အဂ္ဂမဟာပဏ္ဍိတ
သာသနာတော်ဆိုင်ရာထိပ်တန်းဘွဲ့ထူး / From Wikipedia, the free encyclopedia
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် (ပါဠိ: Aggamahāpaṇḍita) သည် စာမေးပွဲဖြေဆို အောင်မြင်၍ရရှိသော ဓမ္မာစရိယ၊ တိပိဋကဓရဘွဲ့မျိုးကဲ့သို့ မဟုတ်ပေ။ စာမေးပွဲ မဖြေဆိုရဘဲ နိုင်ငံတော်အစိုးရက ထိုက်တန်သော ဆရာတော်ကြီးများ လူပုဂ္ဂိုလ်များကို ကပ်လှူပူဇော် ချီးမြှင့်သောဘွဲ့မျိုးဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ၏ အဓိပ္ပာယ်မှာ
အဂ္ဂ = မြတ်သော မဟာ = ကြီးကျယ်သော ပဏ္ဍိတ (ပဏ္ဍိတ်) = ပညာရှိဟု ဆိုလိုသည်။
ဤအဓိပ္ပာယ်အရ ကြီးကျယ်မြင့်မြတ်သော ပညာရှိအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ခြင်း ဖြစ်ပေသည်။