![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/69/Amarapura_tsp_in_Mandalay_district.svg/langmy-640px-Amarapura_tsp_in_Mandalay_district.svg.png&w=640&q=50)
အမရပူရမြို့
မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ မြို့ / From Wikipedia, the free encyclopedia
အမရပူရမြို့ (တောင်မြို့) သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်တွင် ပါဝင်သည်။ ယခင်က မန္တလေးမြို့နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်သော်လည်း ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။ အမရပူရမြို့နယ်သည် ယခင် အမရပူရနယ်၏ တောင်ဘက်မြို့နယ်ဖြစ်၍ မြောက်ဘက်တွင် မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ ရှိကြလေသည်။ အမရပူမြို့သည် ၉၁ စတုရန်းမိုင် ကျယ်ဝန်း၍ ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၃၇,၆၁၈ ယောက်[1] ရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/d7/Ahmapura_City.jpg/640px-Ahmapura_City.jpg)
အချက်တိုများ အမရပူရမြို့, နိုင်ငံ ...
အမရပူရမြို့ | |
---|---|
မန္တလေးမြို့တော်၏ မြို့နယ် | |
![]() | |
![]() | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°54′N 96°03′E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | အမရပူရခရိုင် |
မြို့နယ် | အမရပူရမြို့နယ် |
တည်ထောင် | ၁၃ မေ ၁၇၈၃ |
လူဦးရေ (၂၀၁၄) | ၂၃၇,၆၁၈[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC6:30) |
ပိတ်ရန်