အာဇာနည်နေ့
မြန်မာပြည် လွတ်လပ်အောင်စွမ်းဆောင်ပေးခဲ့သော အာဇာနည်များအား အမှတ်ရအောက်မေ့သည့် အမှတ်တရနေ့ / From Wikipedia, the free encyclopedia
အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ကျင်းပခြင်းဖြစ်သည်။ ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်ကန္နားများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြလေသည်။[1]
အချက်တိုများ အာဇာနည်နေ့, ကျင်းပသည့်နိုင်ငံ ...
အာဇာနည်နေ့ | |
---|---|
ကျင်းပသည့်နိုင်ငံ | ![]() |
အမျိုးအစား | နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ |
နေ့ရက် | ၁၉ ဇူလိုင် |
အကြိမ် | နှစ်စဉ် |
ပိတ်ရန်