From Wikipedia, the free encyclopedia
၂၀၂၆ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2026 ASEAN Para Games) သည် ထိုင်းနိုင်ငံ၊ နဂရရာဇသီမာမြို့တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက်အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။[1] ထိုင်းနိုင်ငံအနေဖြင့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။[2]
ကျင်းပရာမြို့ | နဂရရာဇသီမာမြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ဖွင့်ပွဲအခမ်းအနား | ၂၀ ဇန်နဝါရီ ၂၀၂၆ | ||
ပိတ်ပွဲအခမ်းအနား | ၂၆ ဇန်နဝါရီ ၂၀၂၆ | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | နှစ်(၈၀) မွေးနေ့ အားကစားကွင်း | ||
|
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမည့်နိုင်ငံသည် မသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း လက်ခံကျင်းပခွင့်ရှိသည်။
၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အစည်းအဝေးတွင် ထိုင်းနိုင်ငံကို ၂၀၂၅ခုနှစ်အတွက် အိမ်ရှင်အဖြစ် အမည်တင်သွင်းခဲ့သည်။ ငါးလအကြာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ၂၀၂၅ခုနှစ်ပွဲတော်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ တဆက်တည်းတွင် မလေးရှားနှင့် စင်ကာပူနိုင်ငံများသည် ၂၀၂၇နှင့် ၂၀၂၉ ပွဲတော်များကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများဖြစ်ကြောင်း ကြေညာခဲ့သည်။[3]
၂၀၂၂ခုနှစ် အောက်တိုဘာ ၁၁ရက်နေ့တွင် ထိုင်းအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌက အိမ်ရှင်မြို့အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြရန် မူကြမ်းကို ထုတ်ပြန်ခဲ့သည်။ လက်ခံကျင်းပမည့်မြို့များအနေဖြင့် အားကစားကွင်းအသစ်များ ထပ်မံတည်ဆောက်ရန်မလိုပေ။
တစ်မြို့ချင်း (၄) | ပြည်နယ်အလိုက် (၄) |
---|---|
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.