အာကာသတပ်မတော်
From Wikipedia, the free encyclopedia
အာကသတပ်မတော် (အင်္ဂလိပ်: Space Force) ဆိုသည်မှာ အပြင်ဖက်အာကာသအခြေစိုက်၍ အာကာသစစ်ဆင်ရေးများကို ဆောင်ရွက်ရသော နိုင်ငံတစ်နိုင်ငံရှိတပ်မတော်၏ တပ်ဖွဲ့ခွဲဖြစ်သည်။ ကမ္ဘာ့ပထမဆုံးသော အာကာသတပ်မတော်သည် ၁၉၉၂ ခုနှစ်တွင် သီးခြားတပ်မတော်အဖြစ် ဖွဲ့စည်းခဲ့သော ရုရှားအာကာသတပ်မတော်ဖြစ်သည်။ သို့သော်လည်း ၎င်း၏လွတ်လပ်မှုကို နှစ်ကြိမ်ဆုံးရှုံးခဲ့ရသည်။ ပထမအကြိမ် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဗျူဟာမြောက်ဒုံးပျံတပ်မတော်ထဲသို့ ပေါင်းစည်းခံခဲ့ရပြီး ဒုတိယအကြိမ် ၂၀၁၅ ခုနှစ်တွင် ရုရှားလေတပ်နှင့်ပေါင်းစည်းကာ ရုရှားလေကြောင်းအာကာသတပ်မတော်ကို ဖွဲ့စည်းခဲ့ရာ ယခုအခါတွင် အဆိုပါတပ်မတော်၏ တပ်ဖွဲ့ခွဲအဖြစ်သာ တည်ရှိတော့သည်။[1] လက်ရှိသီးသန့်တပ်မတော်အနေဖြင့် အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်တည်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗျူဟာမြောက်ထောက်ပံ့ရေးတပ်ဖွဲ့သည်လည်း အာကာသစစ်ဆင်ရေးဆိုင်ရာတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
သေးငယ်သော သို့မဟုတ် ဖွံ့ဖြိုးဆဲ အာကာသတပ်များရှိသော နိုင်ငံများသည် ၎င်းတို့၏ လေတပ်နှင့်အာကာသတပ်များကို တပ်ဖွဲ့ခွဲတစ်ခုအဖြစ် ပေါင်းစပ်ကြသည်။