From Wikipedia, the free encyclopedia
ဇေဥစ်(ရှေးဟောင်းဂရိ: Ζεύς) သို့မဟုတ် ဇုစ်(အင်္ဂလိပ်: Zeus)သည် ဂရိဒဏ္ဍာရီမှ နတ်ဘုရားများထဲတွင် အဓိကအကျဆုံး နတ်မင်းကြီး ဖြစ်သည်။ ဂရိဒဏ္ဍာရီအရ အိုလံပတ်တောင်တော်ပေါ်မှ လူနတ်လောကကို အုပ်ချုပ်မင်းလုပ်ကာ စိုးစံတော်မူ၏။ ရောမဘာသာစကားဖြင့်မူ ယူပီတာ (Jupiter)ဟု အမည်တွင်လေသည်။ ၎င်းမှာ အိုလံပတ်စ်တောင်မှ နတ်ဘုရားများ၏ အကြီးအမှူး ဖြစ်သလို ကောင်းကင်ကို အစိုးရသောနတ်ဘုရားလည်းဖြစ်ပေသည်။ ဇူးစ်ကို အနုပညာလက်ရာပစ္စည်းများတွင် ဩဇာရှိသော အသက်အရွယ်ရသော မုတ်ဆိတ်ကျင်ဆွယ်နှင့် အမျိုးသားတစ်ဦးအဖြစ် ပုံဖော်ကြသည်။ လက်နက်မှာ လျှပ်စီးမိုးကြိုးသွားဖြစ်သည်။ သူ့ကို သိမ်းငှက်၊ နွားသိုး နှင့် ဝက်သစ်ချပင်အိုစသည့် သင်္ကေတများနှင့်လည်း ရံခါဖော်ပြကြသည်။
Zeus | |
---|---|
The Jupiter de Smyrne, discovered in Smyrna in 1680[2] | |
နေထိုင်ရာ | အိုလံပတ်စ်တောင် |
သင်္ကေတ | မိုးကြိုး, လင်းယုန်, နွားသိုး နှင့် ဝက်သစ်ချ |
ကြင်ဖော် | ဟီရာနှင့် အခြားသူများ |
မိဘများ | ခရိုးနပ်စ် နှင့် ရီယာ |
မောင်နှမများ | Hestia, Hades, Hera, Poseidon and Demeter |
သားသမီးများ | အဲရီးဇ်, အသီးနာ, အပေါလို, အားတစ်မစ်, အဲဖရာဒိုက်တီ, ဒိုင်ယာနိုက်ဆပ်စ်, ဟီဘီ, ဟားမီးဇ်, ဟီရာကယ်, ဟယ်လင်, Hephaestus, ပါးဆီးယပ်စ်, Minos, the Muses, the Graces |
တောင် | အိုလံပတ်တောင် |
ရောမအခေါ် | ဂျူပီတာ |
ဇူးစ်သည် ခရိုနပ်စ်(Cronus or Kronos) နှင့် ရီးယာ(Rhea) တို့၏ သားအငယ်ဆုံးဖြစ်သည်။ ခရိုနပ်စ်မှာ တနေ့တွင် သူမွေးဖွားသော ကလေးများထဲက တစ်ယောက်ယောက်သည် သူ့အားနန်းချလိမ့်မည်ဆိုသည့် တဘောင်နမိတ်စကားအား သူ့မိခင် ဂိုင်ယာ(Gaia or Gaea)ထံမှ ကြားခဲ့သည်။ သူကိုယ်တိုင်မှာလည်း ဖခင် ယူရေးနပ်စ်(Uranus)ကို နန်းသိမ်းတိုက်ပွဲဆင်ကာ ထီးနန်းလုယူခဲ့သောကြောင့် ဤနိမိတ်စကားကို စိုးရိမ်ထိတ်လန့်ကာ မိန်းမဖြစ်သူ ရီးယာ မွေးဖွားသမျှအား တစ်ယောက်မကျန် ဝမ်းဗိုက်အတွင်းသို့မျိုချခဲ့သည်။ ဇူးစ်အလှည့်တွင် ရီးယာက ဉာဏ်ဆင်၍ ကလေးအစား ကျောက်တုံးကိုအဝတ်ပတ်၍ ပေးခဲ့ရာ ခရိုနပ်စ်ငိုက်မိသွားပြီး ထိုပေးသည့်အရာကိုပဲ ချက်ချင်းမျိုချခဲ့သည်။
ဇူးစ်အရွယ်ရောက်သောအခါ အိုလံပတ်စ်တောင်သို့ ပြန်လာပြီး ခရိုနပ်စ်၏ ဝမ်းဗိုက်ထဲနှင့် တာတားရပ်စ်(Tartarus)( အလွန်တရာနက်သော အမှောင်ထုမြေအောက်ကမ္ဘာ) ရှိ ညီအစ်ကိုမောင်နှမများအားကယ်ဆယ်ကာ ထိုသူများ၏အကူအညီဖြင့် တိုက်တန်များအား စစ်ကြေညာ၍ (Titanomachy) တိုက်ခိုက်ချေမှုန်းခဲ့ရာ အနိုင်ရရှိသောကြောင့် ခရိုနပ်စ်နှင့် တိုက်တန်အများစုကို တာတားရပ်စ်၌ ပြန်လည် ချုပ်နှောင်ထားနိုင်ခဲ့သည်။
ထို့နောက် မိမိကိုယ်ကို အိုလံပတ်စ်တောင်၏ အရှင်သခင်၊ ကောင်းကင်ကိုအစိုးရသော နတ်ဘုရားဟုကြေညာကာ နတ်ဘုရားအပေါင်း၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ အစ်ကိုဖြစ်သူများအားလည်း နယ်ပယ်အုပ်ချုပ်ခွင့်များပေးအပ်ခဲ့သည်။ ပိုဆိုက်ဒန်(Poseidon) ကိုပင်လယ်ရေပြင်ကို အုပ်စိုးခွင့်၊ ဟေဒီးစ်(Hades)အား မြေအောက်ကမ္ဘာအုပ်စိုးခွင့်များ ပေးခဲ့သည်။
နတ်တို့သနင်း မင်းဖြစ်ပြီးနောက် အစ်မတော်စပ်သူ ဟီရာ(Hera)အားမိဖုရားကြီးမြှောက်ခဲ့သည်။ ဟီရာကို အိမ်ထောင်ရေးနတ်ဘုရားမ ဟုသိရှိရသည်။ ဇူးစ်မှာ အိမ်ထောင်ရေးအရှုပ်တော်ပုံ များကာ ဟီရာမှာလည်း ဇူးစ်ရဲ့ မိန်းမကိစ္စများတွင် အမြဲတစေပါဝင်ကာ မိမိပြိုင်ဘက်များကို နှိမ်နင်းခြင်းတွင်လည်း နာမည်ကြီးသူဖြစ်သည်။ ဇူးစ်နတ်မင်းသည်ကား နတ်သမီးများသာမက လူသားအမျိုးသမီးများနှင့်လည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်ခဲ့သည်။ တချို့မူကွဲများတွင် ငယ်ရွယ်သော ယောက်ျားလေးများနဲ့ပါ ပတ်သတ်မှုများရှိခဲ့သည်။ လူနှင့်ရသော သားသမီးများ၊ နတ်နှင့်ရသော သားသမီးများရောမြောက်မြားစွာရှိ၏ ။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.