အဘိဓဇမဟာရဋ္ဌဂုရု
From Wikipedia, the free encyclopedia
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် (ပါဠိ: Abhidhajamahāraṭṭhaguru; အင်္ဂလိပ်: Abhidhaja Maha Rattha Guru Title) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်တော် တစ်ခု ဖြစ်သည်။ ၁၉၅၄ မှ ၂၀၂၄ အထိ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို စုစုပေါင်းဆရာတော် ၁၇၄ ပါးအား ဆက်ကပ်ခဲ့ပြီး ဖြစ်သည်။[1]
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ ဆရာတော်များသည် နိုင်ငံတော်ပိုင် ရထား၊ ရေယာဉ်၊ လေယာဉ်များကို အခမဲ့စီးနင်းခွင့်ရရှိသလို နောက်ပါတပည့်နှစ်ယောက်ကိုလည်း ခေါ်ဆောင်ခွင့်ရှိသည်။ သက်ရှိထင်ရှားရှိနေသေးသော ဆရာတော်များကို နှစ်စဉ် ဆွမ်းဆန်တော်အလှူတော်ငွေကိုလည်းကောင်း ပျံလွန်တော်မူသွားသော ဆရာတော်များအတွက် ဈာပနစရိတ်တို့ကိုလည်းကောင်း နိုင်ငံတော်အစိုးရက လှူဒါန်းသည်။[1]