ချင်းတွင်းမြစ်
မြန်မာနိုင်ငံ၏ မြစ် / From Wikipedia, the free encyclopedia
ချင်းတွင်းမြစ် (အင်္ဂလိပ်: Chindwin River) သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ ဒေသခံရှမ်းနီတိုင်းရင်းသားများမှ နမ့်ချင်းတွင်းဟုခေါ်ဆိုကြပြီး မြန်မာဘာသာအားဖြင့် “ကြေးနီရောင်ရှိသောရေ”ဟု အဓိပ္ပါယ်ရသည်။ စင်စစ်ပင်လျှင် မြစ်ကြောင်းတလျှောက်ရှိအနီရောင်မြေသားများအားတိုက်စားလာသည့်ချစ်တွင်းမြစ်ရေသည် ရှေးယခင်ကပင်ကြေးနီရောင်သန်းလျှက်ရှိသည်။ ထို့အပြင်သလ္လာဝတီမြစ် ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ “သလ္လာ” ဆိုသည်မှာ “မြှား” ၊ “ဝတီ” ဆိုသည်မှာ “ရေ” ဖြစ်၍ မြှားကဲ့သို့ ရေစီးသန်သည့်မြစ်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်ဟု ဆိုခဲ့သည်။ ချင်းတွင်းမြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။
ချင်းတွင်းမြစ်
| |
---|---|
ဟုမ္မလင်းမြို့အနီးရှိ ချင်းတွင်းမြစ် | |
နိုင်ငံ | မြန်မာနိုင်ငံ |
အချက်အလက်များ | |
မြစ်ဖျားခံရာ | ဟူးကောင်းတောင်ကြား၊ ကချင်ပြည်နယ် ၁,၁၃၄ m (၃,၇၂၀ ft) 27°3′26.7048″N 97°1′33.618″E |
စီးဝင်ရာနေရာ | ဧရာဝတီမြစ် ၅၅ m (၁၈၀ ft) 21°28′26″N 95°16′53″E |
အလျား | ၁,၂၀၇ km (၇၅၀ mi) |
စီးဆင်းမှု |
|
စီးဆင်းမှု (တည်နေရာ ၂) |
|
စီးဆင်းမှု (တည်နေရာ ၃) |
|
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်ဝှမ်းအရွယ် | ၁၁၄,၆၈၄.၉ km2 (၄၄,၂၈၀.၁ sq mi)[2] |
မြစ်လက်တက်များ |
|
မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။