တရုတ်သမ္မတနိုင်ငံ
အရှေ့အာရှနိုင်ငံ / From Wikipedia, the free encyclopedia
ထိုင်ဝမ် (ရိုးရှင်းတရုတ်: 台湾; ရိုးရာတရုတ်: 臺灣/台灣; ပင်ယင်: Táiwān)၊ တရားဝင်အားဖြင့် တရုတ်သမ္မတနိုင်ငံ (中華民國 The Republic of China, ROC (အာအိုစီ)) သည် အရှေ့အာရှတွင်တည်ရှိသည့် တိုင်းပြည်တစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းက အသိအမှတ်ပြုသည့် တစ်ပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့်နိုင်ငံမှ အမေရိကန်၊ ဥရောပ၊ ဂျပန်စသည့် အင်အားကြီးနိုင်ငံများနှင့် လက်တွေ့ဆက်ဆံမှုရှိသော်လည်း နိုင်ငံအများစုကပါ တရားဝင်အသိအမှတ်ပြုသည့် ပါတီစုံဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ အာအိုစီသည် ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။[18]
တရုတ်သမ္မတနိုင်ငံ Republic of China 中華民國 | |
---|---|
နိုင်ငံတော် သီချင်း: 中華民國國歌 "တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း" အလံတင်သီချင်း: 中華民國國旗歌 "တရုတ်သမ္မတနိုင်ငံ၏ အလံတင်သီချင်း" | |
ကမ္ဘာလုံးပုံ (ထိုင်ဝမ်ကျွန်း ကိုအရောင်ခြယ်ထား) ပြရန် | |
မြို့တော် | ထိုင်ပေမြို့[မှတ်စု 1][2] 25°04′N 121°31′E |
အကြီးဆုံးမြို့ | ထိုင်ပေမြို့သစ် |
ရုံးသုံး ဘာသာစကားများ | စံတရုတ်ဘာသာစကား[3][4][5] |
တရားဝင် အရေးအသားစနစ် | ရိုးရာတရုတ်[6] |
အမျိုးသားဘာသာစကား[မှတ်စု 2] | |
လူမျိုးစု (2016) |
|
ကိုးကွယ်မှု | |
Demonym | ထိုင်ဝမ်လူမျိုး (Taiwanese)[10] |
အစိုးရ | တစ်ပြည်ထောင် တစ်ပိုင်းသမ္မတ သမ္မတနိုင်ငံ |
• သမ္မတ | ဆိုင်အင်းဝမ် |
လိုင့်ချင်းဒေ | |
• ဝန်ကြီးချုပ် | ဆူကျင်းချန် |
• ဥပဒေပြုရေးယွမ် ဥက္ကဋ္ဌ | ယိုရှိခွမ် |
• ထိန်းသိမ်းရေးယွမ် ဥက္ကဋ္ဌ | ချန်ချူ |
• တရားရေးယွမ် ဥက္ကဋ္ဌ | ရှူကျုံးလီ |
• စစ်ဆေးရေးယွမ် ဥက္ကဋ္ဌ | ဟွမ်ရုံချွမ်း |
ဥပဒေပြုလွှတ်တော် | ဥပဒေပြုရေးယွမ် |
တည်ထောင် | |
• ရှန်ဟိုက်တော်လှန်ရေး | ၁၀ အောက်တိုဘာ ၁၉၁၁ |
၁ ဇန်နဝါရီ ၁၉၁၂ | |
၂၅ အောက်တိုဘာ ၁၉၄၅ | |
• ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ | ၂၅ ဒီဇင်ဘာ ၁၉၄၇ |
• အစိုးရအသစ်ဖွဲ့စည်း | ၂၀ မေ ၁၉၄၈ |
• ထိုင်ဝမ်သို့ပြောင်းရွှေ့ | ၇ ဒီဇင်ဘာ ၁၉၄၉ |
၂၅ အောက်တိုဘာ ၁၉၇၁ | |
• ရေလက်ကြားဆက်ဆံရေးစတင် | ၃၁ ဇူလိုင် ၁၉၉၂ |
ဧရိယာ | |
• စုစုပေါင်း | ၃၆,၁၉၇ km2 (၁၃,၉၇၆ sq mi)[11][10] |
လူဦးရေ | |
• မေ ၂၀၂၂ ခန့်မှန်း | 23,196,178[12] (အဆင့် - ၅၆) |
• ၂၀၁၀ သန်းခေါင်စာရင်း | 23,123,866[13] |
• သိပ်သည်းမှု | ၆၅၀/km2 (၁,၆၈၃.၅/sq mi) (အဆင့် - ၁၀) |
GDP (PPP) | ၂၀၂၂ ခန့်မှန်း |
• စုစုပေါင်း | $၁.၆၀၅ ထရီလီယံ[14] (အဆင့် - ၁၉) |
• Per capita | $၆၈,၇၃၀[14] (အဆင့် - ၁၃) |
GDP (nominal) | ၂၀၂၂ ခန့်မှန်း |
• စုစုပေါင်း | $၈၄၁.၂၀၉ ဘီလီယံ[14] (အဆင့် - ၂၁) |
• Per capita | $၃၆,၀၅၁[14] (အဆင့် - ၃၁) |
Gini (၂၀၁၇) | ၃၄.၁[15] အလယ် |
HDI (၂၀၁၉) | ၀.၉၁၆[16] အလွန်မြင့် · ၂၃ |
ငွေကြေး | ထိုင်ဝမ်ဒေါ်လာသစ် (NT$) (TWD) |
အချိန်ဇုန် | အမျိုးသားစံတော်ချိန် (UTC+8) |
ရက်စွဲပုံစံ |
|
ယာဉ်ကြောစနစ် | ညာမောင်း |
တယ်လီဖုန်းကုဒ် | +886 |
Internet TLD |
|
၁၉၁၂ ခုနှစ်တွင် အာအိုစီအားတည်ထောင်ခဲ့စဉ်က အုပ်ချုပ်သည့်နယ်နမိတ်မှာ တရုတ်နိုင်ငံတဝှမ်းလုံးနှင့် မွန်ဂိုလီးယားအထိ အကျုံးဝင်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် ထိုင်ဝမ်ကျွန်း (台灣) နှင့် ဖုန်ဟူ (澎湖)ကျွန်းစုများ ဂျပန်တို့ထံမှ အာအိုစီ၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ် ကူမင်တန် (中國國民黨 တရုတ်အမျိုးသားပါတီ) အစိုးရ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနှိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာကာ လက်ရှိတွင် အာအိုစီအစိုးရ အုပ်ချုပ်သည့် နယ်နမိတ်မှာ ထိုင်ဝမ်၊ ဖုန်ဟူ၊ ကျင်းမင် (金門)နှင့် မားကျူ (馬祖) တို့သာ ကျန်တော့သည်။ တရုတ်ပြည်တွင်းစစ်ပွဲအပြီးတွင် ကွန်မင်တန်အား အနိုင်ရခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်မကြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (中華人民共和國 People's Republic of China, PRC (ပီအာစီ)) ကို ထူထောင်ခဲ့သည်။ အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ အာအိုစီအစိုးရလက်အောက်ရှိ နယ်မြေများအား “တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာ”ဟု ညွှန်းဆိုထားပြီး မြို့တော်မှာ ထိုင်ပေမြို့ဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ အာအိုစီအစိုးရသည့် နယ်မြေများမှာ ထိုင်ဝမ်နှင့် ကမ်းလွန်ကျွန်းစုများသာ ကျန်ရှိသည်ဆိုသော်လည်း စစ်အေးခေတ် ခေတ်ဦးပိုင်းတွင် အာအိုစီအစိုးရအား အနောက်တိုင်းနိုင်ငံအများစုနှင့် ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပီအာစီအား မျက်နှာသာပေးလာသောကြောင့် အာအိုစီသည် ယင်းအသိအမှတ်ပြုမှုများကို တဖြည်းဖြည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း တရုတ်တစ်ပြည်လုံး၏ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည်ဆိုသည့် အဆိုကို ဆက်လက်ဆွဲကိုင်ထားဆဲဖြစ်သည်။[19]
သမ္မတဟောင်း လီတိန်းဟွေး(李登輝)နှင့် ချန်ဆွေပြန်(陳水扁)တို့က အာအိုစီသည် တရုတ်ပြည်မနှင့် ဆက်နွှယ်ခြင်းမရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သောကြောင့် တရားဝင်လွတ်လပ်ရေး ကြေညာရန် မလိုအပ်ဟု အဆိုပြုကြသည်။ [20] သမ္မတဟောင်း မာရင်းကျို (馬英九)ကမူ အာအိုစီသည် ထိုင်ဝမ်ရော ပြည်မပါ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယင်းရပ်တည်ချက်သည် အာအိုစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သော်လည်းကောင်း၊ ၁၉၉၂ ခုနှစ် နားလည်မှု (九二共識 အဓိပ္ပာယ်နှစ်မျိုးနှင့် တရုတ်တပြည်ထောင်) နှင့်သော်လည်းကောင်း တစ်ထပ်တည်းဖြစ်သည်။ [21]
၁၉၁၀ မှ ၁၉၄၀ ခုနှစ်အတွင်း အာအိုစီမှာ တရုတ်နိုင်ငံကို ညွှန်းဆိုသည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ်အတွင်းတွင်မူ နေရှင်နယ်လစ်တရုတ်ပြည် သို့မဟုတ် လွတ်လပ်သောတရုတ်ပြည်ဟု ညွှန်းဆိုကြသည်။ မျက်မှောက်ခေတ်တွင် အာအိုစီအား များသောအားဖြင့် ထိုင်ဝမ်ဟု ခေါ်ဆိုလာကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်နိုင်ငံဆိုသည်မှာ ပီအာစီကို ညွှန်းဆိုလာကြသည်။