အမ်စတာဒမ်မြို့
From Wikipedia, the free encyclopedia
အမ်စတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ အမ်စတာဒမ်သည် မြောက်ဟော်လန်ခရိုင် တွင် ပါဝင်ပြီး နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဇန်နဝါရီလ ၁ ရက် ၂၀၀၈ ခုနှစ် စာရင်းဇယားအရ လူဦးရေစုစုပေါင်း ၇၄၇,၂၉၀ ရှိသည်။ အမ်စတာဒမ်ဆိုသည့် အမည်မှာ အမ်စတယ် မြစ်ပေါ်တွင်ရှိသောဆည် ဆိုသည့် အဓိပ္ပာယ်ရှိသည်။ အမ်စတာဒမ်မြို့ တည်စကာလ ၁၂ရာစု နှောင်းပိုင်းတွင် တံငါရွာကလေး တစ်ရွာမျှသာ ဖြစ်သည်။ သို့သော် ဒတ်ခ်ျလူမျိုးတို့၏ ရွှေရောင်လွှမ်းသော ကာလများတွင် ကမ္ဘာပေါ်တွင် အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ကုန်သွယ်ရေးနှင့် ပတ်သက်သော တီထွင်တိုးတက်မှုများ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အမ်စတာဒမ်မှာ ငွေကြေးနှင့် စိန်လုပ်ငန်းများ၏ ဦးဆောင်ဦးရွက်ပြုရာ နေရာတစ်နေရာ ဖြစ်လာခဲ့သည်။ ၁၉ ရာစုနှင့် ၂၀ရာစု တို့တွင် မြို့တော်မှာ တို့းချဲ့ခဲ့ပြီး ဆင်ခြေဖုံးဒေသ နှင့် ရပ်ကွက် အမြောက်အမြား ဖြစ်လာခဲ့သည်။
အမ်စတာဒမ် Amsterdam (ဒတ်ချ်) | |||||
---|---|---|---|---|---|
နိုင်ငံ၏ မြို့တော် နှင့် စည်ပင်သာယာနယ်နိမိတ် | |||||
| |||||
ဆောင်ပုဒ်: Heldhaftig, Vastberaden, Barmhartig (ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ စာနာသနားခြင်း Valiant, Steadfast, Compassionate (ဒတ်ချ်)) | |||||
Location of Amsterdam municipality | |||||
Location within Europe | |||||
ကိုဩဒိနိတ်: 52°22′22″N 04°53′37″E | |||||
Country | နယ်သာလန် | ||||
Province | {{{shortname alias}}} | ||||
Region | Amsterdam metropolitan area | ||||
Founded | c. ၁၂၇၅; ၇၄၉ နှစ် အကြာက (၁၂၇၅) | ||||
City Hall | Stopera | ||||
Boroughs | 7 boroughs, 1 urban area[1]
| ||||
အစိုးရ[2] | |||||
• အစိုးရအဖွဲ့ | Municipal council | ||||
• Mayor | Femke Halsema (GL) | ||||
ဧရိယာ[3][4] | |||||
• Municipality | ၂၁၉.၃၂ စတုရန်းကီလိုမီတာ (၈၄.၆၈ စတုရန်းမိုင်) | ||||
• ကုန်းမြေ | ၁၆၅.၇၆ စတုရန်းကီလိုမီတာ (၆၄�၀၀ စတုရန်းမိုင်) | ||||
• ရေထု | ၅၃.၅၆ စတုရန်းကီလိုမီတာ (၂၀.၆၈ စတုရန်းမိုင်) | ||||
• Randstad | ၃၀၄၃ စတုရန်းကီလိုမီတာ (၁၁၇၅ စတုရန်းမိုင်) | ||||
ပင်လယ်ရေ မျက်နှာပြင်အမြင့်[5] | −၂ မီတာ (−၇ ပေ) | ||||
လူဦးရေ (November 2022)[6] | |||||
• Municipality | ၉၂၁,၄၀၂ | ||||
• မြို့ပေါ် | ၁,၄၅၉,၄၀၂ | ||||
• Metro region | ၂,၄၈၀,၃၉၄ | ||||
• Randstad | ၈,၁၁၆,၀၀၀ | ||||
Demonym(s) | Amsterdammer | ||||
GDP[7][8] | |||||
• Metro region | €201.100 billion (2022) | ||||
• Randstad | €510.181 billion (2022) | ||||
အချိန်ဇုန် | CET (UTC+1) | ||||
• နွေရာသီ (DST) | CEST (UTC+2) | ||||
Postcode | 1000–1183 | ||||
Area code | 020 | ||||
GeoTLD | .amsterdam | ||||
ဝက်ဘ်ဆိုဒ် | www.amsterdam.nl | ||||
Click on the map for a fullscreen view |
အမ်စတာဒမ်သည် နယ်သာလန်နိုင်ငံ၏ ငွေကြေးနှင့် ယဉ်ကျေးမှု အချက်အချာနေရာဖြစ်သည်။ ကြီးမားသော ဒတ်ခ်ျကော်ပိုရေးရှင်းများနှင့် ဘဏ်များ ၏ ရုံးချုပ်များသည် အမ်စတာဒမ်တွင် တည်ရှိသည်။ Euronext ၏ အစိတ်အပိုင်းဖြစ်သော အမ်စတာဒမ် စတော့ဈေးကွက်သည် မြို့လယ်တွင် တည်ရှိသည်။ အမ်စတာဒမ်၏ အထင်ကရ နေရာများဖြစ်သော သမိုင်းဝင်ရေနုတ်မြောင်းများ ၊ မီးနီရပ်ကွက် ၊ ရစ်ဂျ်ပြတိုက် ၊ ဗန်ဂိုးပြတိုက် နှင့် အန်နာဖရန့် ပုန်းအောင်းခဲ့သောအိမ် အစရှိသည်တို့နှင့် ဘင်းဂန်ဂျာ (Cannabis) ရနိုင်သော ကော်ဖီဆိုင်များကြောင့် တစ်နှင့်လျှင် ကမ္ဘာလှည့် ခရီးသည် ၄.၂ သန်းမျှ လာရောက်လည်ပတ်ကြသည်။