From Wikipedia, the free encyclopedia
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၁၇ခုနှစ် ဩဂုတ် ၁၉ရက်မှ ၃၀ရက်အထိကျင်းပသော ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၆၅၊ ၁၉၇၁၊ ၁၉၇၇၊ ၁၉၈၉၊ ၂၀၀၁ပွဲတော်များကို အိမ်ရှင်အဖြစ် ၅ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ဆဋ္ဌမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် မိုဟာမက် (၅) မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ကွာလာလမ်ပူမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Rising Together (မလေး: Bangkit Bersama) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄၆၄၆ | ||
ကစားပွဲအမျိုးအစား | ၄၀၄ (၃၈မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၁၉ ဩဂုတ် | ||
ပိတ်ပွဲအခမ်းအနား | ၃၀ ဩဂုတ်[1] | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | King Muhammad V Yang di-Pertuan Agong | ||
Athlete's Oath | Nauraj Singh Randhawa | ||
Judge's Oath | Megat Zulkarnain Omardin | ||
Torch Lighter | Nur Dhabitah Sabri | ||
အဓိကအားကစားကွင်း | ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2017 Southeast Asian Games | ||
|
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၆၄၆ခန့်က အားကစားနည်း ၃၈မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
၂၀၁၂ ဇူလိုင်လတွင် မြန်မာနိုင်ငံတွင် ကျင်းပသော အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် (SEAGF) အစည်းအဝေး၌ ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့်ပြိုင်ပွဲကို အခြားသောနိုင်ငံများမှာ လက်ခံကျင်းပနိုင်သည့် အဆိုမရှိသောကြောင့် မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။[2] ထိုအစည်းအဝေးတွင် တက်ရောက်ခဲ့သော မလေးရှားနိုင်ငံ အိုလံပစ်ကောင်စီ အတွင်းရေးမှူးချုပ် Sieh Kok Chi သည် မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ထို့နောက် ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွက် အိမ်ရှင်အဖြစ် တာဝန်ယူရမည်မှာ ဘရူနိုင်းနိုင်ငံ ဖြစ်သင့်သည်ဟု ဆိုခဲ့သည်။ သို့သော် ဘရူနိုင်းနိုင်ငံမှ ၂၀၁၇ ခုနှစ်အစား ၂၀၁၉ ခုနှစ်တွင် ကျင်းပရန် ဆန္ဒရှိခဲ့သည်။ ထိုကြောင့် မလေးရှားနိုင်ငံသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရသည်။
မလေးရှား ဆီးဂိမ်းကျင်းပရေးကော်မတီကို ပြိုင်ပွဲများအတွက် ပြင်ဆင်မှု ကြီးကြပ်ကွဲကဲရန် ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံရှိ ပြည်နယ်များစွာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။[3][4] ဘူကစ်ဂျာလီ အမျိုးသားအားကစားရုံစုအတွင်းရှိ ရှိနှင့်ပြီးသော အားကစားကွင်းများကို အဆင့်မြင့်တင်ခဲ့ပြီး Nilaiမြို့ Negeri Sembilanပြည်နယ်တွင် စက်ဘီးစီးပြိုင်ပွဲများအတွက် velodrome ပုံစံ အားကစားကွင်းသစ်ကို မလေးရှားရင်းဂစ် ၈၀ မီလီယံ အသုံးပြု၍ တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လနှောင်းပိုင်းတွင် ပြီးစီးခဲ့ပြီး ၂၆ မေလ ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[5][6] အစောပိုင်းတွင် ဆာဘတ်ချ်ပြည်နယ်နှင့် ဆာရာဝပ်ပြည်နယ်တို့တွင် ပြိုင်ပွဲ ပွဲစဉ်တချို့ကို ကျင်းပရန် စဉ်းစားခဲ့ကြသည်။ သို့သောွ ၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ၏ Chief Executive Officer ဖြစ်သူ Zolkples Embong သည် အရှေ့မလေးရှားပြည်နယ်များအား "ကုန်ကျစရိတ်မြင့်မားခြင်း"ကို အဓိကအကြောင်းပြချက်အဖြစ် ရည်ညွှန်း၍ မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။[7]
ပြည်နယ် | အားကစားကွင်း | အားကစားအမျိုးအစား |
ကွာလာလမ်ပူ | အမျိုးသားအားကစားရုံစု | |
---|---|---|
အမျိုးသားရေကူးကန် | ရေပိုင်းဆိုင်ရာအားကစားနည်းများ | |
Sintetic Turf Field | မြားပစ် | |
ဘူကစ်ဂျာလီ အမျိုးသား အားကစားကွင်း | ပြေးခုန်ပစ်၊ ဘောလုံး | |
ပူထရာ မိုးလုံလေလုံအားကစားရုံ | ကြက်တောင်ရိုက် | |
ဟော်ကီ | ||
ဘူကစ်ကီယာရာ အားကစားရုံစု | ||
National Lawn Bowls Centre | Lawn Bowls | |
Juara Stadium | Netball | |
အခြား | ||
MABA Stadium | ဘတ်စကက်ဘော | |
National Squash Centre | စကွက်ရှ် | |
ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ | ဘီလီယက်နှင့် စနူကာ၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ပန်ကြတ်ဆီလတ် | |
Malaysian International Trade & Exhibition Centre | လက်ဝှေ့၊ ဓားသိုင်း၊ ကျွမ်းဘား၊ ရုံတွင်းဟော်ကီ၊ မွေထိုင်း၊ အလေးမ၊ စားပွဲတင်တင်းနစ် | |
ကွာလာလမ်ပူ အားကစားကွင်း | ဘောလုံး | |
မာလာယာတက္ကသိုလ် | ဘောလုံး | |
Raintree Club | စကွက်ရှ် | |
Pudu Ulu Recreational Park, Kuala Lumpur | ပီတန်း | |
National Tennis Centre, Jalan Duta | တင်းနစ် | |
Badminton Stadium Cheras | ဘောလီဘော | |
Titiwangsa Indoor Stadium | ပိုက်ကျော်ခြင်း | |
Empire City Ice Arena | ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်စီး | |
ဆီလန်ဂေါပြည်နယ် | Universiti Teknologi MARA, Shah Alam | ဘောလုံး |
Shah Alam Stadium | ဘောလုံး | |
Selayang Stadium | ဘောလုံး | |
Kinrara Oval, Puchong | ခရစ်ကတ် | |
3Q Equestrian Park Rawang | မြင်းစီး | |
The MINES Resort City Golf Club | ဂေါက်သီးရိုက် | |
MBPJ Stadium | ရက်ဘီ (၇ယောက်) | |
အမျိုးသားသေနတ်ပစ်ကွင်း | သေနက်ပစ် | |
Megalanes, Sunway Pyramid | ဘိုးလင်း | |
Panasonic Stadium Shah Alam | ဖူဆယ် | |
ပူတရာဂျာယပြည်နယ် | ပူတရာဂျာယကန် | သုံးမျိုးဆင့်အားကစား၊ ရေလွှာလှိုင်းစီး၊ ရေကူး |
ပူတရာဂျာယ | စက်ဘီးစီး၊ ပြေးခုန်ပစ် (မာရသွန်) | |
ပူတရာဂျာယ မြင်းစီးကွင်း | မြင်းစီး (ပိုလို) | |
နဲဂဲရီ ဆမ်ဘီလန်ပြည်နယ် | Nilai Velodrome and BMX Circuit | စက်ဘီးစီး (Track)၊ စက်ဘီးစီး (BMX) |
Nilai Square | စက်ဘီးစီး | |
တီရန်ဂါနူပြည်နယ် | တီရန်ဂါနူ အပြည်ပြည်ဆိုင်ရာ မြင်းစီးကွင်း | မြင်းစီး (Endurance) |
ကီဒါ့ချ်ပြည်နယ် | အမျိုးသားရွက်လှေစင်တာ | ရွက်လှေ |
ပြိုင်ပွဲကျင်းပသူများသည် ဆီးဂိမ်းပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်းအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေတနာ့ဝန်ထမ်း ခန့်မှန်း ၂၀,၀၀၀ ခန့်လိုမည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုစေတနာ့ဝန်ထမ်းများသည် အမှတ်ရေတွက်ခြင်း၊ ပွဲကြည့်ပရိသတ်ထိန်းသိမ်းခြင်း၊ လတ်မှတ်ရောင်းချခြင်းနှင့် ပရိုမိုးရှင်းများပြုလုပ်ခြင်းကဲ့သို့သော မတူညီကွဲပြားသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ စေတနာ့ဝန်ထမ်းများအား လေ့ကျင့်ပေးခြင်းကို ပြိုင်ပွဲအထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် လာဘ်ကောင်အရုပ်များအား မိတ်ဆက်ပြသခဲ့သော ၂၁ နိုဝင်ဘာ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လအထိဖြစ်သည်။[8] စေတနာ့ဝန်ထမ်းအတွက် လူ ၅၀,၀၀၀ မျှ စာရင်းသွင်းခဲ့ကြသည်။ အာကစားပြိုင်ပွဲစေတနာ့ဝန်ထမ်းများအစီအစဉ်ကို ဘန်ဂီရှိ မလေရှားအမျိုးသားတက္ကသိုလ်တွင် ရှင်းလင်းခဲ့ပြီး အဆင့်လေးဆင့်ပါဝင်ကာ ဖေဖော်ဝါရီလမှ ဇွန်လအထိဖြစ်သည်။[9] အွန်လိုင်းမှ လျှောက်ထားသူ ၅၀,၀၀၀ အနက်မှ ၁၉,၀၀၀ ကို ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်းများအဖြစ် ရွေးချယ်ခဲ့ပြီး ၉,၀၀၀ မှာ ဆီးဂီမ်းပြိုင်ပွဲအတွက် ဖြစ်ပြီး ကျန် ၄,၀၀၀ မှာ မသန်စွမ်းအားကစားပြိုင်ပွဲအတွက်ဖြစ်သည်။[10]
အွန်လိုင်းမှတဆင့် လတ်မှတ်များကို ၄ ရက် ဇူလိုင် ၂၀၁၇ မှစတင်၍ ရောင်းချခဲ့သည်။ ထို့ပြင် လူထုမှ ပိုမိုပါဝင်အားပေးမှုရှိစေရန် အားကစားပွဲ ၂၄ ခုဖြစ်သော ရေကူးအဖွင့်ပွဲများနှင့် စက်ဘီးစီး (BMX and road)ပွဲများတွင် ပွဲကြည့်ပရိသတ်အတွက် အခမဲ့ကြည့်ရှုခွင့်နှင့် အခြားသော ၁၂ မျိုးဖြစ်သည့် ရေကူး(diving, swimming, synchronised and water polo events) နှင့် စက်ဘီးစီး (track events) များကို လူအများ တက်နိုင်သော ပမာဏဖြစ်သည့် မလေးရှားရင်းဂစ် ၁၀ မှ ၂၀ အကြား သတ်မှတ်ပေးခဲ့ကြောင်း ထို ဇူလိုင်လ ၄ ရက် ၂၀၁၇ နေ့တွင်ပင် ကြေညာခဲ့သည်။[11]
အားကစားပြိုင်ပွဲ၏ လုံခြုံရေးကို အဓိကတာဝန်ယူသော အဖွဲ့အစည်းမှာ တော်ဝင်မလေးရှားရဲတပ်ဖွဲံ့ ဖြစ်သည်။ ရဲတပ်ဖွဲ့သည် မမျှော်လင့်နိုင်သော အခြေအနေများနှင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် လေ့ကျင့်ခန်း ၆ ခု ပြုလုပ်ခဲ့သည်။[12]
ပြိုင်ပွဲ၏ ဆုတံဆိပ်ကို Royal Selangor ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဆုတံဆိပ်များကို ၃၀ မေလ ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့ပြီး ထိုနေ့တွင်ပင် Royal Selangor ကုမ္ပဏီသည် အားကစားပြိုင်ပွဲအတွက် အဓိကစပွန်ဆာကုမ္ပဏီအဖြစ် ကြေညာခဲ့ပြီး ကုမ္ပဏီ၏ ရည်မှန်းငွေ မလေးရှားရင်းဂစ် ၈၀ မီလီယံထက်ပို၍ ၈၂.၆ မီလီယံ ထောက်ပံ့ခဲ့သည်။[13][14] ဆုတံဆိပ်တွင် နူးညံသော အဝိုင်းငွေများနှင့် အနားကွပ်များပါဝင်ပြီး ခဲနှင့် သံဖြူကို ရောစပ်ထားသော သတ္ထုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဆုတံဆိပ်၏ ခေါင်းဘက်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်း လိုဂိုဖြစ်ပြီး ပန်းဘက်တွင် အားကစားပြိုင်ပွဲ လိုဂိုကို ထည့်သွင်းထားသည်။
အားကစားဝန်ကြီး Khairy Jamaluddin သည် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် မလေးရှားရင်းဂစ် ၈၀ မီလီယံ(USD18 million) ထက်မပိုနိုင်ရန် မျှော်မှန်းထားကြောင်း ပြောခဲ့သည်။[15] ၂၀၁၇ ခုနှစ် ဘတ်ဂျက်ကာလတွင် အစိုးရသည် မလေးရှားရင်းဂစ် ၅၀၀ မီလီယံထက် မပိုဟု စီရင်ခံခဲ့ပြီး[16] မလေးရှားဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ အားကစားပြိုင်ပွဲလက်ခံကျင်းပရန် မလေးရှားရင်းဂစ် ၄၅၀ မီလီယံကုန်ကြခဲ့ကြောင်း ပြောကြားခဲ့သည်။[17]
နှိုင်းယှဉ်ချက်များအရ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့စဉ်က မလေးရှားရင်းဂစ် ၇၄၀ မီလီယံ (SGD264 million, using the then SGD/MYR exchange rate of 2.80, as opposed to the current rate of 3.15)၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့စဉ်က မလေးရှားရင်းဂစ် ၁ ဘီလီယံ အသီးသီး သုံးစွဲခဲ့ကြသည်။ [18][19]
အားကစားပြိုင်ပွဲကျင်းပခြင်း၏ ကဏ္ဍတစ်ရပ်အဖြစ် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးကို အလေးထား၍ ၅ ဇွန် ၂၀၁၇ ခုနှစ်တွင် Kuala Lumpur 2017 Green Initiatives ကို ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။[20][21] အစိမ်းရောင်ခြေလှမ်းများလှုပ်ရှားမှုအတွက် 'ဆုတံဆိပ် တစ်ခု၊ သစ်ပင် တစ်ပင်' အစီအစဉ်ကို ဆောင်ရွက်ခဲ့ကာ ကွာလာလမ်ပူအာကစားမြို့တွင်းနှင့် မြို့ပတ်လည်တွင် ၅၂၄၉ ပင် စိုက်ပျိုးရန် ရည်ရွယ်ခဲ့သည်။[22] အခြားသောလှုပ်ရှားမှုများတွင် စွန့်ပစ်ပစ္စည်းများအား ပြန်လည်သန့်စင်ခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးများအား ထောက်ပံ့ပေးခြင်းနှင့် အဓိကကစားကွင်းအတွင်း အားကစားပြိုင်ပွဲများအား လျှပ်စစ်ကားများ ထောက်ပံ့ပေးခြင်းတို့ ပါဝင်သည်။
အားကစားပွဲတော်ကျင်းပစဉ် ၁၉ မှ ၃၀ ဩဂုတ်အတွင်း ၂၈ မျိုးသော အားကစားပြိုင်ပွဲများကို ရုပ်သံများဖြင့် တိုက်ရိုက်ထုတ်လွင့်လိမ့်မည် ဖြစ်သည်။ [23]
* အိမ်ရှင်နိုင်ငံ (မလေးရှား)
အရှေ့တောင်အာရှနိုင်ငံများမှ ၂၀၁၇ ဆီးဂိမ်း ရုပ်သံထုတ်လွင့်ခွင့်ရှိသော ရုပ်သံလိုင်းများ | |||||
---|---|---|---|---|---|
IOC Code | နိုင်ငံ | Broadcast network | ရုပ်သံကွန်ယက် | ရေဒီယိုကွန်ယက် | ဒစ်ဂျစ်တယ်ကွန်ယက် |
BRU | ဘရူနိုင်း | Radio Televisyen Brunei Kristal-Astro |
RTB Perdana Astro Arena Astro Arena HD |
Ai FM Hot FM One FM |
|
CAM | ကမ္ဘောဒီးယား | Radio and Television of Cambodia | Television of Cambodia | Radio of Cambodia | |
INA | အင်ဒိုနီးရှား | TVRI[24] MNC Media[25] Emtek[25] |
TVRI MNC TV SCTV Indosiar |
Radio Republik Indonesia | Nexmedia, Vidio.com |
LAO | လာအို | Laos National Radio and Television | Lao National Television | Lao National Radio | |
MAS | မလေးရှား* | Astro[26] HyppTV[27][26] |
TV1 TV2 TV3 TV9 TVi Astro Arena Astro Arena HD Hypp Sports HD |
Ai FM Hot FM KL FM Minnal FM Nasional FM One FM TEA FM Traxx FM |
Media Prima (Tonton) Astro (Astro Go & NJOI Now) HyppTV (HyppTV Everywhere) |
MYA | မြန်မာ | မြန်မာ့အသံနှင့်ရုပ်မြင်သံကြား | မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စကိုင်းနက် MRTV-4 |
မြန်မာ့အသံ | |
PHI | ဖိလစ်ပိုင် | PTV[28] | TV5 | Radyo Pilipinas 3 918 kHz | |
SIN | စင်ကာပူ | Mediacorp[29] | Mediacorp oktoSports | MediaCorp Radio 938LIVE | Mediacorp (Toggle) |
THA | ထိုင်း | Television Pool of Thailand (TPT) | NBT channel | NBT Radio | |
TLS | အရှေ့တီမော | RTTL | Televisão Timor Leste | Radio Timor Leste | |
VIE | ဗီယက်နမ် | VTV HTV |
VTV2 VTV6 HTV9 HTV Thể Thao |
Voice of Vietnam | K+, VTVcab |
ပြိုင်ပွဲတစ်လျှောက်တွင် များစွာသော နည်းပညာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး[30][31][32] အောက်တွင် ထိုဖြစ်ရပ်များအနက်မှ အချို့ကို ဖော်ပြထားသည်။[33][34][35]
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာအားဖြင့် "Rising Together" (သို့) မလေးရှားဘာသာအားဖြင့် "Bangkit Bersama" ဟူ၍ ဖြစ်သည်။[37] ထိုဆောင်ပုဒ်အား ရွေးချယ်ခဲ့ခြင်းမှာ အထူးသဖြင့် အာဆီယံနိုင်ငံများအကြား ညီညွတ်မှုကို ဖော်ညွှန်းလို၍ ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း တည်တောင်ပြီး ပထမဆုံးပြုလုပ်သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် ကွာလာလမ်ပူ ၂၀၁၇ အားကစားပြိုင်ပွဲကို သိသာထင်ရှားစေလို၍လည်း ဖြစ်သည်။[38]
၂၀၁၇အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဝါအူ ဘူလန်(Wau Bulan)လိုခေါ်သော မလေးရှားကျွန်းဆွယ်၏ အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် လူသိများသော လခြမ်းပုံသဏ္ဌာန် စွန်ပုံဖြစ်သည်။ အရောင်များနှင့် အစင်းများသည် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံ၏ အလံများ၏ အရောင်များကို ယူ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ နိုင်ငံလုံးအနှံတွင် အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ် ရွေးချယ်ရန် ကျင်းပခဲ့ပြီး ဒီဇိုင်းပြိုင်ပွဲတွင် ၁၇၄ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။[39] ကွာလာလမ်ပူ ၂၀၁၇ အထိမ်းအမှတ်တံဆိပ်သည် ၂၀၁၇ ခုနှစ် ပါရာဆီးဂိမ်းအတွက်လည်း အတူတူပင် အသုံးပြုခဲ့သည်။
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ မလေးရှားကျားပုံဖြစ်ပြီး Rimau ဟု အမည်ရသည်။ ထိုလာဘ်ကောင်ရုပ်ကို လိုဂို၊ ပြိုင်ပွဲသီချင်းနှင့်အတူ ၁၄ နိုဝင်ဘာ ၂၀၁၅ ခုနှစ်တွင် ပွဲထုတ်ပြသခဲ့သည်။ လာဘ်ကောင်ရုပ်၏အမည်မှာ မလေးရှားဘာသာဖြင့် ကျားဟု အဓိပ္ပာယ်ရရုံသာမက သူ၏ စကားလုံးတစ်လုံးသည်လည်း အဓိပ္ပာယ်တစ်မျိုးစီရရှိပြီး Respect(အပြန်အလှန်လေးစားမှု)၊ Integrity(တည်ကြည်မှု)၊ Move(လှုပ်ရှားမှု)၊ Attitude(စိတ်ထား)၊ Unity(ညီညွတ်မှု) ဟူ၍ ဖြစ်သည်။ သူသည် ယဉ်ကျေးပျူငှာခြင်း၊ ဖော်ရွေရင်းနှီးခြင်း၊ ယှဉ်ပြိုင်လိုစိတ်နှင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများအဖြစ် ဖော်ဆောင်သည်။[40]
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပဓာနသီချင်း လေးပုဒ်ရှိသည်။ ၉ မေ ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော 100 day countdown ပွဲတွင် မလေးရှားနိုင်ငံသားတို့သည် အဆိုတော် ဒါယန်း နျူရ်ဖိုင်ဇက်(Dayang Nurfaizah)နှင့် သီချင်းရေးဆရာ Ramli MS တောင်းဆို၍ ပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် "Rising Together" ဆောင်ပုဒ်နှင့် ဆက်နွယ်သော သူတို့၏ စိတ်ကူးစိတ်သန်းများ၊ ဇာတ်ကြောင်းများကို လူအများပါဝင်သော ကမ်ပိန်းများမှတဆင့် လူမှုဝဘ်ဆိုက်သို့ ဖော်ပြခဲ့ကြပြီး ပြိုင်ပွဲ၏ ပဓာနသီချင်းတစ်ပုဒ်ကို စပ်သီခဲ့ကြသည်။ ၈ ဩဂုတ် ၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲ၏ ပဓာနတေးသွားတစ်ပုဒ်ကို ပြသခဲ့ပြီး ၎င်းသီချင်း၏ အမည်ကို "Rising Together" (Bangkit Bersama) ဟူ၍ အမည်ပေးထားခဲ့သည်။[41]
၂ ဩဂုတ်လ ၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲအတွက် သီချင်းတစ်ပုဒ်ဖြစ်သော "Tunjuk Belang" (Show The Stripes) ကို ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းတွင် monoloQue၊ Azlan Typewriter နှင့် maliQue တို့ပါဝင်သီဆိုထားသည်။ ထိုသီချင်းသည် ရော့ခ်အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်ပြီး ရိုးရာနှင့် ခေတ်ပေါ်သံစဉ်တို့ကို ရောစပ်ထားသည်။[42] ထိုသီချင်းအား ရေးစပ်သူနှင့် ထုတ်လုပ်သူမှာ maliQue ဖြစ်သည်။[43] သီချင်းခေါင်းစဉ်၏ အဓိပ္ပာယ်မှာ မိမိ၏ စစ်မှန်သော အရောင်များကို ပြသခြင်းဟု ဆိုလိုပြီး "Belang" သည် အစင်းကို ဆိုလိုသည်အပြင် ပြိုင်ပွဲအတွက်ဖြစ်သော လာဘ်ကောင်ရုပ်ကိုလည်း ရည်ညွှန်းလိုသည်။[43]
နောက်ထပ်သီချင်းတစ်ပုဒ်မှာ "So Many Hands" (Tangan-Tangan Yang Menjulang) ဖြစ်ပြီး အစောပိုင်း ၁၃ ဇူလိုင် ၂၀၁၇ ကတည်းက ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းကို ကွာလာလမ်ပူ ၂၀၁၇ အတွက် ပရိုမိုရှင်းဗွီဒီယိုတွင် Mia Palencia မှ အင်္ဂလိပ်လိုသီဆိုပြီး Asmidar မှ မလေးဘာသာဖြင့် သီဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအား ချန်ပီယံအဖြစ်သို့ ခေါ်ဆောင်သွားခြင်း(Bersama Kita Lahirkan Juara) ဟုဆိုလိုသည်။[44]
ပြိုင်ပွဲပိတ်ပွဲအတွက် သီချင်းမှာ "Together We Rise" ဖြစ်ပြီး ၃၀ ဩဂုတ် ၂၀၁၇ ခုနှစ်တွင် Vince Chong နှင့် Jaclyn Victor တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။
Dentsu Sports Asia နှင့် Sportswork Group ကုမ္ပဏီများသည် ၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် sponsorship agencies များဖြစ်ကြပြီး ဇန်နဝါရီ ၂၀၁၆ ခုနှစ်တွင် တရားဝင်ကြေညာခဲ့သည်။[45] Dentsu Sports Asia သည် အပြည်ပြည်ဆိုင်ရာနှင့်ဆက်နွယ်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီး Sportswork Group သည် မလေးရှားကုမ္ပဏီများကို မလေးရှားအစိုးရနှင့် ချိတ်ဆက်ပေးသည်။[46]
ကုမ္ပဏီများ၏ ပြိုင်ပွဲအတွက် ထောက်ပံ့ပေးသော ငွေကြေးပေါ်မူတည်၍ ထောက်ပံ့ပေးမှုအဆင့် ၄ ဆင့်ခွဲ၍ ထားသည်။ Bronze sponsors များသည် မလေးရှားရင်းဂစ် ၁ မီလီယံနှင့် ထိုထက်နည်းပါး၍ ထောက်ပံ့နေသော သူများဖြစ်ပြီး၊ မလေးရှားရင်းဂစ် ၁ မီလီယံမှ ၃ မီလီယံ ထိ ထောက်ပံ့သူများသည် Silver sponsors၊ မလေးရှားရင်းဂစ် ၃ မီလီယံမှ ၇.၅ မီလီယံအထိ ထောက်ပံ့သူများကို Gold sponsors၊ မလေးရှားရင်းဂစ် ၇.၅ မီလီယံမှ ၁၅ မီလီယံအထိ ထောက်ပံ့သူများကို Platinum sponsors ဟူ၍ အသီးသီး ခွဲခြားသတ်မှတ်ထားခဲ့သည်။[47]
စပွန်ဆာကုမ္ပဏီပေါင်း ၃၉ ခုရှိပြီး ၎င်းတို့အထဲတွင် Platinum sponsors ၆ ခု၊ Gold sponsors ၆ ခု၊ Silver sponsors ၉ ခုနှင့် Bronze sponsors ၁၈ ခုပါဝင်သည်။
၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကမကထပြု ကုမ္ပဏီများ | |
---|---|
အဆင့်အတန်း | ကမကထပြု ကုမ္ပဏီများ |
ပလက်တီနမ် | Telekom Malaysia၊[47] Naza (Groupe PSA)၊[48]FBT၊[47] Ajinomoto၊[49][46] Petronas၊[50] Rapid KL[51] |
ရွှေ | Malaysia Airports၊[47] AirAsia၊[52] Traveloka၊[53] Grab၊[54][55] Tenaga Nasional၊ Sony (Sony Music)[51] |
ငွေ | 100Plus၊[47] Milo၊[47] SCGM BHD–Benxon၊[47] Prudential၊ McDonald's၊[56] Spritzer၊[57] Pavilion Kuala Lumpur၊ Royal Selangor၊[55] AEON Malaysia[51] |
ကြေး | Double Happiness၊ Gloria Jean's Coffees၊ JVC Kenwood၊ La Martina၊ Maha Mas Medic၊ Maju Group၊ Marathon Thailand၊ Maxwin၊ Mikasa-Sunrise၊ MLS-Zimmer-Airflex၊ Molten Corporation၊ MRCB၊ Nittaku၊ Otto Bock၊ Sunstar, Trybe၊ Victor, Wiraka[51] |
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် ၁၉ ဩဂုတ် ၂၀၁၇ ခုနှစ် MST (UTC+8) ၂၀:၁၇ တွင် စတင်ကျင်းပခဲ့ပြီး မလေးရှားယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို အဓိကထား ပြသခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပမှု ဦးစီးခြင်းကို မလေးရှားရုပ်ရှင်ဒါရိုက်တာ Saw Teong Hin မှ မလေးရှားတပ်မတော်နှင့် ပူးပေါင်း၍ Memories Entertainment creative team မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။[58][59][60] ဖွင့်ပွဲကျင်းပချိန်ကို မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အမှတ်ရစေရန် ရည်ရွယ်၍ ၂၀:၁၇ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၁၇အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဩဂုတ်လ ၃၀ရက်နေ့ ည ၈:၂၁ အချိန်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် နာဂျစ်က ပွဲတော်ကို ပိတ်သိမ်းပေးခဲ့ပြီး ၂၀၁၉အားကစားပွဲတော်ကို လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံသို့ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အလံကို လွှဲပြောင်းပေးအပ်ခဲ့သည်။
OC | ဖွင့်ပွဲအခမ်းအနား | ● | ပြိုင်ပွဲယှဉ်ပြိုင်ခြင်း | 1 | ရွှေတံဆိပ်ချီးမြှင့်ခြင်း | CC | ပိတ်ပွဲအခမ်းအနား |
၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲပေါင်း ၄၀၄ ခုကျင်းပခဲ့ရာ ဆုတံဆိပ် ၄၀၄ ခုကို ချီးမြှင့်ရမည်ဖြစ်သည်။ အမျိုးသမီးအမြင့်ခုန်နှင့် men's pommel horse ပြိုင်ပွဲများတွင် ပထမနေရာကို ပူးတွဲရရှိခဲ့သဖြင့် ထိုပြိုင်ပွဲများအတွက် ရွှေတံဆိပ်ကို ၂ ခုစီ ချီးမြှင့်ခဲ့သည်။ ထိုကြောင့် ထိုပြိုင်ပွဲများအတွက် ငွေတံဆိပ်ကို ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ချေ။
အချို့သော ပြိုင်ပွဲများ၌ ကြေးတံဆိပ်နှစ်ခု ချီးမြှင့်ခဲ့ရာ သိုင်းပညာပြိုင်ပွဲတချို့နှင့် ရော့ကတ်ဖြင့် ရိုက်၍ကစားရသော ပြိုင်ပွဲအားလုံးပါဝင်သည်။ ထို့ပြင် Rhythmic Gymnastics women's hoop dvent နှင့် Swimming women's 50 m backstroke event တို့တွင် ကြေးတံဆိပ်ကို ပူးတွဲရရှိခဲ့ရာ နောက်ထပ်အနေဖြင့် ကြေးတံဆိပ်စုစုပေါင်း ၁၂၃ ခု ထပ်တိုးချီးမြှင့်ခဲ့သည်။ အခြားအနေဖြင့် men's 3000 m relay short track speed skating တွင် ကြေးတံဆိပ်ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် စုစုပေါင်းအနေဖြင့် ပြိုင်ပွဲတွင် ဆုတံဆိပ် ၁၃၃၄ ခု ချီးမြှင့်ခဲ့ရာ ရွှေတံဆိပ်စုစုပေါင်း ၄၀၆ ခု၊ ငွေတံဆိပ်စုစုပေါင်း ၄၀၂ ခု၊ ကြေးတံဆိပ်စုစုပေါင်း ၅၂၆ ခု ပါဝင်ခဲ့သည်။ အိမ်ရှင်မလေးရှားအနေဖြင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်အများဆုံးရရှိခဲ့ရာ ၎င်းနောက်တွင် ထိုင်း၊ ဗီယက်နမ်တို့မှ အသီးသီးရရှိခဲ့သည်။
* အိမ်ရှင်နိုင်ငံ (မလေးရှား)
အဆင့် | နိုင်ငံ | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | မလေးရှား* | ၁၄၅ | ၉၂ | ၈၆ | ၃၂၃ |
၂ | ထိုင်း | ၇၂ | ၈၆ | ၈၈ | ၂၄၆ |
၃ | ဗီယက်နမ် | ၅၈ | ၅၀ | ၆၀ | ၁၆၈ |
၄ | စင်ကာပူ | ၅၇ | ၅၈ | ၇၃ | ၁၈၈ |
၅ | အင်ဒိုနီးရှား | ၃၈ | ၆၃ | ၉၀ | ၁၉၁ |
၆ | ဖိလစ်ပိုင် | ၂၄ | ၃၃ | ၆၄ | ၁၂၁ |
၇ | မြန်မာ | ၇ | ၁၀ | ၂၀ | ၃၇ |
၈ | ကမ္ဘောဒီးယား | ၃ | ၂ | ၁၂ | ၁၇ |
၉ | လာအို | ၂ | ၃ | ၂၁ | ၂၆ |
၁၀ | ဘရူနိုင်း | ၀ | ၅ | ၉ | ၁၄ |
၁၁ | အရှေ့တီမော | ၀ | ၀ | ၃ | ၃ |
စုစုပေါင်း (၁၁ နိုင်ငံ) | ၄၀၆ | ၄၀၂ | ၅၂၆ | ၁,၃၃၄ | |
Source: 2017 SEA Games Medal Standings |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.