လက်ယက်ကုန်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
From Wikipedia, the free encyclopedia
လက်ယက်ကုန်းရွာ ပစ်ခတ်မှုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ လက်ယက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း (ဘုန်းကြီးကျောင်း)ကို တပ်မတော် (လေ)၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။[3][4] ထို့အပြင် ကျောင်းအတွင်းရှိ ဒဏ်ရာရ ကျောင်းသားကျောင်းသူ ကလေးများနှင့် ဆရာ၊ဆရာမများ အပါအဝင် လူ ၂၀ ဦးကျော်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။[5]
အချက်တိုများ လက်ယက်ကုန်းရွာ ပစ်ခတ်မှု, နေရာ ...
လက်ယက်ကုန်းရွာ ပစ်ခတ်မှု | |
---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများ ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | လက်ယက်ကုန်းရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
ရက်စွဲ | ၁၆ စက်တင်ဘာ ၂၀၂၂ |
သေဆုံးသူဦးရေ | ၁၃ ဦး[1]
|
ဒဏ်ရာရဦးရေ | ၂၇ ဦး
|
ပြစ်မှုကျူးလွန်သူများ | တပ်မတော်
|
ပိတ်ရန်