![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/fa/Shoulder_sleeve_insignia_of_No.%252866%2529_Light_Infantry_Division_of_the_Myanmar_Army.svg/langmy-640px-Shoulder_sleeve_insignia_of_No.%252866%2529_Light_Infantry_Division_of_the_Myanmar_Army.svg.png&w=640&q=50)
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်
From Wikipedia, the free encyclopedia
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၆၆))သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏တောင်ဘက် မိုင်(၂၀)အကွာ ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးကြီး ကျော်စိုးလင်း (ကြည်း - ၃၁၇၅၉) ဖြစ်သည်။
အချက်တိုများ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်, နိုင်ငံ ...
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် | |
---|---|
တမခ(၆၆) | |
![]() အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၏ တံဆိပ် | |
နိုင်ငံ | မြန်မာနိုင်ငံ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ခြေမြန်တပ်မဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ စစ်ကစားခြင်း |
တပ် အရွယ်အစား | တပ်မ |
အမည်ပြောင် | ခြောက် ခြောက် |
အရောင်များ | |
အုပ်ချုပ်သူများ | |
တပ်မမှူး | ဗိုလ်မှူးကြီး ကျော်စိုးလင်း |
အဆောင်အယောင်များ | |
အလံတော်ပုံ | ![]() |
ပိတ်ရန်