![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/03/Kayan_woman_with_neck_rings.jpg/640px-Kayan_woman_with_neck_rings.jpg&w=640&q=50)
ကယန်းလူမျိုး
မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု / From Wikipedia, the free encyclopedia
ကယန်းသည် မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော လူမျိုး တစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် လူမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်း(ဇယိမ်း)လထာ၊ ကယန်း(ယင်းဘော်)ကငံ၊ ကယန်း(ဂေခို)ကဒေါ့၊ အပြင် လဝီ (ပဒေါင်)၊ ကယန်း (ကခေါင်း) ဟူ၍ ကယန်းတွင် မျိုးနွယ်စု လေးခုရှိသည်။
အချက်တိုများ ပဒေါင်, လူဦးရေ စုစုပေါင်း ...
ပဒေါင် | |
---|---|
![]() ကယန်းအမျိုးသားအလံ | |
![]() ကယန်းအမျိုးသမီးတစ်ဦး | |
လူဦးရေ စုစုပေါင်း | |
၁၈၀,၀၀၀ | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု | |
![]() | ၉၀,၀၀၀ |
![]() | ၇၀,၀၀၀ |
![]() | ၁၅,၀၀၀ |
![]() | ၆၀၀ |
![]() | ၆၀၀ [ကိုးကားချက်လိုသည်] |
![]() | ၆၀၀ |
![]() | ၆၀၀ |
ဘာသာစကား | |
ပဒေါင်ဘာသာစကား | |
ကိုးကွယ်မှု | |
ရိုမန်ကတ်သလစ် |
ပိတ်ရန်
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/6/6e/Karen_Padaung_Girl_Portrait.jpg/640px-Karen_Padaung_Girl_Portrait.jpg)
- ပဒေါင် ( ကယားပြည်နယ် )
- ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။
အများက ပဒေါင်ဟု သိထားသောလူမျိုးများသည် ကယန်းထဲတွင် ပါဝင်သည်။ သူတို့သည်လည်း “ပဒေါင်”ဟု ခေါ်သည်ကို မကြိုက်ချေ။ “ပဒေါင်”ဆိုသည်မှာ ရှမ်းတို့က ပေးသော အမည်ဖြစ်သည်။ သူတို့ဘာသာ မှည့်ခေါ်သော အမည် မဟုတ်။ သူတို့က ကယန်းဟု ခေါ်သည်ကိုနှစ်သက်သည်။ တစ်ခါတရံ အခြားကယန်းလူမျိုးများနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “လည်ပင်းရှည်”၊ “ကြေးကွင်းပတ်”ဟုလည်း ညွှန်းပြီး ပြောတတ်သေးသည်။ Archived 13 January 2012 at the Wayback Machine.