![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/my/thumb/d/d7/Ntulogo.jpg/640px-Ntulogo.jpg&w=640&q=50)
အမျိုးသား ထိုင်ဝမ် တက္ကသိုလ်
From Wikipedia, the free encyclopedia
အမျိုးသား ထိုင်ဝမ် တက္ကသိုလ် (國立臺灣大學) (အတိုကောက်အားဖြင့် ထိုင်တာ့) သည် ထိုင်ဝမ်ရှိ သုတေသနပြု တက္ကသိုလ်ဖြစ်ပြီး ထိုင်ပေမြို့တွင် တည်ရှိသည်။ ထိုင်ပေအပြင် ထိုင်ဝမ်၏ အခြားဒေသများတွင်လည်း တက္ကသိုလ် နယ်မြေ ၆ ခုရှိသည်။[2] လက်ရှိတွင် တက္ကသိုလ် လက်အောက်၌ ကောလိပ် ၁၃ ခု၊ တက္ကသိုလ် မေဂျာ ၅၄ ခု၊ မဟာတန်း မေဂျာ ၉၆ ခုနှင့် သုတေသနဌာန ၄ ခုရှိသည်။[3] ပညာရေး နယ်ပယ် ၁၀၀ ကျော်အတွက် ဘွဲ့များကို အပ်နှင်းလျက်ရှိသည်။ ထိုင်ဝမ်တက္ကသိုလ်သည် ထိုင်ဝမ်တွင် နံပါတ် ၁ အဆင့်ရှိပြီး ကမ္ဘာပေါ်တွင် နံပါတ် ၉၅ မြောက် အကောင်းဆုံး တက္ကသိုလ်ဖြစ်သည်။[4][5][6] ၂၀၁၀ ခုနှစ်တွင် နံပါတ် ၉၄ နေရာသို့ တစ်ဆင့်တိုးလာသည်။[7].
![]() | |
ဆောင်ပုဒ် | 敦品勵學,愛國愛人 |
---|---|
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် | Integrity, Diligence, Patriotism and Philanthropy |
အမျိုးအစား | ပြည်သူပိုင် (အမျိုးသားအဆင့်) |
တည်ထောင် | Founded 1928[1] Reorganized 1945 |
ဥက္ကဋ္ဌ | Lee Si-Chen (李嗣涔) |
ဆရာဦးရေ | 1,793 (full time), 1,188 (joint and adjunct) |
ဘွဲ့ကြိုဦးရေ | 17,706 |
ဘွဲ့လွန်ဦးရေ | 15,710 |
တည်နေရာ | ထိုင်ပေမြို့၊ ထိုင်ဝမ် |
ပရဝုဏ် | Urban, 1.6 km² (Greater Taipei combined), 344 km² (Nantou County combined) |
နှီးနွယ်အဖွဲ့အစည်းများ | ASAIHL |
ဝဘ်ဆိုဒ် | (NTU Home) |
ထိုင်ဝမ်တက္ကသိုလ်ကို ၁၉၂၈ ခုနှစ်တွင် ဂျပန်ကိုလိုနီခေတ်၌ ထိုင်ဟိုကု တဲအိကိုကု ဒိုင်းဂါ့ကု (臺北帝國大學 - ထိုင်ပေ အင်ပါယာ တက္ကသိုလ်) ဆိုသည့် အမည်ဖြင့် တည်ထောင်ခဲ့သည်။ ထိုစဉ်အခါက ဂျပန်၏ သတ္တမမြောက် အင်ပါယာ တက္ကသိုလ် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးနောက် တရုတ်သမ္မတနိုင်ငံ အစိုးရမှ ဂျပန်တို့ထံမှ လက်လွှဲယူကာ ၁၉၄၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အမျိုးသား ထိုင်ဝမ် တက္ကသိုလ်အဖြစ် အမည် ပြောင်းလဲခဲ့သည်။[8]