![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/00/The-Winged-Horse.jpg/640px-The-Winged-Horse.jpg&w=640&q=50)
ပက်ဂါဆပ်စ်
ဂရိဒဏ္ဍာရီလာသတ္တဝါ / From Wikipedia, the free encyclopedia
ပက်ဂါဆပ်စ် (ဂရိ: Πήγασος, Pḗgasos; အင်္ဂလိပ်: Pegasus) သည် ဒဏ္ဍာရီလာ အတောင်ပံပါ၍ အစွမ်းထင်သော မြင်းပျံတစ်ကောင်ဖြစ်သည်။ ဂရိဒဏ္ဍာရီတွင် အသိမှတ်အပြုခံရဆုံး သတ္တဝါများအနက် တစ်ကောင်ဖြစ်သည်။ များသောအားဖြင့် ဖြူဖွေးဆွတ်နေသည်ဟု သရုပ်ဖော်ကြပြီး အိုလံပတ်တောင်နတ်ဘုရား ပိုဆိုက်ဒန်၏ သားသမီးတစ်ဦးဖြစ်သည်။ ဂေါ်ဂန် မက်ဒူဆာ မှ မြင်းအဖြစ် သားပေါက်လာခဲ့သည်။[1] ပေါက်ဖွားပုံမှာ သူရဲကောင်း ပါးဆီးယပ်စ်က မက်ဒူဆာကို ခေါင်းဖြတ်လိုက်သောအခါ သေဆုံးသွားသော မက်ဒူဆာထံမှ မွေးဖွားလာခြင်း ဖြစ်၏ ။ ပက်ဂါဆပ်စစ်သည် ခရီဆားအို၏ ညီအကိုဖြစ်၍ ဂီရီယွန်၏ ဦးလေးတော်စပ်သူ ဖြစ်သည်။
![Silver Denarius of Domitian with Pegasus on the reverse. Dated 79–80 AD.](http://upload.wikimedia.org/wikipedia/commons/thumb/0/01/Domitian_Denarius_Pegasus_RIC1494_1.jpg/640px-Domitian_Denarius_Pegasus_RIC1494_1.jpg)
ပက်ဂါဆပ်စ်ကို အသီးနာနှင့် ပိုဆိုက်ဒန်တို့၏ အကူအညီဖြင့် ဘာလဲ့ရာဖန်သည် ပင်ရီးနီ ရေပန်းအနီး၌ ဖမ်းဆီးမိခဲ့သည်။ ပက်ဂါဆပ်စ်သည် မိစ္ဆာသတ္တဝါ ခစ်မိယားရာကို သတ်ရာ၌ ဘာလဲ့ရာဖန်ကို စီးနင်းခွင့်ပြုခဲ့သည်။ ထိုသို့သုတ်သင်ခြင်းကပင် အခြားများစွာသော စွန့်စားခန်းများကို ဖြစ်စေခဲ့သေးသည်။ ဘာလဲ့ရာဖန် အိုလံပတ်တောင်ကို တက်ရောက်ရန်ကြိုးပမ်းစဉ် မြင်းပေါ်မှပြုတ်ကျခဲ့သည်။ ထို့နောက် ဇုစ်က ပက်ဂါဆပ်စ်ကို ကြယ်တာရာ (ကြယ်စုတန်း) တစ်ခုဖြစ်စေရန် အသွင်ပြောင်းပေးခဲ့သည်။