From Wikipedia, the free encyclopedia
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
အလင်္ကာကျော်စွာဘွဲ့ | |
---|---|
အလင်္ကာကျော်စွာ ပန်းချီ ဦးစောမောင် ရရှိခဲ့သည့် ဘွဲ့တံဆိပ်ပုံ | |
အမျိုးအစား | စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး |
ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။
အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ် အစိုးရများမှ ၂၀၁၁ခုနှစ်နောက်ပိုင်း ပြည်ထောင်စုအစိုးရများ လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၂၀) ကျော်သာ ရှိသည်။ ၂၀၂၁ခုနှစ်မှစ၍ တပ်မတော်မှဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ လက်ထက် ၂၀၂၂ခုနှစ်တွင်မူ မတ်လ၌ (၂၅)ဦး၊ ဧပြီလ၌ (၈)ဦး၊ နိုဝင်ဘာလ၌ (၇)ဦး စုစုပေါင်း (၄၀)ဦးအထိ အမြောက်အမြား ချီးမြှင့်ခဲ့သည်။[2][3]
ရွှေမန်းတင်မောင်၏သားဖြစ်သူ ညွန့်ဝင်းအား ၂၀၂၂ခုနှစ် မတ်လတွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဧပြီလတွင် နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ ရွှေနန်းတင်အား အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။[2]
စဉ် | အမည် | ရရှိသည့်နှစ် | ဓာတ်ပုံ | အမိန့်ကြေညာစာအမှတ်/ရက်စွဲ | မှတ်ချက် |
---|---|---|---|---|---|
၁ | ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း) | ၁၉၅၀ | အမှတ်(၇) ၄.၁.၁၉၅၀ | ||
၂ | ဆိုင်းဆရာဦးဟန်ပ | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
၃ | စောင်း ဆရာညိန်း(ဂီတအနုပညာသည်ကြီး) | ၁၉၅၃ | - | အမှတ်(၃) ၄.၁.၁၉၅၃ | |
၄ | ပတ္တလား ဆရာဘကလေး(မန္တလေး) | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
၅ | ဒေါ်စောမြဧကြည် | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
၆ | ပန်းချီဆရာကြီးဦးငွေကိုင် | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
၇ | မြန်မာ့ဇာတ်မင်းသားရွှေမန်းတင်မောင် | ၁၉၅၃ | အမှတ်(၃) ၄.၁.၁၉၅၃ | ||
၈ | ပြဇာတ်ဒါရိုက်တာဒဂုံဆရာတင် | ၁၉၅၃ | ? -၁၉၇၆ | အမှတ်(၃) ၄.၁.၁၉၅၃ | |
၉ | ဆိုင်းဆရာ ဦးဘမောင် | ၁၉၅၅ | - | အမှတ်(၁) ၄.၁.၁၉၅၅ | |
၁၀ | သီချင်းရေးဆရာဦးဧ(ရွှေပြည်အေး) | ၁၉၅၅ | အမှတ်(၁) ၄.၁.၁၉၅၅ | ||
၁၁ | စောင်းဦးဘသန်း | ၁၉၅၅ | အမှတ်(၁) ၄.၁.၁၉၅၅ | ||
၁၂ | ရုပ်ပြောင်၊ပန်းချီဆရာကြီးဦးဘဂျမ်း | ၁၉၅၅ | အမှတ်(၁) ၄.၁.၁၉၅၅ | (ကွယ်လွန်ပြီးမှ ရရှိ) | |
၁၃ | သီချင်းရေးဆရာမြို့မငြိမ်း | ၁၉၅၆ | အမှတ်(၂) ၄.၁.၁၉၅၆ | (ကွယ်လွန်ပြီးမှ ရရှိ) | |
၁၄ | ဇာတ်ပွဲ စာရေးဆရာဦးစံခို | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၁၅ | ရုပ်ရှင်ဒါရိုက်တာအေဝမ်းဦးတင်မောင် | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၁၆ | ပန်းချီဆရာကြီးဦးစောမောင် | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၁၇ | နိုင်ငံတော်တီးဝိုင်းနှင့် ပြဇာတ်အဖွဲ့ စိန်ဝေလျှံ (ခေါ်) ဦးတိုးဝေ | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၁၈ | စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးသုခ | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၁၉ | စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးဉာဏ | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၂၀ | ရုပ်ရှင်ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) | ၁၉၅၈ | အမှတ်(၂) ၄.၁.၁၉၅၈ | ||
၂၁ | ဒါရိုက်တာ ပန်းချီစိုးမိုး | ၂၀၁၆ | အမှတ် (၂/၂၀၁၆) ၄.၁.၂၀၁၆ | ||
၂၂ | ဒါရိုက်တာ စင်ရော်မောင်မောင် | ||||
၂၃ | ဂီတစာဆို ဟင်္သာတမြင့်ငွေ | ||||
၂၄ | ဆိုင်းဆရာကြီး စိန်စတင်း | ၂၀၂၀ | အမှတ် (၂/၂၀၂၀) ၄.၁.၂၀၂၀ | (ကွယ်လွန်ပြီးမှ ရရှိ)[4] | |
၂၅ | စွယ်စုံရအနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင် | ၂၀၂၂ | အမှတ် (၂၆/၂၀၂၂) ၂၇.၃.၂၀၂၂[5] | (ကွယ်လွန်ပြီးမှ ရရှိ) | |
၂၆ | စာရေးဆရာအယ်ဒီတာချုပ် ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ) | ||||
၂၇ | ဒါရိုက်တာ ကြည်စိုးထွန်း | ||||
၂၈ | စာရေးဆရာ ဦးလေးမြိုင် (လေးမြိုင်) | ||||
၂၉ | စာရေးဆရာ ဒေါက်တာခင်မောင်ညွန့် | ||||
၃၀ | စာရေးဆရာ ဒေါက်တာသော်ကောင်း | ||||
၃၁ | စာရေးဆရာ ဒေါက်တာခင်အေး (မောင်ခင်မင် (ဓနုဖြူ)) | ||||
၃၂ | စာရေးဆရာ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) | ||||
၃၃ | စာရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး) | ||||
၃၄ | စာရေးဆရာ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) | ||||
၃၅ | စာရေးဆရာ ဦးကိုလေး (ကိုလေး - အင်းဝဂုဏ်ရည်) | ||||
၃၆ | စာရေးဆရာ ဦးတင်ခ (တက္ကသိုလ်တင်ခ) | ||||
၃၇ | စာရေးဆရာ ဦးကျောက်ဆောက်သာနိုး (မောင်သာနိုး) | ||||
၃၈ | စာရေးဆရာ ဦးသန်းထွန်း (သိန်းသန်းထွန်း) | ||||
၃၉ | စာရေးဆရာ ဦးမြင့်လွင် (ဖိုးကျော့) | ||||
၄၀ | စာရေးဆရာ ဦးထွန်းရီ (ထွန်းရီ - ရှေးဟောင်းသုတေသီ) | ||||
၄၁ | စာရေးဆရာ ဦးတင်မောင်မြင့် | ||||
၄၂ | စာရေးဆရာ ဦးထွန်းအောင်ချိန် | ||||
၄၃ | စာရေးဆရာ မောင်မောင်လတ် (နောင်) | ||||
၄၄ | စာရေးဆရာ ဦးစိန်လှိုင် (သူရဇော်) | ||||
၄၅ | စာရေးဆရာ ဒေါ်ချိုချိုတင် (မစန္ဒာ) | ||||
၄၆ | သရုပ်ဆောင် ညွန့်ဝင်း | ||||
၄၇ | ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို | ||||
၄၈ | စွယ်စုံရအနုပညာရှင် ဝင်းဦး | (ကွယ်လွန်ပြီးမှ ရရှိ) | |||
၄၉ | သရုပ်ဆောင် ကောလိပ်ဂျင်နေဝင်း | (ကွယ်လွန်ပြီးမှ ရရှိ) | |||
၅၀ | ဂီတစာဆို နန်းတော်ရှေ့ဆရာတင် | ၂၀၂၂ | အမှတ် (၆၃/၂၀၂၂) ၁၇.၄.၂၀၂၂ | ||
၅၁ | ဂီတစာဆို ရွှေတိုင်ညွန့် | ||||
၅၂ | ဇတ်သဘင်ပညာရှင် ရွှေနန်းတင် | ||||
၅၃ | အဆိုပညာရှင် တွံတေးသိန်းတန် | ||||
၅၄ | ဂီတပညာရှင် စန္ဒရား ချစ်ဆွေ | ||||
၅၅ | ဂီတပညာရှင် စန္ဒရား လှထွတ် | ||||
၅၆ | အဆိုပညာရှင် သုမောင် | ||||
၅၇ | ဆိုင်းပညာရှင် စိန်ဗိုလ်တင့် | ||||
၅၈ | ဒါရိုက်တာ ဦးသာဓု | ၂၀၂၂ | အမှတ် (၂၁၁/၂၀၂၂) ၁၇.၁၁.၂၀၂၂ | ||
၅၉ | စာရေးဆရာမ ဒေါ်နုယဉ် (နုယဉ်) | ||||
၆၀ | စာရေးဆရာ ဦးဝင်းမောင် (မင်းယုဝေ) | ||||
၆၁ | စာရေးဆရာ ဦးမျိုးသန့် (မောင်ဆုရှင်) | ||||
၆၂ | စာရေးဆရာ ဦးတင်မောင် (သိပ္ပံမှူးတင်) | ||||
၆၃ | စာရေးဆရာ ဦးအောင်သင်း (အောင်သင်း) | ||||
၆၄ | စာရေးဆရာမ ဒေါက်တာတင်တင်ဝင်း (ဒေါက်တာမတင်ဝင်း-ပညာရေးတက္ကသိုလ်) |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.