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်။ ယင်းတို့မှာ 'အဲလီဖတ် အာဖရိကန်နပ်'ခေါ် အာဖရိက ဆင်မျိုးနှင့် 'အဲလီဖတ် အာရှတိကပ်'ခေါ် အာရှဆင်မျိုးတို့ဖြစ်သည်။ အဆိုပါဆင်မျိုးနှစ်မျိုးတွင် အနွယ်အများအပြားပါဝင်သည်။ ဆင်သည် ကုန်းသတ္တဝါအပေါင်းတို့တွင် ကိုယ်ထည်အကြီးဆုံးဖြစ်သည်။ ခွန်အားလည်း အကြီးဆုံးဖြစ်၏။ လူတို့က ဖမ်းဆီးချုပ်နှောင်၍ စေခိုင်းသည်ကို ခံရသောအခါ အံ့ဩဖွယ်ကောင်းလောက်အောင် စိတ်ရှည်၏။ သင်ရလွယ်၏။ စေခိုင်းသည်ကို လွယ်ကူစွာပင် နာခံတတ်သည်။
ဆင် Temporal range: Pliocene–Present | |
---|---|
ထိပ်ဆုံးဝဲမှယာသို့ - African bush elephant၊ အာရှဆင် နှင့် African forest elephant | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Proboscidea |
မျိုးရင်း: | Elephantidae |
မျိုးရင်းသေး: | Elephantinae |
အုပ်စုများ ပါဝင်သည် | |
| |
Cladistically included but traditionally excluded taxa | |
|
အာဖရိကဆင်သည် အာရှဆင်ထက် ပို၍ကြီးမားသည်။ တစ်ခါတစ်ရံ ၁၁ပေမျှအထိပင် မြင့်သည်။ အာရှဆင်မျိုးသည် အရပ် ၁ဝ ပေထက် မကျော်ပေ။ အာဖရိကဆင်မျိုးသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ အာရှဆင်မျိုးသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ အာဖရိကဆင်မျိုး၏နှာမောင်း၌ ညီညာသော အရစ်များပါရှိသည်။ ထိုနှာမောင်းများတွင် လက်ညှိုးလုံးလောက်ရှိသော နှုတ်ခမ်းနှစ်ခုလည်းရှိ၏။ အာရှဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍အဖျားသို့ တစ်ဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာ ရှိသည်။ အာရှဆင်နှင့် အာဖရိကဆင်တို့တွင် အခြားကွာခြားချက် များစွာရှိသေး၏။ ထိုကွာခြားချက်များကြောင့် ဇီဝဗေဒပညာကျော်များသည် ထိုဆင်များကို မျိုးစိတ်ခွဲ၍ သီးခြားနာမည်ပေးထားကြသည်။
အာဖရိကဆင်မျိုးသည် အာဖရိကတိုက် အတွင်းဘက်ကျသော တောနက်ကြီးများထဲတွင်သာ ကျက်စားလေ့ ရှိသည်။ အာရှဆင်မျိုးကို အိန္ဒိယဆင်မျိုးဟူ၍လည်း ခေါ်ကြသေး၏။ သို့သော်လည်း ထိုဆင်မျိုးကို အိန္ဒိယနိုင်ငံ၌သာမဟုတ်၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဆူမတြားကျွန်း၊မလေးရှားကျွန်းဆွယ် စသော အရပ်တို့တွင်လည်း အနှံ့အပြားတွေ့ရပေသည်။
ထိုဆင်နှစ်မျိုးသည်အကျင့်စာဂအားဖြင့် အလွန်တူညီသည်။ ဆင်ဟူသရွေ့သည်အပေါင်းအသင်းကိုကြိုက်သည်။ အချုပ်အနှောင် မခံရဘဲ၊ လွတ်လွတ်လပ်လပ်နေရလျှင်အစုအအုပ်နှင့်သာ သွားလာကျက်စားတတ်သည်။ ဆင်အုပ်တစ်အုပ်တွင်အကောင် ၁ဝ ကောင်မှ အကောင် ၁ဝဝ အထိ ရှိတတ်သည်။ အများအားဖြင့် ဆင်မကြီးက ဦးစီးခေါင်းဆောင်ပြုလေ့ရှိ၏။ ဆင်များကို တောထဲတွင် စမ်းချောင်းများအနီးအပါး၌ တစ်စုတစ်ရုံးကြီးတွေ့ရတတ်၏။ မိုးရာသီတွင် လွင်တီးခေါင်သို့၎င်း၊ တစ်ခါတရံ တောင်ပေါ်သို့၎င်း ပြောင်းရွှေ့သွားလေ့ရှိသည်။ ဆင်ထီးများသည် မုန်ယိုတတ်သည်။ မုန်ယိုနေသောအခိုက်တွင် ဆင်အုပ်ထဲမှ ခွဲ၍နေတတ်သည်။ မုန်ယိုသော ဆင်သည် လူကို ရန်မူတတ်၏။
ဆင်သည် အများအားဖြင့် ရာသီအပြောင်းအလဲကိုလိုက်၍ အစာရှာရန် ကောင်းမည့်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။ ဆင်သည် မြင်းကဲ့သို့ မတ်တတ်သော်လည်းကောင်း၊ ဝပ်လျက်သော်လည်းကောင်း အိပ်နေနိုင်သည်။ ညသန်းကောင်အချိန်နှင့် အပူပြင်းသည့်နေ့ဖက် အချိန်တို့တွင်သာ အများအားဖြင့် အိပ်လေ့ရှိသည်။ လူတို့၏ အချုပ်အနှောင်ကို ခံနေရသည့် အချိန်တွင် ဆင်သည် ရက်သတ္တပတ်ပေါင်းများစွာ မလဲမလျောင်းဘဲ နေတတ်သည်။ ငါးနှစ်မျှ မလဲလျောင်းဘဲနေနိုင်သောဆင်များရှိသည်ဟုသိရသည်။ ဆင်သည် ရေကူးကျင်လျင်သည်။ ပေ ၃ဝ ကျော်မျှနက်သော ရေထဲတွင် ၆ နာရီမျှ နေနိုင်ကြောင်းအမှတ်အသားများရှိသည်။ ဆင်သည်ခြေ ၄ ချောင်းစလုံး မြေကြီးမှကြွအောင် မခုန်နိုင်ချေ။ သို့သော်လည်းပြေးလွှားရာတွင်အံ့ဩဖွယ်ကောင်း လောက်အောင် မြန်ဆန်ပေသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆင်ကို လေးလံသော ဝန်ကို သယ်ဆောင်ရသည့် အလုပ်များလုပ်ကိုင်စေရန်ရွေးချယ်၍ ခိုင်းစေသည်။ ခိုင်းစေသောအလုပ်တွင် ဆင်သည် တာဝန်ကျေပြွန်အောင် ဆောင်ရွက်နိုင်သည်။ ဆင်ကို သစ်တုံးများ ဆွဲစေရန်၎င်း၊ လေးလံသော ဝန်တို့ကိုမတင်သယ်ဆောင်စေရန်၎င်း အသုံးပြုသည်။ မျက်နှာပြင် ညီညာသောအရပ်ဒေသများတွင် ဆင်သည် အလေးချိန်တတန်ခွဲမျှကိုသက်သာလွယ်ကူစွာသယ်ဆောင်သွားနိုင်ပေသည်။ အလွန်လေးလံသောဝန်ကို ဆွဲရန်အတွက် ဆင်လည်ပင်းတွင် သားရေကြိုးပြားကြီးရစ်ပတ်ပေးရသည်။ ထိုသားရေကြိုးပြား၌ ဝန်ကိုဆွဲယူရန် လွန်ကြိုးတစ်ချောင်း တပ်ထားရသည်။ အချို့ဒေသတို့၌ ဆင်ကို သစ်ဆွဲရန်သာမဟုတ်ဘဲ၊ တစ်ခါတစ်ရံ လယ်ထွန်ရန်၊ တစ်ခါတစ်ရံ ကုန်တွဲကြီးများ ဆွဲဆောင်ရန် စေခိုင်းကြသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းတွင် ဆင်မပါလျှင်မပြီးနိုင်သလောက်ပင် ဖြစ်သည်။
ဆင်ကို ယာဉ်အဖြစ်ဖြင့်လည်း အသုံးချနိုင်သေးသည်။ ဆင်၏ ကျောက်ကုန်းပေါ်တွင် ကုန်းနှီးတွဲကိုတပ်ဆင်ရ၏။ ထိုကုန်းနှီးတွဲပေါ်တွင် လူစီးနင်းလိုက်ပါနိုင်ရန်လေးဖက်လေးတန် အကာအရံပါသော ထိုင်စရာကို လုပ်ပေးရသည်။ ဆင်ဦးစီးသည် ဆင်၏လည်ပင်းပေါ်တွင်ထိုင်လျက်လိုက်တတ်သည်။ အိန္ဒိယနိုင်ငံ၌ မဟာရာဇာများသည်ကျားပစ်ထွက်သောအခါ ဆင်စီး၍ တောကစားကြသည်။ ရှေးအခါက စစ်တိုက်ရာတွင် ဆင်ကို များစွာအသုံးပြုသည်။ မြန်မာသမိုင်းတွင် ကျော်ကြားသော စီးချင်းတိုက်ပွဲများ ရှိခဲ့သည်။ ဆင်ကိုအိန္ဒိယ၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများ၌ မင်းခမ်းမင်းနားများတွင် ရှေးကသုံးခဲ့သည်။
အများအားဖြင့် ဆင်မှာ မည်းညိုသော အရောင်ရှိသော်လည်း၊ ဆင်ဖြူများရှိသေး၏။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဆင်ဖြူကို အတွေ့ရများသည်။ ဆင်ဖြူကို ဆင်မည်းနှင့် တန်းတူမထားဘဲ၊ မြင့်မြတ်သည်ဟူ၍ ယူဆယုံကြည်ကြသည်။ 'မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆင်ဖြူကို အထွတ်အမြတ်ထားကြသည်။ မြန်မာဘုရင်တို့သည်ဆင်ဖြူရှင်ဟူသော ဘွဲ့ကို အလွန်နှစ်သက် လိုလားကြသည်။
ထို့ကြောင့် မြန်မာမင်းတို့၏ ရာဇဝင်၌ ဆင်ဖြူတော်ကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားကြသည်များ ရှိ၏။ ဆင်သည် သူ့နဂိုသဘာဝအတိုင်း နေရလျှင် ရုတ်တစ်ရက် မသေဘဲ၊ အတော်ပင်အသက်ရှည်သည်။ နှစ်တစ်ရာကျော်လောက်အထိ နေနိုင်သည်။ ဆင်မသည်သားမွေးလျှင်အရေအတွက် ခပ်နည်းနည်းမွေးသည်။ ထို့ကြောင့် ဖမ်းဆီးခံရသော ဆင်တို့ အသေအဆုံးများလာလျှင် အစားထိုးရန် ၁ဝ နှစ် တစ်ကြိမ်၊ သို့မဟုတ် ၁၂ နှစ်တစ်ကြိမ်ခန့် ထပ်မံ၍ဖမ်းဆီးရန်စီစဉ်ရသည်။ ဆင်ဖမ်းမည့်လူစုသည် ဆင်များကိုမဖမ်းဆီးမီ ရက်သတ္တပတ်ပေါင်း များစွာကပင်ကြိုတင်၍တောနက်ထဲတွင် လှည့်လည်ကာ ဆင်များကို လိုအပ်သည့်နေရာသို့ရောက်အောင်ကြံဆောင်၍ မောင်းယူကြရသည်။
နောက်ဆုံး၌ ကျုံးသွင်းရန် အဆင်သင့်ဖြစ်သောအခါ ဆင်များကို ရုတ်တစ်ရက် လန့်ဖျပ်သွားအောင် ကျယ်လောင်စွာ ငြာသံပေး၍၊ လိုသောနေရာသို့စုရုံးရောက်ရှိစေရသည်၊ မကြာမီပင် ဆင်ရိုင်းကြီးများသည် ချောင်ထဲပိတ်မိနေ၍ ကြိုးကြီးများဖြင့် အချည်အနှောင်ခံကြရသည်။ ဤနည်းဖြင့် ဆင်ရိုင်းကြီးများကို ဖမ်းဆီးပြီးနောက်၊ ဆင်ယဉ်များဖြင့် ရောပြွမ်းထားကာ တစ်ဖြည်းဖြည်း ယဉ်ပါးလာအောင် လုပ်ယူကြသည်။
ရှေးအခါကတည်းကပင် ဆင်များကို ဆင်စွယ်အလို့ငှာ အများအားဖြင့် သတ်ဖြတ်ခဲ့ကြသည်။ မကြာသေးမီအချိန်လောက်အထိ၊ အာဖရိကဆင်များကို တစ်နှစ်လျှင်အကောင် ၄ဝဝဝဝ ကျော်မျှ သတ်ဖြတ်ခဲ့ကြသည်။ ယခုအခါ၌မူ ဆိုင်ရာနိုင်ငံအစိုးရတို့သည် ဆင်များအား စည်းကမ်းမဲ့သတ်ဖြတ်ခြင်းကို တားမြစ်ထားကြသည်။
မြန်မာကျမ်းဂန်တို့တွင် ဆင်များကို အစွယ်ပေါက်ပုံသို့ လိုက်၍ -
ထို့ပြင် ဗလအား ခြားနားပုံသို့ လိုက်၍လည်း ဆယ်မျိုးခွဲခြားခေါ်ဝေါ် ပြန်လေသည်။ ယင်းတို့မှာ အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားရှိလေရာ -
ဟူ၍ ဖြစ်လေသည်။
ဆဒ္ဒန်ဆင်သည် ဆင်တကာတို့၏ အထွတ်အမြတ် ဖြစ်သည်။ မြန်မာစာပေတွင်ဆဒ္ဒန်ဆင်ကို စာဖွဲ့လေ့ရှိသည်။ အထူးသဖြင့် ငါးရာငါးဆယ်နိပါတ်တော်လာ အလောင်းတော် ဆဒ္ဒန်ဆင်မင်း၏ အကြောင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်သောကြောင့် မြန်မာတို့ နှစ်ခြိုက်ကြသည်။ ယင်းဇာတ်ဝတ္ထုကို စလေဦးပုည စာပေဂုဏ်မြောက်စွာ ဖွဲ့နွဲ့ရေးသားလိုက်သောအခါ ပိုမိုကြည် နူးလွမ်းဆွတ်ဖွယ်ရာ ဖြစ်လာပြီးလျှင် မြန်မာစာပေ လိုက်စားသူတိုင်းသည် ယင်းဝတ္ထုကို အထူးကြိုက်နှစ်သက်ကြလေသည်။ ဆဒ္ဒန်ဆင်မင်းအကြောင်းကား ဤသို့ဖြစ်၏[၁] -
ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြုအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ မြေဒူးမင်း စသူတို့သည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့် ထင်ရှားကျော်ကြားသည်။
ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။ ဆင်မ များတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။
မုံရွေးဇေတဝန် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.