ကချင်လူမျိုး
မြန်မာ တိုင်းရင်းသားများ / From Wikipedia, the free encyclopedia
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတဝိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃° ၃၇' နှင့် ၂၈°၂၅' အကြား၊ အရှေ့လောင်ဂျီကျု ၉၆°နှင့် ၉၈°၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀ဝ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။
အချက်တိုများ အများစု နေထိုင်သည့် နေရာ, မြန်မာ ...
ကချင်ရိုးရာဝတ်စုံ | |
အများစု နေထိုင်သည့် နေရာ | |
---|---|
မြန်မာနိုင်ငံ၊ ယူနန်ပြည်နယ် | |
မြန်မာ | တစ်သန်း (ကချင်ပြည်နယ်: ၅၄၀,၇၆၃)[2][3] |
တရုတ်အိန္ဒိယနိင်ငံ | ၁၄၇,၈၂၈ |
ဘာသာစကား | |
ဂျိန်းဖော၊ ဇိုင်းဝါး၊ မရူ၊ လေရှီး၊ ရဝမ်နှင့် လီဆူ | |
ကိုးကွယ်မှု | |
ခရစ်ယာန်ဘာသာ၊, Animism[4] |
ပိတ်ရန်