ထီးနန်းများရဲ့ကစားပွဲ
အမေရိကန် စိတ်ကူးယဉ် ဒရာမာ ရုပ်/သံ ဇာတ်လမ်းတွဲ (၂၀၁၁–၂၀၁၉) / From Wikipedia, the free encyclopedia
ထီးနန်းများရဲ့ကစားပွဲ (အင်္ဂလိပ်: Game of Thrones) သည် HBO မှ ထုတ်လွှင့်ခဲ့သော အတွဲ (၈)တွဲ ပါသည့် အမေရိကန် စိတ်ကူးယဉ် ဒရာမာ ရုပ်/သံ ဇာတ်လမ်းတွဲ တစ်ခုဖြစ်သည်။ George R. R. Martin ၏ စိတ်ကူးယဉ် အခန်းဆက်ဝတ္ထုဖြစ်သည့် ရေခဲမီးလျံ တေးသီသံ (A Song of Ice and Fire) ဝတ္ထုတွဲ၏ ပထမတွဲဖြစ်သော ထီးနန်းများရဲ့ ကစားပွဲတစ်ခု (A Game of Thrones) ဝတ္ထု အပေါ် အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ ဇာတ်ဝင်ခန်းများကို ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါ၊ ခရိုအေးရှား၊ အိုက်စလန်၊ မော်လတာ၊ မော်ရိုကိုနှင့် စပိန်နိုင်ငံတိုတွင် ရိုက်ကူးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် HBO မှ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း (၇၃)ပိုင်းဖြင့် အတွဲ (၈)တွဲ ပါဝင်ကာ ၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။
ထီးနန်းများရဲ့ ကစားပွဲ Game of Thrones | |
---|---|
အမျိုးအစား | |
ဖန်တီးသူ | |
အခြေခံထားသည်မှာ | George R. R. Martin ၏ A Song of Ice and Fire |
သရုပ်ဆောင် | စာရင်းအပြည့်အစုံကြည့်ရန် |
နောက်ခံဂီတ တေးရေး | Ramin Djawadi |
တေးရေးဆရာ(များ) | Ramin Djawadi |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ဘာသာစကား | အင်္ဂလိပ် |
အတွဲပေါင်း | ၈ |
အပိုင်းပေါင်း | ၇၃ (အပိုင်းများ စာရင်း) |
အမှုဆောင် ထုတ်လုပ်သူ |
|
ထုတ်လုပ်သူ |
|
ရိုက်ကူးသည့် နေရာ | |
ပြသချိန် | ၅၀ – ၈၂ မိနစ် |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း | HBO |
ရုပ်ပုံအမျိုးအစား | |
အသံထွက်အမျိုးအစား | |
မူလပြသမှု | ဧပြီ ၁၇၊ ၂၀၁၁ (၂၀၁၁-၀၄-၁၇) – မေ ၁၉၊ ၂၀၁၉ (၂၀၁၉-၀၅-၁၉) |
ဆက်စပ်မှုများ |
ထီးနန်းများရဲ့ ကစားပွဲ ဇာတ်လမ်းတွဲသည် ဝက်စ်တာရို့စ် (Westeros) နှင့် အက်ဆို့စ် (Essos) ဟူသော စိတ်ကူးယဉ် ကုန်းမြေ တိုက်ကြီးများတွင် ဇာတ်အိမ်တည်ထားသည်။ ဇာတ်ကောင်များစွာအတွက် သရုပ်ဆောင် အမြောက်အမြား ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတစ်လျှောက်လုံးတွင် ဇာတ်အိမ်များကို အသေးစိတ် လိုက်နာဆောင်ရွက်ထားသည်။ ပထမအဓိကဇာတ်အိမ်မှာ ဝက်စ်တာရို့စ် ခုနစ်နိုင်ငံ၏ သံပလ္လင်နှင့်ထီးနန်းကို ရယူထားသူထံမှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် မြင့်မြတ်သော မိသားစု အိမ်တော်များအကြား နိုင်ငံရေးပဋိပက္ခများမှတစ်ဆင့် ထီးနန်းကို ရယူရန် ပြိုင်ဆိုင်မှုကို တင်ဆက်ထားသည်။ ဒုတိယဇာတ်အိမ်မှာ အက်ဆို့စ်သို့ ပြည်နှင်ဒဏ်ပေးထားသည့် ဖယ်ရှားခံခဲ့ရသော ယခင်အုပ်စိုးသူမင်းဆက်၏ နောက်ဆုံးမျိုးဆက်မှ ထီးနန်းပြန်လည်ရယူရန် ကြံစည်နေမှုကို တင်ဆက်ထားသည်။ တတိယဇာတ်အိမ်မှာ ဝက်စ်တာရို့စ် မြောက်ဘက်နယ်စပ်၏ ခြိမ်းခြောက်မှုများမှ နယ်မြေကို ကာကွယ်နေသော ညစောင့်အဖွဲ့၏ လုပ်ငန်းစဉ်များကို တင်ဆက်ထားသည်။
ထီးနန်းများရဲ့ ကစားပွဲ ဇာတ်လမ်းတွဲသည် HBO တွင် ကြည့်ရှုသူ အရေအတွက် စံချိန်တင် ဆွဲဆောင်ခဲ့ပြီး နိုင်ငံတကာ ပရိသတ်များ၏ အားပေးမှု များစွာရရှိခဲ့သည်။ အဖော်အချွတ်နှင့် အကြမ်းဖက်မှုများ (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင်) ပါဝင်မှုအတွက် ဝေဖန်ခံခဲ့ရသော်လည်း ၎င်း၏သရုပ်ဆောင်မှု၊ ရှုပ်ထွေးသောဇာတ်ကောင်များ၊ ဇာတ်လမ်း၊ နယ်ပယ်နှင့် ထုတ်လုပ်ရေးတန်ဖိုးများအတွက် ဝေဖန်ရေးသမားများ၏ ချီးကျူးမှုကိုလည်းရရှိခဲ့ကြသည်။ နောက်ဆုံးဇာတ်လမ်းတွဲသည် ၎င်း၏ လျှော့ချထားသော ဇာတ်လမ်းကြာချိန်နှင့် ဖန်တီးမှုဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် ပြင်းထန်သော တုံ့ပြန်မှုကို ရရှိခဲ့ပြီး လူအများက ၎င်းအား စိတ်ပျက်ဖွယ်နိဂုံးချုပ်သည်ဟု ယူဆခဲ့ကြသည်။ စီးရီးသည် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွက် ဒရမ်မာစီးရီး ထူးချွန်ဆုများ အပါအဝင် ဒရာမာစီးရီးတစ်ခုတည်းမှ ထူးချွန်ဆုရရှိမှု အများဆုံးအဖြစ် Primetime Emmy Awards ထူးချွန်ဆု ၅၉ ဆု ရရှိခဲ့သည်။ ၎င်း၏ အခြားထူးချွန်ဆုများနှင့် လျာထားစာရင်းများတွင် အကောင်းဆုံးဒရမ်မာတင်ဆက်မှုအတွက် Hugo ဆု သုံးဆု၊ Peabody ဆု နှင့် အကောင်းဆုံးရုပ်မြင်သံကြား ဒရာမာ-ဇာတ်လမ်းတွဲဆိုင်ရာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သော ဆု ၅ ဆုတို့ ပါဝင်သည်။
၎င်း၏ နောက်မှထွက်ရှိခဲ့သော်လည်း ဇာတ်လမ်းအရ ၎င်းမတိုင်မီ အဖြစ်အပျက် ဇာတ်လမ်းအပေါ် ဇာတ်အိမ်တည်ထားသည့် နဂါးအိမ်တော် (အင်္ဂလိပ်: House of the Dragon) ဇာတ်လမ်းတွဲအား ၂၀၂၂ ခုနှစ်တွင် HBO မှပင် ထုတ်လွှင့်ပြသခဲ့သည်။