မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
From Wikipedia, the free encyclopedia
မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာတွင် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က မြန်မာ တပ်မတော် (ကြည်း)က အရပ်သားများအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အတွင်း ရွာသူရွာသား ၃၇ ဦးအား စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့သည်။[1] စစ်ကိုင်းတိုင်းဒေသကြီးသည် လက်ယက်ကုန်းနှင့် တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများ အပါအဝင် မြန်မာစစ်တပ်၏ အစုအပြုံလိုက်သတ်ဖြတ်မှုများ လုပ်ဆောင်ရာ ဒေသတစ်ခု ဖြစ်လာခဲ့သည်။
အချက်တိုများ မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု, နေရာ ...
မုန်တိုင်ပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု | |
---|---|
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | မုန်တိုင်ပင်ရွာ၊ ရေဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
ရက်စွဲ | ၁၁ မေ ၂၀၂၂ |
သေဆုံးသူဦးရေ | ၃၇ |
ပြစ်မှုကျူးလွန်သူများ | |
စွဲချက်များ | မရှိ |
ပိတ်ရန်