ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
တပ်မတော် (ကြည်း)၏ အကြီးအကဲ / From Wikipedia, the free encyclopedia
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (အင်္ဂလိပ်: Commander-in-Chief (Army)) သည် တပ်မတော် (ကြည်း)၏ အကြီးအကဲဖြစ်ပြီး အစဉ်အလာအားဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့် ထမ်းဆောင်ရသော ရာထူးတာဝန်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် (ကြည်း)၏ ပြန်တမ်းဝင်အရာရှိများကို ခန့်အပ်သော ရာထူးများထဲ၌ “ဒုတိယ အဆင့်အမြင့်ဆုံး” ဖြစ်ပြီး တပ်မတော်တစ်ရပ်လုံးတွင် ၎င်း၏အထက်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသာရှိသည်။ အဆင့်သတ်မှတ်ချက်မှာ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဖြစ်သည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။[1]
အချက်တိုများ တပ်မတော် (ကြည်း) ၏ ကာကွယ်ရေးဦးစီးချုပ်, အမျိုးအစား ...
တပ်မတော် (ကြည်း) ၏ ကာကွယ်ရေးဦးစီးချုပ် | |
---|---|
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ အလံတော် | |
တပ်မတော် (ကြည်း) | |
အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
အဖွဲ့ဝင် | ကာကွယ်ရေးဌာနကောင်စီ |
အစီရင်ခံရသူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
စံအိမ် | စစ်ရုံး၊ နေပြည်တော် |
ရုံးတည်နေရာ | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရုံး၊ နေပြည်တော် |
ယခင် | ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်) |
ဖွဲ့စည်းခြင်း | ၄ ဇန်နဝါရီ ၁၉၄၈ (၇၆ နှစ် အကြာက) (၁၉၄၈-၀၁-04) |
ပထမဆုံး ထမ်းဆောင်သူ | ဗိုလ်မှူးချုပ် စောကြာဒိုး |
လက်ထောက် | စစ်ဦးစီးအရာရှိချုပ်(ကြည်း) |
အဆင့်/တံဆိပ် အဆောင်အယောင်များ | |
ဒုတိယဗိုလ်ချုပ်မှူးကြီး |
ပိတ်ရန်