![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/30/Photosynthesis_my.svg/langmy-640px-Photosynthesis_my.svg.png&w=640&q=50)
အလင်းမှီစုဖွဲ့ခြင်း
From Wikipedia, the free encyclopedia
ဖိုတိုဆင်းသီးဆစ် ခေါ် အလင်းမှီစုဖွဲ့ခြင်း (အင်္ဂလိပ်: Photosynthesis ) သည် အပင်နှင့်အချို့သက်ရှိများ သုံးသည့် ဆဲအသက်ရှုနည်းဖြင့် အလင်းစွမ်းအင်မှ ဓာတုစွမ်းအင်သို့ ကူးပြောင်းသော နည်းစဉ်တခု ဖြစ်သည်။ [1][2][3] ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ကို အလင်းစွမ်းအင်သုံးကာ သကြားဓာတ်၊ ကဆီဓာတ် စသော ကာဘိုဟိုက်ဒရိတ်မော်လီကျူးများအဖြစ် ပြောင်းလဲပြီး ဓာတုစွမ်းအင်အဖြစ် သိုလှောင်ခြင်းတည်း။ ရသော ဓာတုစွမ်းအင်ကို ၎င်းတို့လုပ်ဆောင်ချက်များအတွက် လောင်စာအဖြစ် သုံးသည်။ ဖိုတိုဆင်းသဆစ်ဟူသောဝေါဟာရမှာ ဂရိစကား အလင်းဟု အဓိပ္ပာယ်ရသည့် ဖို (φῶς) နှင့် ပေါင်းစပ်ခြင်းဟု အဓိပ္ပာယ်ရသော ဆန်းသဆစ် (σύνθεσις) တို့ကို စုရုံးခေါ်ဝေါ်ခြင်း ဖြစ်၏။[4][5][6] များသောအားဖြင့် စွန့်ပစ်ပစ္စည်းအဖြစ် အောက်ဆီဂျင်ကို ထုတ်ပေးသည်။ အပင်၊ ရေညှိနှင့် ဆိုင်ယန်နိုဘက်တီးရီးယားတို့သည် ဤနည်းကိုသုံးကာ အစာချက်ကြသဖြင့် အလင်းသုံးအစာချက်သက်ရှိများ (photoautotrophs) ဟု ခေါ်သည်။ ဖိုတိုဆင်းသဆစ်သည် ကမ္ဘာ့လေထုရှိ အောက်ဆီဂျင်ပါဝင်မှုကို အဓိကဖြစ်စေတည်စေသော အကြောင်းခံဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ အဓိကလိုအပ်သောစွမ်းအင်ကို ထောက်ပံ့ပေးသည်။ [7]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/30/Photosynthesis_my.svg/320px-Photosynthesis_my.svg.png)