မင်းကွန်းတိပိဋကဆရာတော်
From Wikipedia, the free encyclopedia
မင်းကွန်း တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ သည် မြန်မာနိုင်ငံတွင် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့ကို ပထမဆုံးရရှိခဲ့သော ဆရာတော်တစ်ပါးဖြစ်၍ ဂင်းနစ်စံချိန်မှတ်တမ်းတွင် မှတ်ဉာဏ် အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ အဓိကကျသော အခန်းကဏ္ဍများအနက် ဝိသဇ္ဇကဟု ခေါ်ဆိုသော အဖြေဆရာတော် အဖြစ် ဆောင်ရွက်ခဲ့သည်။ အတွဲခြောက်တွဲရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီးကိုလည်း ၁၉၅၅ တွင် စတင်ရေးသားခဲ့ကာ ၁၉၇၀ ကျော်တွင် ပြီးစီးခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အကျိုးတော်ဆောင်ချုပ်အဖြစ် သာသနာရေးတာဝန်များကို ထမ်းရွက်ခဲ့ပေသည်။
အချက်တိုများ မင်းကွန်းဆရာတော်ဘုရားကြီး, ဘာသာ ...
မင်းကွန်းဆရာတော်ဘုရားကြီး | |
---|---|
မင်းကွန်းဆရာတော်ရုပ်တု | |
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ကျောင်းတိုက် | ဓမ္မနာဒကျောင်းတိုက်၊ မင်းကွန်း၊ စစ်ကိုင်းတိုင်း |
ပညာရေး | တိပိဋကဓရ တိပိဋကကောဝိဒ |
အခြားအမည်များ | မင်းကွန်း တိပိဋကဆရာတော် |
ဓမ္မအမည် | ဝိစိတ္တသာရ |
ရဟန်း အမည် | ဝိစိတ္တသာရာဘိဝံသ |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား/လူမျိုး | မြန်မာ / ဗမာ |
မွေးဖွား | (1911-11-01)၁ နိုဝင်ဘာ၊ ၁၉၁၁ ကျည်ပင်ရွာ၊မြင်းခြံမြို့နယ်၊မန္တလေးတိုင်း၊ ကိုလိုနီခေတ် |
ကွယ်လွန် | ၉ ဖေဖော်ဝါရီ၊ ၁၉၉၃(1993-02-09) (အသက် ၈၁) |
ရာထူး တာဝန် | |
ဌာန | နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ |
ဂုဏ်ဒြပ် | အကျိုးတော်ဆောင်ချုပ် |
ဂုဏ်ပြုခံရမှုများ |
|
ပိတ်ရန်