![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/95/New_shot_of_Proxima_Centauri%252C_our_nearest_neighbour.jpg/640px-New_shot_of_Proxima_Centauri%252C_our_nearest_neighbour.jpg&w=640&q=50)
ပရိုဆီမာ စင်တောရိ
စင်တောရပ် ကြယ်စုတန်းမှ ကြယ် / From Wikipedia, the free encyclopedia
ပရိုဆီမာ စင်တောရိ (အင်္ဂလိပ်: Proxima Centauri; လက်တင်: proxima၊ လက်တင်ဘာသာဖြင့် ပရိုဆီမာဆိုသည်မှာ အနီးဆုံးဟု အဓိပ္ပာယ်ရသည်[11]) ကြယ်သည် နေမှ အလင်းနှစ် ၄.၂ ကွာဝေးပြီး စင်တောရပ် ကြယ်စုတန်းထဲမှ ကြယ်ပုနီ (red dwarf) ကြယ်တစ်စင်း ဖြစ်သည်။[12][13] ၁၉၁၅ ခုနှစ်တွင် စကောလူမျိုး နက္ခတ္တပညာရှင် Robert Innes ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ သာမန်မျက်စိဖြင့် ကြည့်ပါက များစွာမှိန်နေမည်ဖြစ်သော်လည်း ပရိုဆီမာ စင်တောရိသည် အနီးဆုံးကြယ်ဖြစ်သည်။ ပရိုဆီမာ စင်တောရိသည် သုံးပွင့်ဆိုင်ကြယ်စနစ်၏ ကြယ်တစ်စင်းဖြစ်နေပုံပေါ်သည်။ အဖော်ကြယ်နှစ်စင်းမှာ Alpha Centauri A နှင့် B တို့ဖြစ်ပြီး သူတို့၏ ပတ်လမ်းကြာမြင့်ချိန်မှာ နှစ်ပေါင်း (၅ဝဝဝဝဝ) ပိုမိုများပြားသည်။
စောင့်ကြည့်ဒေတာ Epoch J2000.0 Equinox J2000.0 (ICRS) | |
---|---|
ကြယ်စုတန်း | စင်တောရပ် |
အသံထွက် | /ˈprɒksɪmə sɛnˈtɔːriː/ |
ညာဘက် နိမ့်ဆင်းမှု | 14° 29′ 42.94853″[1] |
တိမ်းစောင်းမှု | −62° 40′ 46.1631″[1] |
ပကတိ အရွယ်အစား (V) | 11.13[2] |
ဂုဏ်သတ္တိ | |
စတီလာ အမျိုးအစား | M6 Ve[3] |
ပကတိ အရွယ်အစား (J) | 5.357 ± 0.023[4] |
U−B အရောင်ညွန်းကိန်း | 1.26[2] |
B−V အရောင်ညွန်းကိန်း | 1.82[2] |
မတည်မြဲသောကြယ် | Flare star |
နက္ခတ္တဗေဒ | |
ဗဟိုခွာအား အလျင် (Rv) | −22.4 ± 0.5[3] km/s |
သင့်လျော် ရွေ့လျားမှု (μ) | RA: −3775.75[1] mas/yr Dec.: 765.54[1] mas/yr |
ပြောင်းလဲ တည်နေရာ (π) | 768.13 ± 1.04[2] mas |
အကွာအဝေး | ၄.၂၄၆ ± ၀.၀၀၆ ly (၁.၃၀၂ ± ၀.၀၀၂ pc) |
ပကတိ အရွယ်အစား (MV) | 15.60[5] |
အသေးစိတ် | |
ဒြပ်ထု | 0.123 ± 0.006[6] M☉ |
အချင်းဝက် | 0.141 ± 0.007[7] R☉ |
တောက်ပမှု (bolometric) | 0.0017 L☉ |
တောက်ပမှု (visual, LV) | 0.00005 L☉ |
မျက်နှာပြင် ဒြပ်ဆွဲအား(log g) | 5.20 ± 0.23[6] cgs |
သက်ရောက်သည့် အပူချိန် | 3,042 ± 117[6] K |
သတ္တုကြွယ်ဝမှု [Fe/H] | 0.21[8] dex |
စတီလာ လှည့်ပတ်မှု | 83.5 days[9] |
လှည့်ပတ်အလျင် (v sin i) | < 0.09[3] km/s |
စတီလာ သက်တမ်း | 4.85 Gyr |
ကြယ် စာရင်း | |
Alpha Centauri C, CCDM J14396-6050C, GCTP 3278.00, GJ 551, HIP 70890, LFT 1110, LHS 49, LPM 526, LTT 5721, NLTT 37460, V645 Centauri[10] | |
ရည်ညွန်း ဒေတာ | |
SIMBAD | data |
ပရိုဆီမာ စင်တောရိကြယ်၏ အချင်းကို တိုက်ရိုက်တိုင်းတာနိုင်သောကြောင့် နေ၏ ခုနှစ်ပုံတစ်ပုံရှိသည်ဟု သိရသည်။ ထုထည်မှာ နေ၏ ၈ ပုံ ၁ ပုံရှိကာ ပျမ်းမျှသိပ်သည်းဆမှာ နေ၏ အဆ ၄ဝ ဖြစ်သည်။ ယင်းသည် တောက်ပမှု နည်းပါးသော်လည်း သံလိုက်လှုပ်ရှားမှုများကြောင့် တခါတလေ ပိုမိုတောက်ပလာသည်။[14] စွမ်းအင် ထုတ်လွှတ်မှုနည်းပါးသောကြောင့် ပရိုဆီမာ စင်တောရိကြယ်၏ သက်တမ်းသည် နောင်နှစ်ပေါင်း ၄ ထရီလီယံခန့် ရှည်ကြာမည်ဖြစ်သည်။ သို့မဟုတ် ယခုလက်ရှိစကြဝဠာ၏ သက်တမ်းထက် အဆပေါင်း (၃ဝဝ) ဖြစ်သည်။[15]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/ed/Sol_View_from_AlpCenA1.png/320px-Sol_View_from_AlpCenA1.png)
ပရိုဆီမာ စင်တောရိအနားမှ လှည့်ပတ်နေသောဂြိုဟ်များအား ရှာဖွေရာတွင် အောင်မြင်မှု မရရှိခဲ့ပေ။ ထိုသို့လေ့လာရန် သိပ္ပံ ပစ္စည်းကိရိယာအသစ်များ လိုအပ်ပေလိမ့်မည်။ ပရိုဆီမာ စင်တောရိသည် ကြယ်ပုနီဖြစ်သောကြောင့် အနီးအနားတွင်လှည့်ပတ်မည့် သက်ရှိများရှင်သန်နိုင်သည့်ဂြိုဟ်မှာ အငြင်းပွားစရာ ဖြစ်သည်။ သို့စေကာမူ ကြယ်၏အကွာအဝေးသည် ကမ္ဘာနှင့်နီးကပ်သောကြောင့် ကြယ်တာရာခရီးသွားရန် အဆိုပြုခံထားရသည်။