အဲလ်ဘတ် အိုင်းစတိုင်း
ဂျာမန်နိုင်ငံဖွား ရူပဗေဒပညာရှင်နှင့် နှိုင်းရသီအိုရီကို တီထွင်ဖန်တီးသူ / From Wikipedia, the free encyclopedia
အဲလ်ဘတ် အိုင်းစတိုင်း (အင်္ဂလိပ်: Albert Einstein/ˈaɪnstaɪn/ EYEN-styne;[4] ဂျာမန်: [ˈalbɛʁt ˈʔaɪnʃtaɪn] ( နားဆင်)) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဖွားမြင်ခဲ့သည်။[5] သူ၏ မိဘများသည် ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္ထဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။[6] အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။ ခေတ်သစ်ရူပဗေဒ၏ ခက်မာ ၂ ခုဖြစ်သော (ကွမ်တမ်မက္ကင်းနစ်နှင့်အပြိုင်) ယေဘုယျနှိုင်းရသီအိုရီကို မွမ်းမံဆန်းသစ်ခဲ့သူလည်း ဖြစ်သည်။[1][7]
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(24 Jul 2021) |
အဲလ်ဘတ် အိုင်းစတိုင်း | |
---|---|
Albert Einstein in 1921 | |
ဇာတိအမည် | Albert Einstein |
မွေးဖွား | (1879-03-14)၁၄ မတ်၊ ၁၈၇၉ အမ်းမြို့၊ ဂျာမန်အင်ပါယာ။ |
ဆုံးပါး | ၁၈ ဧပြီ၊ ၁၉၅၅(1955-04-18) (အသက် ၇၆) ပရင်စင်တင်၊ နယူးဂျာစီ၊ အမေရိကန်။ |
နေထိုင်ရာ | ဂျာမနီ၊ အီတလီ၊ ဆွမ်စလန်၊ ဩစထရီးယား၊ ဘယ်လ်ဂျီယံ၊ အမေရိကန်။ |
နိုင်ငံသား |
|
နယ်ပယ် | ရူပဗေဒ၊ အတွေးအခေါ်ပညာ |
အဖွဲ့အစည်းဌာန |
|
ပညာရေး |
|
ဘွဲ့ယူစာတမ်း | Eine neue Bestimmung der Moleküldimensionen (A New Determination of Molecular Dimensions) (၁၉၀၅) |
ပါရဂူဘွဲ့ ကြီးကြပ်သူ | Alfred Kleiner |
အခြား ကြီးကြပ်သူများ | Heinrich Friedrich Weber |
ကျော်ကြားမှုအရင်းခံ |
|
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ |
|
သူ၏ဩဇာလွှမ်းမိုးခံ |
|
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ |
|
အိမ်ထောင်ဘက် | Mileva Marić (၁၉၀၃–၁၉၁၉) Elsa Löwenthal (၁၉၁၉–၁၉၃၆)[2][3] |
ရင်သွေး(များ) | "Lieserl" (၁၉၀၂–၁၉၀၃) Hans Albert (၁၉၀၄–၁၉၇၃) Eduard "Tete" (၁၉၁၀–၁၉၆၅) |
လက်မှတ် |