မလေးရှားနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
မလေးရှားနိုင်ငံသည် ဖက်ဒရယ် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အရှေ့တောင် အာရှ တွင် တည်ရှိသည်။ မလေးရှားနိုင်ငံတွင် ပြည်နယ် ၁၃ ခုနှင့် ဖက်ဒရယ် နယ်မြေ ၃ ခု ပါဝင်ကာ စတုရန်းမိုင်ပေါင်း ၁၂၇,၇၂၀ စတုရန်းမိုင် (စတုရန်း ကီလိုမီတာ ၃၃၀,၈၀၃ ကီလိုမီတာ) မျှ အကျယ်အဝန်းရှိကာ တောင်တရုတ်ပင်လယ်ဖြင့် ပိုင်းခြားထားသော အရွယ်အစား တူညီသော နယ်မြေအစိတ်အပိုင်းနှစ်ခု ရှိကာ ကျွန်းဆွယ် မလေးရှား နှင့် အရှေ့မလေးရှား (ဘော်နီယို မလေးရှား) ဟု ခေါ်ကြသည်။ ကျွန်းဆွယ် မလေးရှားဒေသမှာ ထိုင်းနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်၊ ပင်လယ်ပြင်နယ်နိမိတ် ထိစပ်လျက် ရှိကာ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့ နှင့် ပင်လယ်ပြင် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ အရှေ့မလေးရှား မှာမူ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ နှင့် ပင်လယ်ပြင်နယ်နိမိတ်၊ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိကာ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့နှင့် ပင်လယ်ပြင်နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ မြို့တော်မှာ ကွာလာလမ်ပူမြို့ ဖြစ်ပြီး ဖက်ဒရယ် အစိုးရ ရုံးထိုင်ရာမြို့မှာ ပူထရာဂျာရားမြို့ ဖြစ်သည်။ လူဦးရေ သန်း ၃၀ ရှိသဖြင့် ကမ္ဘာပေါ်တွင် ၄၄ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည်။ ယူရေးရှားတိုက်ကြီး၏ တောင်ဘက်ဆုံး အမှတ်ဖြစ်သော တန်ဂျွန် ပီရိုင်းမှာ မလေးရှားနိုင်ငံတွင် ရှိသည်။ ယဉ်စွန်းတန်း နှစ်ခုကြားရှိ အပူပိုင်းဒေသတွင် တည်ရှိပြီး ကမ္ဘာပေါ်ရှိ မက်ဂါဒိုင်ဗတ်စ် နိုင်ငံ ၁၈ နိုင်ငံတွင် တစ်နိုင်ငံ အဖြစ် ပါဝင်ကာ နိုင်ငံအတွင်း တွေ့ရသော တောရိုင်းတိရစ္ဆာန် မျိုးစိတ် အများအပြား ရှိသည်။
မလေးရှား Malaysia 马来西亚 மலேசியா | |
---|---|
နိုင်ငံတော် သီချင်း: Negaraku ("My Country") | |
မြို့တော် |
|
အကြီးဆုံးမြို့ | ကွာလာလမ်ပူမြို့ |
ရုံးသုံးဘာသာစကား နှင့် အမျိုးသားဘာသာစကား | ပသျှူး[n 1][n 2][n 3] |
အသိအမှတ်ပြုဘာသာစကားများ | အင်္ဂလိပ်[n 3] |
လူမျိုးစု (၂၀၂၀) |
|
ကိုးကွယ်မှု | |
Demonym | Malaysian |
အစိုးရ | ဖက်ဒရယ် ပါလီမန် ရွေးကောက်ခံ စည်းမျဉ်းခံဘုရင်စနစ် |
• ယန်းဒီ-ပဲရ်တွမ်း အာဂုံး (ဘုရင်) | အဗ္ဗဒူလာ |
• ဝန်ကြီးချုပ် | အန်ဝါအီဘရာဟင်ာ့ |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
လွတ်လပ်ရေးရ ယူနိုက်တက် ကင်းဒမ်းမှ | |
၁၉၅၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်[3] | |
၁၉၆၃ ခုနှစ် ဇူလိုင်လ ၂၂ ရက် | |
၁၉၆၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်[4] | |
၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၃၃၀,၈၀၃ km2 (၁၂၇,၇၂၄ sq mi) (အဆင့်: ၆၇) |
• ရေထု (%) | ၀.၃ |
လူဦးရေ | |
• Q1 2020 ခန့်မှန်း | ၃၂,၇၃၀,၀၀၀[5] (အဆင့် - ၄၃) |
• ၂၀၁၀ သန်းခေါင်စာရင်း | ၂၈,၃၃၄,၁၃၅[6] |
• သိပ်သည်းမှု | ၉၂/km2 (၂၃၈.၃/sq mi) (အဆင့် - ၁၁၆) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၉၀၀.၄၂၆ ဘီလီယံ[7] (အဆင့် - ၃၀) |
• Per capita | $၂၇,၂၈၇[7] (အဆင့် - ၅၁) |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၃၃၆.၃၃၀ ဘီလီယံ[7] (အဆင့် - ၃၆) |
• Per capita | $၁၀,၁၉၂[7] (အဆင့် - ၆၀) |
Gini (၂၀၁၅) | ၄၁[8] အလယ် |
HDI (၂၀၁၉) | ၀.၈၁၀[9] အလွန်မြင့် · ၆၂ |
ငွေကြေး | ရင်းဂစ် (RM) (MYR) |
အချိန်ဇုန် | MST (UTC+8) |
ရက်စွဲပုံစံ | dd-mm-yyyy |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၆၀ |
Internet TLD | .my |
မလေးရှားနိုင်ငံ၏ မူလရင်းမြစ်မှာ ထိုနေရာတွင် ရှိခဲ့သော မလေး ဘုရင် အုပ်ချုပ်ရာ ဒေသများ ဖြစ်ခဲ့ပြီး ၁၈ ရာစုမှစ၍ ဗြိတိသျှ အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ပထမဆုံးသော ဗြိတိသျှ နယ်မြေများကို ရေလက်ကြား အခြေချရာ နေရာမျာဟု ခေါ်ပြီး ထိုဒေသမများ တည်ထောင်ပြီးနောက် မလေးဘုရင် အုပ်ချုပ်ရာ ဒေသများမှာ ဗြိတိသျှ တို့၏ အစောင့်အရှောက်ခံ နယ်မြေ ဖြစ်လာခဲ့သည်။ ကျွန်းဆွယ် မလေးရှား ဒေသရှိ နယ်မြေများကို ၁၉၄၆ ခုနှစ်တွင် မလေးပြည်ထောင်စု အဖြစ် ပေါင်းစည်းခဲ့သည်။ မလာယာ ဒေသအား မလာယာ ဖက်ဒရေးရှင်း ဒေသ အဖြစ် ၁၉၄၈တွင် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ၁၉၅၇ ဩဂုတ်လ ၃၁ရက် တွင် လွတ်လပ်ရေး ရခဲ့သည်။ မလေးရှားသည် ဘော်နီယိုကျွန်း မြောက်ပိုင်း၊ ဆာရာဝပ်နှင့် စင်ကာပူတို့နှင့် ၁၉၆၃ စက်တင်ဘာ ၁၆တွင် ပေါင်းစည်းခဲ့သည်။ နှစ်နှစ်မျှ မကြာသော အချိန် ၁၉၆၅တွင် စင်ကာပူသည် ဖက်ဒရယ် ဒေသမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
မလေးရှားနိုင်ငံသည် လူမျိုးစုံနှင့် ယဉ်ကျေးမှုစုံ ရှိသောနိုင်ငံဖြစ်ပြီး ထိုအချက်မှာ နိုင်ငံရေးတွင် ကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင် ပတ်သက်လျက် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အစ္စလာမ် ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ကြေညာထားသော်လည်း မွတ်စလင် မဟုတ်သူများ အတွက်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားသည်။ အစိုးရ စနစ်မှာ ဝက်စ်မင်စတာ ပါလီမန် စနစ်ကို နီးကပ်စွာ နမူနာ ယူထားပြီး တရားဥပဒေစနစ်မှာ ဖြတ်ထုံး စနစ်ကို အခြေခံ ထားသည်။ နိုင်ငံတော်၏ အကြီးအမှူးမှာ ဘုရင်ဖြစ်ပြီး "ယန် ဒီပါတွမ် အဂေါင်း" ဟု ခေါ်သည်။ ဘုရင်မှာ မလေးရှား ပြည်နယ် ကိုးခုမှ ဆွေစဉ်မျိုးဆက် အုပ်ချုပ်သူများထဲမှာ တစ်ဦးကို ငါးနှစ်တစ်ကြိမ် ရွေးချယ်ခြင်း ဖြစ်သည်။ အစိုးရ အဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ် ဖြစ်သည်။
လွတ်လပ်ရေး ရသည့် အချိန်မှစ၍ မလေးရှားသည် အာရှတွင် အကောင်းဆုံး စီးပွားရေး စံချိန်တင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ဂျီဒီပီမှာ နှစ်စဉ် ၆.၅% တိုးတက်လာခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့် ရှိပြီ ဖြစ်သည်။ စီးပွားရေးမှာ ပုံမှန်အားဖြင့် သဘာဝ အရင်းအမြစ်များကို အခြေခံ ထားသော်လည်း သိပ္ပံ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး နှင့် နိုင်ငံရပ်ခြား ဆေးကုသခံမည့်သူများကို လက်ခံခြင်း လုပ်ငန်းတို့သို့ တိုးချဲ့လာခဲ့သည်။ ယနေ့ခေတ် အခါတွင် မလေးရှားနိုင်ငံသည် လတ်တလော စက်မှုလုပ်ငန်း ဖွံ့ဖြိုးပြီးသော ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်လာပြီး အရှေ့တောင် အာရှတွင် တတိယ နေရာရှိကာ ကမ္ဘာပေါ်တွင် နံပါတ် ၂၉ ရှိသည်။ အာဆီယံ အဖွဲ့၊ အရှေ့အာရှ ထိပ်သီးအဖွဲ့၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ တို့ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၊ ဓနသဟာယ နိုင်ငံများ အဖွဲ့ နှင့် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ တို့တွင် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။