![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/5b/STS-130_Endeavour_flyaround_5.jpg/640px-STS-130_Endeavour_flyaround_5.jpg&w=640&q=50)
ပတ်လမ်းကြောင်း
From Wikipedia, the free encyclopedia
ရူပဗေဒဘာသာရပ်တွင် ပတ်လမ်းကြောင်းဆိုသည်မှာ ဂြိုဟ်တစ်ခုအနားမှ ဂြိုဟ်ရံလများ၏ ရွေ့လျားလမ်းကြောင်း သို့မဟုတ် နေအနီးမှ ဂြိုဟ်တို့၏ လမ်းကြောင်းများကဲ့သို့သော အရာဝတ္ထုတစ်ခု၏ ဒြပ်ဆွဲအားအရ ကွေးကောက်လျက်ရှိသော လမ်းကြောင်းပင်ဖြစ်သည်။[1] ပုံမှန်အားဖြင့် ပတ်လမ်းကြောင်းသည် ထပ်ခါတလဲလဲ ပုံမှန် ရွေ့လျားသော လမ်းကြောင်းကို ရည်ညွန်းသည်။ သို့သော် ထပ်ခါတလဲလဲ ပုံမှန်မဟုတ်သော ရွေ့လျားလမ်းကြောင်းကိုလည်း ရည်ညွန်းသည်။ အနီးစပ်ဆုံး ဆိုရသော် ကပ်ပလာ၏ ဂြိုဟ်ဆိုင်ရာ ရွေ့လျားမှု နိယာမတွင် ဖော်ပြချက်အရ ဂြိုဟ်များသည် ဘဲဥပုံ ပတ်လမ်းကြောင်းအတိုင်း ရွေ့လျားကြသည်။[2]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/5b/STS-130_Endeavour_flyaround_5.jpg/640px-STS-130_Endeavour_flyaround_5.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/f/f2/Orbit2.gif)
ဂြိုဟ်ပတ်လမ်းဆိုင်ရာ ရွေ့လျားမှုအကြောင်း မိမိတို့ လက်ရှိ နားလည်ထားသည်မှာ အိုင်းစတိုင်း၏ ယေဘုယျနှိုင်းရ သီအိုရီပေါ်၌ အခြေခံထားသည်။ ယင်းမှာ ဒြပ်ဆွဲအားကို အာကာသအချိန်၏ ကွေးကောက်မှုကြောင့်ဟု ဖော်ပြထားသည်။ အခြေနေအများစု၌ လွယ်ကူစွာ တွက်ချက်နိုင်ရန် ပတ်လမ်းကြောင်းဆိုင်ရာ ရွေ့လျားမှုသည် နယူတန်၏ မက္ကင်းနစ်ဖြင့် ပြေလည်ပြီး ယင်းသည် ဒြပ်ဆွဲအားကို ပြောင်းပြန် နှစ်ထပ်ကိန်း နိယာမအား လိုက်နာသည့် အားတစ်ခုအဖြစ် ဖော်ပြထားသည်။[3]