သမ္မတ (အစိုးရရာထူး)
From Wikipedia, the free encyclopedia
သမ္မတဆိုသည်မှာ နိုင်ငံအများစုတွင် နိုင်ငံတော်အကြီးအကဲအတွက် ရာထူးတစ်ခုဖြစ်သည်။သမ္မတတစ်ဦး၏ လုပ်ငန်းတာဝန်များသည် နိုင်ငံရေးစနစ်ပေါ်မူတည်၍ အမျိုးမျိုးရှိသည်။ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံများ (ဥပမာ - အိန္ဒိယ)တွင် သမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ် အဆောင်အယောင်သာရှိပြီး လုပ်ပိုင်ခွင့်အာဏာ နည်းပါးသည်။လုပ်ပိုင်ခွင့်အာဏာသည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်ကဲ့သို့သော ပုဂ္ဂိုလ်ထံတွင် ရှိသည်။သမ္မတစနစ်နှင့် ၎င်းနှင့်ဆင်တူသည့်စနစ်များကို ကျင့်သုံးသောနိုင်ငံများ (ဥပမာ- အမေရိကန်ပြည်ထောင်စု)တွင် သမ္မတသည် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိသည်။အာဏာရှင်နိုင်ငံအချို့တွင် အာဏာသိမ်းခေါင်းဆောင် ၊ တစ်ပါတီစနစ်ကျင့်သုံးသောနိုင်ငံများ (ဥပမာ- ဆိုရှယ်လစ်ခေတ် မြန်မာပြည်) ပါတီခေါင်းဆောင်သည်လည်း သမ္မတရာထူး ရယူလေ့ရှိသည်။[1][2]
အင်္ဂလိပ်အသုံးတွင် Mr President သို့မဟုတ် Madam President ဟူ၍ လူပုဂ္ဂိုလ်ပေါ်မူတည်၍ အသုံးပြုသည်။"Mr President" အသုံးကို အစိုးရအဖွဲ့များက ၎င်းတို့၏ နိုင်ငံတော်အကြီးအကဲကို ရည်ညွှန်းရာတွင် သုံးလေ့ရှိသည်။ထို့အပြင် ပြင်သစ်သမ္မတနိုင်ငံ၏ သမ္မတ "Monsieur le Président" ကဲ့သို့ အင်္ဂလိပ်အသုံးမဟုတ်သော အမည်ကို ရည်ညွှန်းရာတွင်လည်း အသုံးပြုလေ့ရှိသည်။