From Wikipedia, the free encyclopedia
အမ်ပဲဒါကလီးဇ် (အင်္ဂလိပ်: Empedocles /ɛmˈpɛdəkliːz/; ဂရိ: Ἐμπεδοκλῆς တမ်းပလိတ်:IPA-grc, Empedoklēs; c. 494 – c. 434 BC, fl. 444–443 BC)[7] သည် ဆိုကရေးတီး မတိုင်မီ ဂရိအတွေးခေါ်ဆရာတစ်ဦးဖြစ်၍ စစ္စလီကျွန်းရှိ အကရာဂါ့စ်မြို့သားတစ်ဦးဖြစ်သည်။[8][9] အမ်ပဲဒါကလီးဇ်၏ အတွေးခေါ်များသည် ဓာတ်ကြီးလေးပါးဆိုင်ရာ စကြဝဠာ၏ ဇာစ်မြစ်သဘောတရားများ စတင်ဖော်ထုတ်ခဲ့ခြင်းကြောင့် လူသိအများဆုံးဖြစ်သည်။ ၎င်းက ချစ်ခြင်းတရားနှင့် ပဋိပက္ခတရားနှစ်ခုတို့သည် ဓာတ်များကို ရောနှောစေသည်၊ ကွဲကွာစေသည်ဟု အဆိုပြုခဲ့လေသည်။
အမ်ပဲဒါကလီးဇ် | |
---|---|
၁၇ ရာစု ရုပ်ပုံမှ အမ်ပဲဒါကလီးဇ် | |
မွေးဖွား | c. 494 BC[1] Akragas, Magna Graecia |
ကွယ်လွန် | c. 434 BC[1] (aged around 60) မသိရှိ [မှတ်စု 1] |
ခေတ် | ဆိုကရေးတီးမတိုင်မီ ဒဿန |
ဒေသ | အနောက်တိုင်း ဒဿန |
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) | အတူယှဉ်တွဲနေထိုင်မှုဂိုဏ်း |
အဓိက စိတ်ဝင်စားရာ | စကြဝဠာဇာစ်မြစ်, ယထာဘူတသဘောတရား, အသိဉာဏ်ဆိုင်ရာ ဒဿန |
မှတ်သားလောက်သည့် အတွေးအကြံ | အရာရာကို ဓာတ်လေးပါးဖြင့်ဖွဲ့သည်။ မြေ၊ ရေ၊ လေ၊ မီးတို့ဖြစ်သည်။[3] ပြောင်းလဲမှုနှင့် ရွေ့လျားမှု[4] တို့သည် အထည်ဒြပ်၊[5] ချစ်ခြင်းတရား၊[6] (အဖရိုဒိုက်တီ)[6] နှင့် ပဋိပက္ခတရား[6] တို့ကြောင့် ဖြစ်သည်။ အမ်ပဲဒါကလီး၏ စက်လုံး ဆဲလ်တို့၏ အသက်ရှုခြင်းသဘောတရားများ (ရေဖြင့် အချိန်တိုင်းကိရိယာစမ်းသပ်ချက်) အမြင်ဆိုင်ရာ ထုတ်လွှင့်မှုသီအိုရီ |
သူ၏ဩဇာလွှမ်းမိုးခံ
|
ပိုက်သာဂိုးရပ်စ်၏ ဩဇာသက်ရောက်မှုရှိကာ ပိုက်သာဂိုးရပ်စ်ဝါဒီဖြစ်သော အမ်ပဲဒါကလီးဇ်သည် တိရစ္ဆာန်ယစ်ပူဇော်မှုဓလေ့၊ အစားအစာအတွက် တိရစ္ဆာန်သတ်ခြင်းများကို စိန်ခေါ်ခဲ့ပြီး ထင်ရှားခဲ့သော ပြန်လည်ဝင်စားခြင်းဆိုင်ရာ အယူဝါဒကို ဖွံ့ဖြိုးစေခဲ့သူလည်းဖြစ်၏ ။ ၎င်း၏ စိတ်ကူးအယူအဆများကို စကားပြေဖြင့် မှတ်တမ်းတင်ခဲ့သော နောက်ဆုံးဂရိဒဿနပညာရှင်ဟု ယေဘုယျအနေဖြင့် ယူဆကြလေသည်။ ၎င်း၏ လက်ရာအချို့ရှင်သန်ကျန်ရစ်ရာ ဆိုကရေးတီးမတိုင်မီ အခြားသောသူများ၏ လက်ရာများထက် ပိုများကြောင်းတွေ့ရသည်။ အမ်ပဲဒါကလီးဇ်၏ သေဆုံးခြင်းကိုပင် ရှေးခေတ်စာရေးဆရာများက ဒဏ္ဍာရီသဖွယ် တင်စားခဲ့ကြပြီး များစွာသော စာပေလက်ရာများ၏ အကြောင်းအရာတစ်ရပ်လည်းဖြစ်လာခဲ့ပေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.