![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/ba/NPT_parties.svg/langmy-640px-NPT_parties.svg.png&w=640&q=50)
နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်
From Wikipedia, the free encyclopedia
နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT သို့မဟုတ် NNPT)သည် နျူကလီးယားလက်နက်များ (ပျံ့နှံ့မှု)ကို ကန့်သတ်သည့် စာချုပ်ဖြစ်သည်။ စာချုပ်သည် ၁၉၇၀ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စတင် အသက်ဝင်လာပြီး ၊ လက်ရှိတွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ စာချုပ်တွင်ပါဝင်နေသည်။ ၎င်းတို့အထဲမှ ငါးနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုထားသည်။ ထိုငါးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ ရုရှားနိုင်ငံ၊ အင်္ဂလန်၊ ပြင်သစ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဖြစ်ကြသည်။ (ထိုငါးနိုင်ငံများပင်လျှင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။)
နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် | |||
---|---|---|---|
![]() နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင် ပူပေါင်းပါဝင်ခဲ့သော နိုင်ငံများ
| |||
လက်မှတ်ရေးထိုးသည့် နေ့စွဲ | ၁ ဇူလိုင် ၁၉၆၈[1] | ||
တည်နေရာ | မော်စကိုမြို့ (ရုရှားနိုင်ငံ)၊ လန်ဒန်မြို့ (ယူကေ)၊ ဝါရှင်တန်ဒီစီ (အမေရိကန်နိုင်ငံ)[1] | ||
အသက်ဝင်သည့် နေ့စွဲ | ၅ မတ် ၁၉၇၀ [1] | ||
ထိရောက်မှု အခြေအနေ | Ratification by the Soviet Union, the United Kingdom, the United States, and 40 other signatory states. | ||
အဖွဲ့ဝင်များ | ၁၉၀ (အပြည့်အစုံစာရင်း)[2] non-parties: India, Israel, North Korea, Pakistan and South Sudan | ||
တာဝန်အပ်နှင်းသူ | Governments of the United States of America, the United Kingdom of Great Britain and Northern Ireland, and the Union of Soviet Socialist Republics | ||
ဘာသာစကားများ | အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ စပိန်၊ တရုတ် | ||
![]() | |||
အဖွဲ့ဝင်မဟုတ်သည့် လေးနိုင်ငံသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည်။ သို့မဟုတ်သိထားကြသည်။ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့်မြောက်ကိုရီးယားနိုင်ငံ တို့သည်ပြောင်ပြောင် တင်းတင်း နျူကလီးယား လက်နက်များ စမ်းသပ်ကြပြီး၊ ပိုင်ဆိုင်ထားသည်ဟု ကြေညာထားသည်။ အစ္စရေးနိုင်ငံသည် သူ၏ကိုယ်ပိုင်နျူကလီးယားလက်နက်များ အစီအစဉ်ကို မူဝါဒတစ်ခုနှင့် စပ်လျဉ်း၍အမှောင်ချထားသည်။ မြောက်ကိုရီးယားသည် စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၃ ခုနှစ် တွင် ချိုးဖောက် နုတ်ထွက်သွားသည်။ စာချုပ်ကို အိုင်ယာလန် နှင့် ဖင်လန် တို့မှ အဆိုပြုခဲ့ကြပြီး၊ စတင် လက်မှတ်ရေးထိုးသည့်နိုင်ငံများဖြစ်သည်။