![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/68/Shoulder_sleeve_insignia_of_South_East_Command_%2528right_side%2529.svg/langmy-640px-Shoulder_sleeve_insignia_of_South_East_Command_%2528right_side%2529.svg.png&w=640&q=50)
အရှေ့တောင်တိုင်းစစ်ဌာနချုပ်
မော်လမြိုင်မြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရတခ) သည် မော်လမြိုင်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်လင်းမောင် (ကြည်း - ၂၇၂၀၀) (စတသ - ၃၇) ဖြစ်သည်။
အချက်တိုများ အရှေ့တောင်တိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
အရှေ့တောင်တိုင်းစစ်ဌာနချုပ် | |
---|---|
ရတခ | |
![]() အရှေ့တောင်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | မျဉ်းစောင်း |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ်/ဗိုလ်ချုပ်ကျော်လင်းမောင် |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် ဇော်မင်းအောင် |
အဆောင်အယောင်များ | |
အလံတော် | ![]() |
ပိတ်ရန်