ဂလိုရီရာ မာဂါပါကယ် အာရိုယို
၁၄ယောက်မြောက် ဖိလစ်ပိုင်သမ္မတ / From Wikipedia, the free encyclopedia
ဂလိုရီရာ မာဂါပါကယ် အာရိုယိုသည် ဖိလစ်ပိုင်နိုင်ငံ၏ (၁၄)ယောက်မြောက် သမ္မတဖြစ်သည်။၂၀၀၁ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ဖာဒီနန်မားကို့စ်နောက်ပိုင်း တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတများတွင် သက်တမ်းအရှည်ဆုံးဖြစ်သည်။သမ္မတဖြစ်မလာမီက ၁၉၉၈ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ (၁၀)ယောက်မြောက် ဒုတိယသမ္မတအဖြစ် လုပ်ကိုင်ခဲ့သည်။၁၉၉၂ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။သမ္မတအဖြစ်မှ အနားယူပြီးနောက် ပမ်ပန်ဂါပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရွေးကောက်ခံရပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဂလိုရီရာ မာဂါပါကယ် အာရိုယို | |
---|---|
၂၀၀၉ခုနှစ်တွင် တွေ့ရစဉ် | |
ဖိလစ်ပိုင်နိုင်ငံ၏ ၁၄ယောက်မြောက် သမ္မတ | |
တာဝန်သက်တမ်း ၂၀ ဇန်နဝါရီ ၂၀၀၁ – ၃၀ ဇွန် ၂၀၁၀ | |
ဒုတိယ သမ္မတ | Teofisto Guingona Jr. (၂၀၀၁ - ၂၀၀၄) Noli de Castro (၂၀၀၄ - ၂၀၁၀) |
ယခင်လူ | ဂျိုးဇက် အက်ထရာဒါ |
ဆက်ခံသူ | ဘီနင်နို အကွီနို (၃) |
ဖိလစ်ပိုင်နိုင်ငံ၏ ၁၀ယောက်မြောက် ဒုတိယသမ္မတ | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၈ – ၂၀ ဇန်နဝါရီ ၂၀၀၁ | |
သမ္မတ | ဂျိုးဇက် အက်ထရာဒါ |
ယခင်လူ | ဂျိုးဇက် အက်ထရာဒါ |
ဆက်ခံသူ | Teofisto Guingona Jr. |
၂၅ယောက်မြောက် အောက်လွှတ်တော် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၃ ဇူလိုင် ၂၀၁၈ – ၃၀ ဇွန် ၂၀၁၉ | |
အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး (ယာယီ) | |
တာဝန်သက်တမ်း ၃၀ နိုဝင်ဘာ ၂၀၀၆ – ၁ ဖေဖော်ဝါရီ ၂၀၀၇ | |
သမ္မတ | ကိုယ်တိုင် |
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးမှုဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၈ – ၁၂ အောက်တိုဘာ ၂၀၀၀ | |
သမ္မတ | ဂျိုးဇက်အက်ထရာဒါ |
အထက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၂ – ၃၀ ဇွန် ၁၉၉၈ | |
အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၅ ဩဂုတ် ၂၀၁၆ – ၁၅ မတ် ၂၀၁၇ | |
ယခင်လူ | Roberto Puno |
ဆက်ခံသူ | Linabelle Villarica |
အောက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၀ – ၃၀ ဇွန် ၂၀၁၉ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Maria Gloria Macaraeg Macapagal (1947-04-05) ဧပြီ ၅၊ ၁၉၄၇ (အသက် ၇၇) San Juan, Metro Manila |
ကြင်ဖော်(များ) | ဟိုဆေးမီဂဲလ်အာရိုယို |
သားသမီး | ၃ |
ကြွယ်ဝချမ်းသာမှု | ပီဆို ၄၇၉.၅ သန်း (၂၀၁၈ အရ))[1] |
လက်မှတ် |
ယခင်သမ္မတဟောင်း ဒီရိုစတာဒို မာဂါပါကယ်၏ သမီးဖြစ်ကာ အမေရိကန်နိုင်ငံတွင် စီးပွားရေးပညာ သင်ကြားခဲ့သည်။ထိုကျောင်းတွင် အမေရိကန်သမ္မတဖြစ်လာမည့် ဘီလ် ကလင်တန်နှင့် ခင်မင်ရင်းနီးခဲ့သည်။ထို့နောက် ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇုန်မြို့ရှိ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုတွင် စီးပွားရေးပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ဖိလစ်ပိုင်နိုင်ငံ၏ (၁၅)ယောက်မြောက်သမ္မတ ဖြစ်လာမည့် ဘီနင်နို အကွီနို (၃)သည် အာရိုယို၏ တပည့်ဖြစ်သည်။၁၉၈၇ခုနှစ်တွင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတွင် လက်ထောက်ဝန်ကြီး၊ဒုတိယဝန်ကြီးအဖြစ် စတင်လုပ်ကိုင်ခဲ့ကာ အစိုးရအလုပ်သို့ ဝင်ရောက်ခဲ့သည်။ဘီနင်နို၏ မိခင်ဖြစ်သူ (၁၁)ယောက်မြောက်သမ္မတ အာကီနိုက ဖိတ်ခေါ်၍ ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
၁၉၉၂ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သမ္မတ ဂျိုးဇက် အက်ထရာဒါလက်ထက်တွင် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။သမ္မတဖြစ်သူ ဂျိုးဇက် အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရပြီးနောက် အာရိုယိုသည် အစိုးရအဖွဲ့အတွင်း ပူးတွဲနေရာယူထားသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးမှုဝန်ကြီးနေရာမှ နုတ်ထွက်ခဲ့သည်။ထို့နောက် အင်အားကြီးမားလာသည့် အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည်။နောက်ပိုင်းတွင် သမ္မတဖြစ်သူ ဂျိုးဇက်သည် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ဂျိုးဇက်နုတ်ထွက်ပြီးနောက် ဒုတိယသမ္မတဖြစ်သူ အာရိုယိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၀၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် တရားဝင်သက်တမ်း (၆)နှစ်အတွက် ရွေးချယ်ခံခဲ့ရသည်။သမ္မတသက်တမ်းပြီးနောက် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။သူသည် သမ္မတကဲ့သို့ အဆင့်အမြင့်ဆုံးရာထူးမှ အနားယူပြီးနောက် အဆင့်ပိုနိမ့်သောနေရာတွင် တာဝန်ထမ်းဆောင်သည့် ဒုတိယမြောက်သမ္မတဖြစ်လာခဲ့သည်။
၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင် ရွေးကောက်ပွဲလိမ်လည်မှုဖြင့် အာရိုယိုသည် ကွီဇုံမြို့ရှိ စစ်ပြန်ဆေးရုံတွင် ထိန်းသိမ်းခံခဲ့ရသည်။၂၀၁၂ခုနှစ် ဇူလိုင်လတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။အထောက်အထားမခိုင်လုံသဖြင့် နောက်ပိုင်းတွင် ဤစွဲချက်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။သို့သော် ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် အစိုးရထီရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈.၈သန်းကို အလွဲသုံးစားလုပ်မှုဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရသည်။သူ၏ဆရာဝန်များက အသက်အန္တရာယ်ရှိနိုင်သော ကျန်းမာရေးအခြေအနေများကြောင့် ဆေးရုံတွင်နေထိုင်ခွင့် တောင်းသဖြင့် ဆေးရုံတွင်သာ ထိန်းသိမ်းခဲ့သည်။အာရိုယို၏ မဟာမိတ်ဖြစ်သော ရော်ဒရီဂို ဒူတာတေးလက်ထက် ၂၀၁၆ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံတရားရုံးချုပ်မှ ၁၁ - ၄ မဲခွဲရလဒ်ဖြင့် သူ့အား တရားသေလွှတ်ခဲ့သည်။၂၀၁၈ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့တွင် ဖိလစ်ပိုင်အောက်လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။[2] [3][4]