![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/64/Leber_Schaf.jpg/640px-Leber_Schaf.jpg&w=640&q=50)
အသည်း
From Wikipedia, the free encyclopedia
အသည်း (肝) သည် သတ္တဝါများ၏ အဓိက သက်ရှိအင်္ဂါ များထဲမှ တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် အဆိပ်ထုတ်ခြင်း၊ ပရိုတင်းများ ပေါင်းစပ်ခြင်း၊ အာဟာရများကို သိုလှောင်ခြင်း၊ သည်းခြေ နှင့် ယူရီးယား တို့ကို ထုတ်လုပ် ပေးသည်။ အသက်ရှင်သန်ရန်အတွက် အသည်းသည် လိုအပ်ပါသည်။
အသည်း (liver) | |
---|---|
![]() သိုးသည်း - (1) right lobe, (2) left lobe, (3) caudate lobe, (4) quadrate lobe, (5) hepatic artery and portal vein, (6) hepatic lymph nodes, (7) gall bladder. | |
![]() လူ့ဝမ်းဗိုက်အတွင်း အသည်း (နီ) တည်ရှိပုံ | |
အသေးစိတ် | |
Precursor | foregut |
စနစ် | အစာချေစနစ် |
သွေးလွှတ်ကြော | hepatic artery |
သွေးပြန်ကြော | hepatic vein, hepatic portal vein |
အာရုံကြော | celiac ganglia, vagus[1] |
Identifiers | |
လက်တင် | jecur, iecer |
MeSH | A03.620 |
TA | A05.8.01.001 |
FMA | 7197 |
Anatomical terminology |
၎င်းသည် ကျောရိုးရှိ သတ္တဝါ များနှင့် အခြားတိရစ္ဆာန်များ၏ အစာချေစနစ်တွင် အရေးပါသည့် အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ အသည်းသည် သက်ရှိများ၏ ဇီဝဖြစ်ပျက်မှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ အစာချေရာတွင် လိုအပ်သည့် ဓာတ်ပစ္စည်းများ ထုတ်ပေးခြင်း စသည်ဖြင့် လုပ်ဆောင်နိုင်စွမ်းရှိသည်။
ဆေးပညာတွင် အသည်းနှင့် ပတ်သက်သည့် အင်္ဂလိပ်ဝေါဟာရများသည် အသည်းဟု အဓိပ္ပာယ်ရှိသည့် ဂရိဘာသာ hēpar (ήπαρ) မှ ဆင်းသက်လာသည့် hepato- သို့မဟုတ် hepatic- နှင့် အစပြုလေ့ရှိသည်။ [2] ဥပမာအားဖြင့် အသည်းရောင် ရောဂါကို Hepatitis ဟုခေါ်သည်။