ကျေးကျုတ်
ငှက် မျိုးစိတ်များ / From Wikipedia, the free encyclopedia
ကျေးကျုတ်ကို အရှေ့တိုင်းတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကျေးကျုတ်ကို အပူပိုင်းဒေသများနှင့် ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တွေ့ရသည်။[2] ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း တို့တစ်လျောက်တွင် ပျံ့နှံ့စွာနေသည်။ သို့ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် ရှိဟန်မတူချေ။
ကျေးကျုတ်
Rose-ringed parakeet Or Indian Ringneck Parakeet | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Psittaciformes |
မျိုးရင်း: | Psittacidae |
မျိုးဇာတ်: | Psittaculini |
မျိုးစု: | Psittacula |
မျိုးစိတ်: | P. krameri |
ဒွိနာမ | |
Psittacula krameri (Scopoli, 1769) | |
Original (wild) range |
ကျေးကျုတ်သည် အလျား ၁၆ ၁/၂ လက်မခန့်ရှိ၍ တစ်ကိုယ်လုံးတွင် အပြာနုရောင် လွမ်းနေသည်။ ကျေးကျုတ်အဖိုကလေးများတွင် ၃ ခါလည်ကျမှ နှင်းဆီရောင်လည်ရစ်နှင့် အမဲရစ်တို့တွေ့ရ၍ ငှက်မများ၌ မထင်ရှားသော အစိမ်းရစ်ကို တွေ့ရသည်။ Mutation လို့ခေါ်သော ရောင်စုံကမ္ဘာ့ဈေးကွက်တွင် ရှိနေပြီး မြန်မာပြည်တွင် သဘာဝအစိမ်းရောင်ကိုသာ တွေ့ရသေးသည်။ ကျေးတမာ ၊ ကြက်တူရွေး ခေါင်းစိမ်း ၊ ကျေးစေတမန် ဟု အမည်မှားများ ခေါ်ဆိုနေကြသေးသည်။ ကျေးကျုတ်သည် လူယဉ်သည်။ [3]