အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ဂျိမ်းဘာသဆိုင်ရာ လိုဏ်ဂူဘုရားမျာ From Wikipedia, the free encyclopedia
အယ်လိုရာ လှိုဏ်ဂူများ သည် အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ် အော်ရန်ဂါဘတ်ခရိုင်တွင် တည်ရှိသော ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ထားခြင်း ခံရသော နေရာတစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျောက်ဆောက်ကိုထွင်းထုထားသည့် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းတွဲလျှက် အဆောက်အဦးများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ နှင့် ဂျိမ်းဘာသာ ဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦးများနှင့် အနုပညာလက်ရာများ ပါဝင်ကာ အေဒီ ၆၀၀ မှ ၁၀၀၀ ကြားတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[1][2] လှိုဏ်ဂူအမှတ် ၁၆ သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျောက်တုံးထွင်းထုမှု ဖြစ်သည့် ကိုင်လာရှာ ဘုရားကျောင်း ရှိပြီး ၎င်းမှာ သီဝနတ်ဘုရားအား ရည်မှန်းထုဆစ်ထားသည့် စစ်ရထားပုံစံ ဘုရားကျောင်း ဖြစ်သည်။ ကိုင်လာရှာဘုရားကျောင်းမှ တူးဖော်တွေ့ရှိထားသည့်အရာများထဲတွင် ဘုရားများ၊ ဘုရားမများ၊ ဗိဿနိုးဝါဒနှင့် ရှက်တစ်ဇင် ဝါဒတို့တွင် တွေ့ရသော ဒဏ္ဍာရီများလည်း ပါဝင်ကာ အဓိကကျသော ဟိန္ဒူ ဇာတ်လမ်းရှည် ၂ ခုကို ပုံဖော်ထားသည့် ဖောင်းကြွပန်းချီများလည်း ရှိသည်။[3][4][5]
အယ်လိုရာ လှိုဏ်ဂူများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | အိန္ဒိယ |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i,iii,vi |
ကိုးကား | ၂၄၃ |
ဒေသ** | အာရှ နှင့် ပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၃ (သတ္တမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကမ္ဘာ့အံ့ခြီးဖွယ်ရာများတွင် တစ်ပါး အပါအဝင်ဟု ဆိုအပ်သော အယ်လိုရာလိုဏ်ဂူများသည် အိန္ဒိယ သမ္မတနိုင်ငံ ဟိုက်ဒရဗတ်ပြည်နယ်၏ အနောက်မြောက်နယ်စပ် တွင်ရှိ၍၊ အဇန္တလိုဏ်ဂူများမှ မိုင်၁ဝဝ ခန့် ဝေးကွာသည်။
အဇန္တလိုဏ်ဂူများနည်းတူ ရှေးခေတ် အိန္ဒိယ၏ ကိုးကွယ်မှုအယူဝါဒဆိုင်ရာ အနုပညာမြောက်သော အဆောက်အဦးများကြောင့် ထင်ရှားကျော်ကြားသည်။ ယင်းတို့ တွင် အဇန္တလိုဏ်ဂူများကဲ့သို့ ဗုဒ္ဓအယူဝါဒဆိုင်ရာ လိုဏ်ဂူများ ချည်းသာမဟုတ်ဘဲ ဗြဟ္မဏ(ဟိန္ဒူ) နှင့် ဂျိန်းအယူဝါဒဆိုင်ရာ လိုဏ်ဂူများပါ ပါဝင်လေသည်။ ထိုသို့တစ်နေရာတည်းတွင် အယူဝါဒကြီးသုံးခု၏ အရေးပါသော ကိုးကွယ်မှုဆိုင်ရာ အဆောက်အဦးများကို ယှဉ်တွဲတွေ့ရှိခြင်းသည် ထူးခြားမှု တစ်ရပ်ဖြစ်၍၊ ရှေးခေတ်အိန္ဒိယ၏ ကိုးကွယ်မှုဆိုင်ရာ သဘော ထားတစ်ရပ်ကို သရုပ်ပြနေသကဲ့သို့ ရှိပေသည်။
အဇန္တလိုဏ်ဂူများသည် ပန်းချီလက်ရာများကြောင့် ပိုမိုကျော်ကြားသော်လည်း အယ်လိုရာလိုဏ်ဂူများ၏ ကျော်ကြား မှုမှာ ဗိသုကာနှင့် ပန်းတမော့လက်ရာများကို အကြောင်းပြုပေ သည်။ ယင်းတို့သည် အိန္ဒိယနိုင်ငံတွင် အကြီးမားဆုံး၊ အကျယ် ဝန်းဆုံးသော ကျောက်ထွင်းဂူကျောင်း၊ တန်ဆောင်းများလည်း ဖြစ်ကြသည်။ လိုဏ်ဂူအားလုံးပေါင်း ၃၄ လုံးပါဝင်၍၊ အဇန္တ လိုဏ်ဂူများကဲ့သို့ပင် ဆန်းစလပုံသဏ္ဌာန် အနေအထားရှိသော ကျောက်တောင်ကြီးတွင် ပြောင်မြောက်သော ဗိသုကာလက်ရာ၊ ပန်းတမော့လက်ရာတို့ဖြင့် ဂူပေါက်များကို တည်ဆောက်ထား လေသည်။ သို့သော် အဇန္တလိုဏ်ဂူများကဲ့သို့ မတ်စောက်သော ချောက်ကမ်းပါး၏ ခုလတ်တွင် ထွင်းထားသည်မဟုတ်ချေ။ တောင်စောင်း ဆင်ခြေလျှောပြေပြေ၌ တည်ဆောက်ထားသဖြင့် များစွာသော လိုဏ်ဂူများတွင် ရှေ့ဘက်၌ရင်ပြင်ကျယ်များရှိ သည်။
ဆန်းစလ၏ပုံသဏ္ဌာန်တည်နေသော ကျောက်တောင် ကြီးသည် တောင်နှင့်မြောက်တန်းလျက် တစ်လေးပိုင်းတစ်ပိုင်း မိုင်ခန့် ရှည်လျားသည်။ တောင်ဘက်အစွန်းဖြစ်သော တောင် စွယ်တွင် ဗုဒ္ဓအယူဝါဒဆိုင်ရာလိုဏ်ဂူ ၁၂၊ အလယ်ခုံးခုံးနေရာ တွင် ဗြဟ္မဏ(ဟိန္ဒူ)အယူဝါဒဆိုင်ရာလိုဏ်ဂူ ၁၇လုံး၊ မြောက် ဘက် အစွန်းတောင်စွယ်၌ ဂျိန်းအယူဝါဒ ဆိုင်ရာလိုဏ်ဂူ ငါးလုံးရှိလေသည်။
ယင်းတို့ကို တစ်ခေတ်တည်း တစ်ချိန်တည်း၌ တည် ဆောက်ခဲ့ခြင်းများမဟုတ်မူ၍၊ ခရစ်နှစ် လေးရာစုမှ ၁၃ ရာစု နှစ်အထိ ရှည်လျားသော ကာလအပိုင်းအခြားအတွင်း၌ တည် ဆောက်ခဲ့ခြင်း ဖြစ်လေသည်။ ဗုဒ္ဓအယူဝါဒဆိုင်ရာ လိုဏ်ဂူ များသည် ခရစ်နှစ် လေးရာစုနှစ်မှ ခုနှစ်ရာစုနှစ် အတွင်းက လက်ရာများဖြစ်၍ ဗြဟ္မဏလိုဏ်ဂူများသည် ရှစ်ရာစုနှစ်မှ ကိုးရာစုနှစ်အတွင်း၌လည်းကောင်း၊ ဂျိန်း လိုဏ်ဂူများသည် ၁ဝ ရာစုနှစ်မှ ၁၃ ရာစုနှစ်၌လည်းကောင်း အသီးသီးတည်ဆောက်ခဲ့ သော လက်ရာများဖြစ်ကြောင်း တွေ့ရသည်။ အဇန္တလိုဏ်ဂူများ ကဲ့သို့ပင် အချို့လိုဏ်ဂူများသည် အထပ်နှစ်ထပ် သုံးထပ် ရှိ လေသည်။
ဗုဒ္ဓအယူဝါဒဆိုင်ရာလိုဏ်ဂူများတွင် အဇန္တလိုဏ်ဂူများ ကဲ့သို့ စေတီယနှင့် ဝိဟာရဟူ၍ နှစ်မျိုးတွေ့ရသည်။ သို့သော် စေတီယ(ဘုရားတန်ဆောင်း) များကို အတွေ့ရနည်းပေသည်။ ဗုဒ္ဓအယူဝါဒဆိုင်ရာ လိုဏ်ဂူအစုထဲတွင် ဒုတိယမြောက်သည် စေတီယလိုဏ်ဂူဖြစ်သည်။ ဘေးစင်္ကြံမပါ၊ ဂူတန်ဆောင်းချည်း သက်သက်သည် ၄၈ ပေပတ်လည်ရှိသည်။ တန်ဆောင်းအတွင်း ၌ ဗုဒ္ဓဆင်းတုတော်များကို မုဒြခေါ် အနေအထားအမျိုးမျိုးဖြင့် တွေ့ရသည်။ ဘုရားဆောင်အတွင်း၌မူ ခြင်္သေ့ခံသောပလ္လင်ထက် ၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသည့် ဉာာဏ်တော်ကြီးမားသော ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူကိုအဂ္ဂသာဝကများနှင့် နတ် ဗြဟ္မာ အပေါင်းခြံရံလျက် တွေ့ရသည်။ ဗောဓိသတ္တနတ်ရုပ်တုများ ကိုလည်းတွေ့ရသည်။ ထိုတန်ဆောင်းကြီး၏ မျက်နှာကျက်အမိုး ကို တိုင်ထိပ်မွှမ်းနှင့် တိုင်အခြေကို တင့်တယ်ခန့်ညားသည့် ပန်းတမော့ လက်ရာများဖြင့်ပြီးသည့် ကျောက်သားထွင်း တိုင် ကြီး ၁၂ လုံးက ထောက်ပင့်ထားလေသည်။
စေတီယလိုဏ်ဂူ တစ်ခုဖြစ်သော ဒသမမြောက်လိုဏ်ဂူ ကို လက်မှုပညာစောင့်နတ်မင်းအား အစွဲပြု၍ ဝိဿဝကာမဟု ခေါ်သည်။ ထိုဂူတန်ဆောင်း၏ရှေ့တွင် ရင်ပြင်ကျယ်ကြီးရှိ၍၊ ရင်ပြင်၏ ပတ်လည်တွင် ခန့်ထည်စွာ ပန်းတမော့လက်ရာ ဖော်ထားသော ကျောက်တိုင်ကြီးများက အမိုးကိုထောက်ပင့်ထား သည့်စင်္ကြံများ ရှိလေသည်။ အဇန္တဝိဟာရလိုဏ်ဂူများကဲ့သို့ မျက်နှာစာတွင် ဆင်ဝင်ဆောင်ရှိ၍၊ ရင်ပြင်မှ လှေကားထစ်များ ဖြင့် တစ်ဆင့်တက်ရသည်။ ဆင်ဝင်ဆောင်ရှိရာ မျက်နှာစာထိပ် တွင် လှပခန့်ညားစွာ ကျောက်သားကို ထုထွင်းပုံဖော်ထားသော ပန်းကလပ်သည် အပြင်သို့လွန်၍ထွက်နေသည်။ ဂူတန်ဆောင်း
အတွင်းသို့ အလင်းရောင်ပေးသော မြင်းခွာပုံသဏ္ဌာန် လေသာ ပြတင်းကြီးလည်း ရှိလေသည်။
ဂူတန်ဆောင်း၏ အတွင်းဘက်သည် ၈၆ ပေရှည်၍ ၄၃ ပေကျယ်ပြီးလျှင် မျက်နှာကြက်သို့ အမြင့် ၃၄ ပေရှိသည်။ မျက်နှာကြက်ကို ထောက်ပင့်ပေးထားသော ပန်းတမော့လက်ရာ ဖြင့်ပြီးသည့် ကျောက်တိုင်လုံးကြီးများ ၂၈ လုံးရှိ၍ ထိုတိုင်လုံး ကြီးများဖြင့် အခန်းဖွဲ့၍ ဘေးစင်္ကြံများကိုလည်းကောင်း၊ ထူပါရုံ ရှိရာ အခန်းဆောင်ကိုလည်းကောင်း ပိုင်းခြားထားလေသည်။ ထူပါရုံ၏ ဉာဏ်တော်သည် ၂၇ ပေ မြင့်၍ ထူပါရုံ၏ အရှေ့ ဘက်တွင် ဉာဏ်တော်ကြီးမားသော ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ ရှိသည်။ ထိုဂူတန်ဆောင်းအတွင်း၌ ဗိသုကာပညာဆိုင်ရာ လက်စွမ်းပြလက်ရာ အတော်များများရှိလေသည်။
ဝိဟာရလိုဏ်ဂူများအနက် လိုဏ်ဂူနှစ်ခုသည် ရှေ့ မျက်နှာစာတွင် ရင်ပြင်ကျယ်ကြီးများရှိ၍၊ အထပ်သုံးထပ်ရှိပြီး လျှင် ပေ ၅ဝ မြင့်သည်။ ထိုဝိဟာရနှစ်ဆောင်သည် အတော် အသင့် ကြီးမားသည်လည်းဖြစ်ပေရာ ယင်းတို့ကို တည်ဆောက် ရခြင်းသည် ဗိသုကာပညာ လက်စွမ်းပြတစ်ရပ်ဖြစ်ပေသည်။ အမိုးကိုထောက်ပင့်ထားသော တိုင်လုံးများဖြင့် အခန်းဖွဲ့သွားရာ ၌ အလျားလိုက်မဟုတ်ပဲ တစ်မူထူးခြားကာ ကန့်လန့်ဖြတ်၍ အခန်းဖွဲ့သွားလေသည်။ ထိုဝိဟာရနှစ်ဆောင်တွင် ဗုဒ္ဓဆင်းတု တော်များနှင့် အခြား ပန်းတမော့လက်ရာ အပြောက်အမွမ်းများ ကို အခြားဗုဒ္ဓအယူဝါဒဆိုင်ရာ လိုဏ်ဂူများထက်ပို၍ အများ အပြားတွေ့ရသည်။ ထိုဝိဟာရများကို အေဒီ ၇ဝဝရာစု အတွင်းက တည်ဆောက်ခဲ့သည်ဖြစ်ရာ၊ ထိုသုံးထပ် ကျောက်ဂူ ကျောင်းများ၏ ဗိသုကာလက်ရာကို ထောက်ဆ၍ အိန္ဒိယ
ကျောက်ထွင်း ဗိသုကာအတတ်သည် ထိုခေတ်တွင် အထွတ် အထိပ်သို့ရောက်ခဲ့ပြီဟု သိရှိရလေသည်။
ဗြဟ္မဏအယူဝါဒဆိုင်ရာ လိုဏ်ဂူ ၁၇ လုံးတို့သည် တောင်ကုန်း၏ အနောက်ဘက်မျက်နှာ၌ မိုင်ဝက်ခန့် အလျား လိုက်ရှိကြသည်။ ထိုလိုဏ်ဂူများသည် ဗုဒ္ဓဘာသာနှင့် ဂျိန်း အယူဝါဒလိုဏ်ဂူများထက် အမွမ်းအမံအပြင်အဆင် ပို၍များပြား သည်။ သီဝနတ်မင်းနှင့် မိဖုရားပါရဝတီတို့၏ ဘဝဖြစ်စဉ်များ ကို ရုပ်လုံးရုပ်ကြွများဖြင့် တခမ်းတနား ပြင်ဆင်မွမ်းမံထားလေ သည်။
ဗြဟ္မဏလိုဏ်ဂူများအနက် ကေလာသလိုဏ်ဂူများသည် အကျော်ကြားဆုံးဖြစ်လေသည်။ ရသျှတ္တ ရကုတ္တဘုရင် ပထမ မြောက်ခရစ်သျှနားက သီဝနတ်မင်းအား လှူဒါန်းပူဇော်ခဲ့သော အဆောက်အဦဖြစ်၍ ခရစ်နှစ်ရှစ်ရာစုနှစ်အတွင်းက တည် ဆောက်ခဲ့လေသည်။ အိန္ဒိယကျောက်သားထွင်း ဂူတန်ဆောင်း များအနက် အကြီးဆုံးလည်းဖြစ်ပြီးလျှင် အိန္ဒိယကျောက်ထွင်း ဗိသုကာ ပညာရှင်များ၏အံ့ခြီးဖွယ်ရာ အကောင်းဆုံးလက်စွမ်းပြ ဂူတန်ဆောင်းလည်းဖြစ်သည်။ ယင်းကို လိုဏ်ဂူဟုဆိုရ သော် လည်း လိုဏ်ဂူစင်စစ်မဟုတ်ဘဲ၊ ရင်ပြင်ကျယ်ကြီး၏ အလယ် တွင် တသီးတသန့် ခန့်ထည်စွာဖြင့် တည်ရှိနေသော
တန်ဆောင်းကြီးဖြစ်ပေသည်။ တောင်မကြီးမှ တောင်ကုန်း တစ်ခုစာလုံးလုံးကို ထွင်းယူပြီးလျှင် ဘေးပတ်လည်၌ ရင်ပြင် နေရာဖြစ်အောင် ညှိချသည်။ အလယ်၌ ငုတ်တုတ်ကျန်ခဲ့သော
တောင်ကုန်းကို သီဝနတ်မင်း၏ နတ်ကွန်းရှိရာ အံ့ခြီးဖွယ်ရာ တန်ဆောင်းကြီးအဖြစ် ဖန်တီးလေသည်။ ယင်းသို့ ဖန်တီးနိုင် ရန် ကျောက်မြေတန်ချိန် ၂ဝဝဝဝဝ ခန့်ကို ထွင်းထုတ်ပစ်ရ မည်ဟု ခန့်မှန်းကြလေသည်။
တန်ဆောင်းကြီးရှိရာ ရင်ပြင်သည် ၂၇၆ ပေ ရှည်၍ ၁၅၄ ပေကျယ်သည်။ တန်ဆောင်းကြီး သက်သက်သည် ၁၆၄ ပေရှည်၍ ၁ဝ၉ ပေကျယ်ပြီးလျှင် သီဝနတ်မင်း၏ နတ်ကွန်း ဆောင်၊ ခန်းမဆောင်နှင့် ဆင်ဝင်ဟူ၍ သုံးပိုင်းပိုင်းနိုင်သည်။ နတ်ကွန်း၏ ဘေးပတ်လည်တွင် လျှောက်သွားနိုင်သော နေရာ ကွက်လပ်ခြား၍ ဝတ်ပြုဆောင်ငါးခုရှိရာ၊ ဗုဒ္ဓအယူဝါဒဆိုင်ရာ ဝိဟာရလိုဏ်ဂူများတွင် ရဟန်းများ သီတင်းသုံးသော ဂူပေါက် များသဘောပင် ဖြစ်သည်။ နတ်ကွန်းဆောင်၏ အဝင်ဝတံခါး၌ ယမုံနာနှင့်ဂင်္ဂါ နတ်သမီးရုပ်တို့ရှိလေသည်။ နတ်ကွန်းဆောင် သည် ၁၅ ပေပတ်လည်ရှိ၍ လင်းရောင်ဝင်ပေါက်မရှိချေ။
ဒုတိယပိုင်းသည် အလယ်ခန်းမဆောင်ဖြစ်၍ ၅၇ ပေ ရှည်ပြီးလျှင် ၅၅ ပေကျယ်သည်။ မျက်နှာကြက်ကို ထောက်ပင့် ထားသော ကျောက်တိုင်လုံးကြီး ၁၆ လုံးရှိရာ၊ လေးလုံးတစ်ခုစီ ဖြင့် အခန်းဖွဲ့ထားသည်။
တတိယပိုင်းသည် တန်ဆောင်း၏မျက်နှာစာဝင်ပေါက် ဖြစ်သော ဆင်ဝင်ဆောင် ဖြစ်သည်။ ထိုဆင်ဝင်ဆောင်တွင် နန္ဒီ သို့မဟုတ် နွားလားဥဿဘရုပ်ရှိသည်။ ထိုအဆောင်၏ မျက်နှာကြက်တွင် ပန်းချီအနည်းအကျဉ်းမျှ တွေ့ရသည်။ ဆင်ဝင်ဆောင်၏ တစ်ဖက်တစ်ချက်တွင် တံခွန်တိုင်ကဲ့သို့သော မြင့်မားသောကျောက်တိုင်ကြီး တစ်လုံးစီရှိလေသည်။ ကေလာသတန်ဆောင်းကြီး၏အောက်ခြေတွင် ဆင်ရုပ် ကြီးများကို ထုထွင်းထားရာ၊ ထိုဆင်ရုပ်ကြီးများသည် အသက် ဝင်လှ၍ တန်ဆောင်းကြီးကို ထမ်း၍ထားဘိသကဲ့သို့ ထင်ရ သည်။ တန်ဆောင်းကြီး၏ အတွင်းအပြင်၌ လူရုပ်၊ နတ်ရုပ် တိရစ္ဆာန်ရုပ်များကို ကိုယ်အရွယ်အစားအတိုင်း ထုလုပ်ထား သည် များလည်း ရှိလေသည်။ သီဝနတ်မင်းသည် မိဖုရားတို့၏ ဘဝဖြစ်စဉ် အခန်းခန်းတို့အပြင်၊ ရာမာယဏ ဇာတ်တော်မှ အခန်းခန်းတို့ကိုလည်း ပြောင်မြောက်သော လက်ရာများဖြင့် ရုပ်လုံးဖော်ထားလေသည်။ တန်ဆောင်း၏ နံရံတစ်ဖက်တွင် ရာဝဏဘီလူးက သီဝနတ်မင်း၏ နတ်ဘုံနတ်နန်းဖြစ်သော ကေလာသကိုကိုင်လှုပ်၍ မှောက်ပစ်ရန်ပြုနေပုံကို ဟန်မာန် ပါလှစွာ သရုပ်ဖော်ထားသည်။ ထိုအချိန်တွင် သီဝနတ်မင်း သည် ရာဇဣန္ဒြေမပျက် တည်ငြိမ်စွာရှိနေလျက်၊ ပါရဝတီ နတ်မိဖုရားသည်သာလျှင် စိုးရိမ်ထိတ်လန့်စွာဖြင့် နတ်မင်းအပါး သို့ကပ်မှီ၍နေပုံကို သရုပ်ပါစွာ ရုပ်ကြွဖော်ထားလေသည်။ ကေလာသတန်ဆောင်းကြီးကိုအခြားဂူတန်ဆောင်းများ၊ ပြာသာဒ်ဆောင်များ၊ စင်္ကြံများ၊ မုခ်ဦးများ၊ အရံအတားတံတိုင်း များဖြင့် ခြံရံလျက်ရှိနေလေရာ၊ သီဝနတ်မင်း၏နတ်ဘုံနတ်နန်း ကေလာသတမျှပင် သိုက်မြိုက်ခမ်းနားပေသည်။ အဆောက်အဦ တစ်ခုနှင့်တစ်ခု ကူးသန်းနိုင်သော မိုးပျံတံတား လည်းရှိခဲ့၏။ ယင်းသို့ အဆန်းတကြယ် ဖန်တီးဆောက်လုပ်ထားသဖြင့်လည်း အနုပညာဝေဖန်ရေးဆရာတစ်ဦးကအခြံအရံအဆောက်အဦများနှင့် တကွဖြစ်သော ကေလာသတန်ဆောင်းကြီးသည် တိမ်တိုက်ထဲ၌ ရှိနေသယောင်ပင် ထင်မှတ်ရ၍ ပရဝုဏ်အတွင်းသို့ ခြေနင်းချရ သည်ကိုပင် မရဲတရဲရှိတော့သည်ဟု ဆိုခဲ့ဖူးလေသည်။ အလုံးစုံ ခြုံ၍ဆိုရလျှင် ကေလာသတန်ဆောင်းသည် ရှေးခေတ်အိန္ဒိယ၏ ကျောက်ထွင်း ဗိသုကာအတတ်နှင့် ရုပ်လုံးရုပ်ကြွအတတ်ကို အစွမ်းကုန် ဖော်ထုတ်ထားသော ကျောက်ထွင်းတန်ဆောင်း ပေတည်း။
ဂျိန်းလိုဏ်ဂူများသည် တောင်ကုန်း၏မြောက်ဘက် တောင်စွယ်တွင်ရှိကြ၍ ကေလာသဂူတန်ဆောင်းမှ တစ်မိုင်ခွဲခန့် ဝေးသည်။ လိုဏ်ဂူငါးခုရှိသည့်အနက် အိန္ဒိယဂူတန်ဆောင်းနှင့် ဇာဂန္နာထတန်ဆောင်းတို့သည် ဂျိန်းအယူဝါဒဆိုင်ရာ အနုပညာ ၏ အစွမ်းပြအဆောက်အဦများဟု ဆိုရပေမည်။ အထူးသဖြင့် ဖာဂန္နာထတန်ဆောင်းသည် ပို၍ကြီးမားပြီးလျှင် နှစ်ထပ်ဖြစ် သည်။ ယင်းအထက်ထပ်တွင် မွမ်းမံထားသော အပြင်အဆင်များ၏ အထားအသို၊ အစီအစဉ်တို့သည် အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် အနုပညာလက်ရာမြောက်လှပေသည်။ ထို့ကြောင့် ယင်းကို အယ်လိုရာလိုဏ်ဂူများတွင် အနုပညာလက်ရာ အကောင်းဆုံးတစ်ခုအဖြစ် ထားရှိကြသည်။ ထိုဂူတန်ဆောင်း အတွင်း၌ ပလ္လင်ထက်ဝယ် ထက်ဝက်ဖွဲ့ခွေ စံနေတော်မူသော မဟာဝိရရုပ်တုတော်ကြီးရှိလေသည်။
အဇန္တမှ အယ်လိုရာခေတ်ဖြစ်သော ဘီစီ နှစ်ရာစုနှစ် ခန့်မှ အေဒီ ၁၃ ရာစုနှစ်အတွင်း၌ အိန္ဒိယနိုင်ငံတွင် ကျောက်တောင်များကိုထွင်း၍ ဂူကျောင်းတန်ဆောင်းစသော ကိုးကွယ်မှုဆိုင်ရာ အဆောက်အဦးများကို ဖန်တီး တည်ဆောက် ခဲ့ကြရာ ထိုအတတ်သည် အနောက်နိုင်ငံသားများအတွက် အံ့ချီး မကုန်နိုင်သော စွမ်းဆောင်မှုတစ်ရပ်ဖြစ်ပေသည်။ ထိုခေတ်အခါ က လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကျောက်တောင် များမှ ကျောက်တုံးများကိုတူး၍ တစ်နေရာမှတစ်နေရာသို့ သယ်ယူပြီးလျှင် အဆောက်အဦများ တည်ဆောက်သည်ထက် အနေအထားကောင်းသော ကျောက်တောင်ကြီးများကို မိမိတို့ လိုရာပုံစံရအောင်ထွင်း၍ ဖန်တီးတည်ဆောက်ရခြင်းက ပို၍ ငွေကုန်လူပန်း သက်သာခဲ့ပေသည်။ သို့သော် အလွန်လက်ဝင်၍ တိကျသေချာမှုလိုအပ်လှသော လုပ်ငန်းကြီးများဖြစ်၍ ဖန်တီး တည်ဆောက်ရသောအလုပ်သမား ပညာသည်များ၏ ကျွမ်းကျင် မှု အထူးလိုအပ်လှပေသည်။
အဇန္တနည်းတူ ရှေးခေတ်အိန္ဒိယ၏ အယူဝါဒဆိုင်ရာ အနုပညာသရုပ်ပြ အဆောက်အဦများဖြစ်၍၊ အိန္ဒိယနိုင်ငံပိုင် အစိုးရသည် ထိုလိုဏ်ဂူများသို့ သွားရောက် လေ့လာလိုသူများ အတွက် အဆင်ပြေပြေ သွားရောက်နိုင်ရန် စီစဉ်ပေးထားလေ သည်။ အယ်လိုရာလိုဏ်ဂူများသည် အဇန္တလိုဏ်ဂူများလောက် လူသူအသွားအလာနည်းပါးသော အရပ်ဒေသမဟုတ်ပေ။ အဇန္တ လိုဏ်ဂူသို့သွားသကဲ့သိုပင် ဘုံပိုင်-ကာလကတ္တား မီးရထား လမ်းပေါ်ရှိ ဂျာလဂါအွန်မြို့မှတစ်ဆင့်လည်းကောင်း၊ ထိုလမ်းခွဲ ပေါ်ရှိ ဩရန်ဂါဗတ်မြို့မှတစ်ဆင့်လည်းကောင်း မော်တော်ကား များဖြင့် သွားရောက်နိုင်ကြလေသည်။ အယ်လိုရာလိုဏ်ဂူများ သည် ဩရန်ဂါဗတ်မြို့မှ ၁၆ မိုင်ခန့်သာ ဝေးကွာလေသည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.