From Wikipedia, the free encyclopedia
အားကစားနှင့်ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ၆ ကျောင်းအပါအဝင် ဌာနခွဲ ၁၅ ခု ရှိသည်။
မြန်မာနိုင်ငံတော်အစိုးရအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၇၂ |
ဌာနချုပ် | ရုံးအမှတ် (၃၁)၊ နေပြည်တော်၊ မြန်မာနိုင်ငံ |
ဝန်ကြီးများ | ဦးမင်းသိန်းဇံ |
ဌာနအကြီးအမှူးများ | ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ |
ဝက်ဘ်ဆိုက် | spedmyanmar.com |
၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို ကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအနေဖြင့် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် "အားကစားနှင့်ကာယပညာဦးစီးဌာန"အနေဖြင့် ဖွဲ့စည်းကာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းကာ ဖွဲ့စည်းခဲ့သည်။ အားကစား ဝန်ကြီးဌာန ဖွဲ့စည်းချိန်တွင် အားကစားဝန်ကြီးဌာနအောက်သို့ ပြောင်း၍ ဖွဲ့စည်းကာ ၂၀၁၆ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ထားရှိသည်။
၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက် ၎င်းအောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့သည်။[1][2][3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.