အာခီးယာ
ပရိုကာယိုတစ် အဏုဇီဝသက်ရှိများ၏ နယ်ပယ် / From Wikipedia, the free encyclopedia
အာခီးယာ (/ɑːrˈkiːə/ ( နားဆင်) ar-KEE-ə) သည် ဇီဝဗေဒ နယ်ပယ်တွင် ကလပ်စည်းဝတ်ဆံ (cell nuclei) ကင်းမဲ့ကြသော ဆဲလ်တခုတည်းရှိ သက်ရှိများဖြစ်ကြသည်။ အာခီးယာများကို မူလက ဘက်တီးရီးယားဟု အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဘက်တီးရီးယားအုပ်စုမှ ဖယ်ထုတ်ခဲ့သည်။[2] အာခီးယာသည် သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ် ဖြစ်သော ဘက်တီးရီးယား၊ ယူကာယုတ်တို့မှ ကွဲပြားခြားနားသည်။ အာခီးယာများကို ထပ်မံ၍ များစွာသော မျိုးပေါင်းစုများအဖြစ် ပိုင်းခြားသေးသည်။ ယင်းတို့အား အမျိုးအစားခွဲခြားရန် အလွန်ခက်ခဲပြီး အများစုကို ဓာတ်ခွဲခန်းတွင် ခွဲခြမ်းစိပ်ဖြာခြင်း မရှိကြသေးပေ။ အာခီးယာနှင့် ဘက်တီးရီးယားတို့သည် ပုံစံ၊ အရွယ်အစား ဆင်တူကြသည်။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, လောကများ ...
အာခီးယာ | |
---|---|
![]() | |
en:Halobacterium sp. strain NRC-1, each cell about 5 μm long | |
မျိုးရိုးခွဲခြားခြင်း ![]() | |
နယ်ပယ်: | Archaea Woese, Kandler & Wheelis, 1990[1] |
လောကများ | |
Synonyms | |
|
ပိတ်ရန်