ကယားပြည်နယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်ပါ၀င်သောပြည်ထောင်တစ်ခု / From Wikipedia, the free encyclopedia
ကယားပြည်နယ် သို့မဟုတ် ကရင်နီပြည်နယ် သည် မြန်မာနိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက်တွင် ကရင်ပြည်နယ်တို့ ဝန်းရံလျက်ရှိသည်။ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လတွင် ကယားပြည်နယ်၏ လူဦးရေမှာ ၂၉၉,၀၂၃ ဖြစ်သည်။[2] ကယားပြည်နယ်လူဦးရေ၏ ၆၀ရာခိုင်နှုန်းသည် ကရင်နီလူမျိုးဟု ခေါ်ဝေါ်သော ကယားလူမျိုး များဖြစ်ကြသည်။
အချက်တိုများ ကယားပြည်နယ်, နိုင်ငံ ...
ကယားပြည်နယ် | ||
---|---|---|
ပြည်နယ် | ||
| ||
မြန်မာနိုင်ငံတွင်း တည်နေရာ | ||
ကိုဩဒိနိတ်: 19°15′N 97°20′E | ||
နိုင်ငံ | မြန်မာ | |
ဒေသ | အရှေ့ | |
မြို့တော် | လွိုင်ကော်မြို့ | |
အစိုးရ | ||
• ဝန်ကြီးချုပ် | ဦးဇော်မျိုးတင်[1] | |
• အစိုးရ | ကယားပြည်နယ် အစိုးရအဖွဲ့ | |
• ဥပဒေပြုလွှတ်တော် | ကယားပြည်နယ် လွှတ်တော် | |
• တရားလွှတ်တော် | ကယားပြည်နယ် တရားလွှတ်တော် | |
ဧရိယာ | ||
• စုစုပေါင်း | ၁၁၇၃၁.၅ စတုရန်းကီလိုမီတာ (၄၅၂၉.၆ စတုရန်းမိုင်) | |
ဧရိယာအဆင့် | ၁၃ | |
လူဦးရေ (မတ် ၂၀၂၁) | ||
• စုစုပေါင်း | ၂၉၉,၀၂၃[2] | |
• အဆင့် | ၁၅ | |
Demographics | ||
• လူမျိုးများ | ကယား၊ ကရင်၊ ပဒေါင် ကယန်း၊ မြန်မာ၊ ရှမ်း၊ ပအိုဝ်း | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ ၄၉.၉% ခရစ်ယာန်ဘာသာ ၄၅.၈% Animism ၁.၉% အစ္စလာမ်ဘာသာ ၁.၁% ဟိန္ဒူဘာသာ ၀.၁% အခြား ၁.၂% | |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | |
ဝက်ဘ်ဆိုဒ် | kayahstate.gov.mm |
ပိတ်ရန်