သမ္မတတစ်ပိုင်းစနစ်
သမ္မတမှဝန်ကြီးချုပ်သို့မဟုတ်အစိုးရအဖွဲ့ကိုအာဏာခွဲဝေရသောစနစ် / From Wikipedia, the free encyclopedia
သမ္မတတစ်ပိုင်းစနစ် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းသမ္မတစနစ် (အင်္ဂလိပ်: Semi-presidential system) သည် အစိုးရစနစ် တစ်ခုဖြစ်ကာ သမ္မတနှင့် ဝန်ကြီးချုပ်၊ အစိုးရတို့အကြား အာဏာခွဲဝေ အုပ်ချုပ်သော စနစ်ဖြစ်သည်။ ပါလီမန်စနစ်နှင့် မတူသည်မှာ နိုင်ငံတော်အကြီးအကဲဖြစ်သော သမ္မတသည် ဟန်ပြအနေအထားသာမဟုတ်ဘဲ အာဏာအနည်းငယ် ပိုရှိသည်။ သို့ရာတွင် သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများမှ သမ္မတများကဲ့သို့လည်း အပြည့်အဝအာဏာ မရှိပေ။[1][2][3]
၁၉၁၉ခုနှစ်မှ ၁၉၃၃ခုနှစ်အထိ တည်ရှိခဲ့သော ဝိုင်မာသမ္မတနိုင်ငံ၊ ဖင်လန်နိုင်ငံ၏ ၁၉၁၉ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ကျင့်သုံးခဲ့ကြသော စနစ်များမှာ သမ္မတတစ်ပိုင်းစနစ်များဖြစ်ကြသည်။ သို့သော် သမ္မတတစ်ပိုင်းစနစ် (Semi-presidential system) ဟူသောအသုံးကို ၁၉၅၉ခုနှစ်တွင် သတင်းသမား Hubert Beuve-Méry က စတင်အသုံးပြုခဲ့သည်။ ၁၉၇၈ခုနှစ်တွင် နိုင်ငံရေးသိပ္ပံသမား Maurice Duverger က တောက်လျှောက်အသုံးပြုခဲ့ရာမှ တွင်ကျယ်လာသည်။