တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
From Wikipedia, the free encyclopedia
တာတိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ တာတိုင်ရွာတွင်၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်မှ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း မြန်မာတပ်မတော် တပ်ဖွဲ့ဝင်များက အနည်းဆုံး အရပ်သား ၁၇ ဦး ကို သတ်ဖြတ်ခဲ့သည်။[1] အဆိုပါဖြစ်ရပ်သည် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤဖြစ်ရပ်အပြီး ကိုးရက်အကြာတွင် တပ်မတော်စစ်ကြောင်းမှ နောက်ထပ် လူ ၂၈ ဦးထက်မနည်း သတ်ဖြတ်ခဲ့သည့် ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
အချက်တိုများ တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု, နေရာ ...
တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု | |
---|---|
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | တာတိုင်ရွာ၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
ရက်စွဲ | ၁-၂ မတ် ၂၀၂၃ |
သေဆုံးသူဦးရေ | ၁၇ |
ပြစ်မှုကျူးလွန်သူများ | |
စွဲချက်များ | မရှိ |
ပိတ်ရန်