ဆူလူပင်လယ်
ပင်လယ် / From Wikipedia, the free encyclopedia
ဆူလူပင်လယ်သည် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်ခြမ်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပလဝမ်ကျွန်းစုက အနောက်မြောက်ဘက်မှနေကာ ဆူလူပင်လယ်ကို တောင်တရုတ်ပင်လယ်နှင့် ခွဲထားသည်။[1] အရှေ့တောင်ဘက်၌ ဆူလူကျွန်းစုက ဆယ်လဘိပင်လယ်နှင့်ပိုင်းခြားရန် တာဝန်ယူသည်။[2] အနောက်တောင်ဘက်၌ ဘော်နီရိုကျွန်းရှိပြီး အရှေ့မြောက်ဘက်၌ ဝိစာရကျွန်းစုရှိသည်။ ပလဝမ်ကျွန်းစု၊ ဆူလူကျွန်းစုတို့မှာ ဖိလစ်ပိုင်မြေများဖြစ်ပြီး ဘော်နီရိုကျွန်းကြီးမှာ အင်ဒိုနီးရှားပိုင်ဖြစ်သည်။
ဆူလူပင်လယ် | |
---|---|
ကိုဩဒိနိတ် | 8°N 120°E |
အမျိုးအစား | ပင်လယ် |
ဝေါဟာရသမိုင်း | ဆူလူ |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံ |
မျက်နှာပြင် ဧရိယာ | ၂၆၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၀၀,၀၀၀ စတုရန်းမိုင်) |
အနီးရှိမြို့များ | စာရင်း
|
ဆူလူပင်လယ်၌ ကျွန်းငယ်များစွာရှိပြီး ကျူရိုးကျွန်းငယ်များနှင့်[3][4] ကာဂယံကျွန်းငယ်များမှာ ပလဝမ်ပြည်နယ်လက်အောက်ခံဖြစ်သည်။ မပန်နှင့်[5] လိပ်ကျွန်းစုမှာမူ တာဝီတာဝီပြည်နယ်ဝင် ဖြစ်သည်။[6] ဆူလူပင်လယ်ရှိ တဘ္ဘတဟကျောက်တန်း အမျိုးသားရေအောက်ဥယျာဉ်မှာ ကမ္ဘာ့အမွေအနှစ်ဝင်နယ်မြေဖြစ်လေသည်။[7]
ဂိုင်မရကျွန်းစုနှင့် ပနေကျွန်းစုကြားရှိ အီလွိုင်လိုရေလက်ကြား၊ မင်းဒနောင်ကျွန်းနှင့် ဘစိလန်ကျွန်းတို့အကြားရှိ ဘစိလန်ရေလက်ကြားတို့ ရှိသည်။ ဝိစာရံပင်လယ်နှင့် ပနေပင်လယ်ကွေ့ကို ဝိစာရကျွန်းစုအနောက်ဘက်ရှိ ဂိုင်မရရေလက်ကြားက ဆက်ပေးသည်။ ပနေပင်လယ်ကွေ့သည် ဆူလူပင်လယ်၏အနားသတ်ဖြစ်သည်။