အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ
From Wikipedia, the free encyclopedia
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross, ICRC) သည် ပုဂ္ဂလိက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာတွင် အခြေစိုက်သည်။ ICRC အဖွဲ့သည် ဂျီနီဗာ ညီလာခံကို အခြေခံ၍ နိုင်ငံတကာဆိုင်ရာ ဥပဒေ ကဲ့သို့ပင် လူသားတို့၏ကျန်းမာရေးအား ကာကွယ်မှုပေးရန် ဖွဲ့စည်းထားသည်။ အထူးသဖြင့် ပြည်တွင်းစစ်ဒဏ်၊ ပြည်ပ စစ်ဒဏ်များ၊ စစ်ပွဲများကြောင့် ဒုက္ခရောက်ရသော စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ထိုစစ်ဒဏ်ခံစားရသူများတွင် စစ်သုံ့ပန်းများ၊ ဒုက္ခသည်များ၊ အရပ်သားများနှင့် အခြား ကာကွယ်မဲ့ လူသားများဖြစ်ကြသည်။ သို့သော် အိုင်စီအာရ်စီသည် ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းအဖွဲ့အစည်းအား မည်သည့် အစိုးရ၊ မည်သည့် အစိုးရ၏ အဖွဲ့အစည်း သို့မဟုတ် မည်သည့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းကမျှ ထိန်းချုပ်ထားခြင်း မရှိပေ။ ၎င်းအဖွဲ့သည် အလွန် ရှေးကျသော အဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံတကာဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး အဖွဲ့တစ်ခု ဖြစ်သည်။ ထို့ပြင် ဂုဏ်ပြုခံရခြင်း အများဆုံး အဖွဲ့တစ်ခု ဖြစ်သည်။ အိုင်စီအာရ်စီ သည် ၁၉၁၇ ခုနှစ်၊ ၁၉၄၄ ခုနှစ်နှင့် ၁၉၆၃ ခုနှစ်တို့တွင် ချီးမြှင့်ခဲ့သော ငြိမ်းချမ်းရေး နိုဘယ်ဆု သုံးခုအား ပိုင်ဆိုင်ထားသည်။
International Committee of the Red Cross အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ သို့မဟုတ် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ | |
အဖွဲ့အစည်း အမျိုးအစား | နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းကြီး |
ခေါင်းဆောင်များ | Jakob Kellenberger, President Angelo Gnaedinger, Director-General |
ဖွဲ့စည်းသည့်နေ့စွဲ | ၁၈၆၃ ခုနှစ် |
တည်နေရာ | ဂျီနီဗာ၊ ဆွစ်ဇာလန်နိုင်ငံ |
ရည်ရွယ်ချက် | စစ်ဒဏ်ခံရသော သူများ၊ သုံ့ပန်းများ၊ စစ်ဘေး ဒုက္ခသည်များအား အကူအညီပေးရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် |
ငွေအင်အား | သန်းပေါင်း ၈၂၂.၈ ဒေါ်လာ[1]
|
ဝန်ထမ်းအင်အား | လက်ရှိ ၁, ၃၃၀ခန့်(၂၀၀၄ ခုနှစ်)သည် ကွင်းဆင်းမှုပြုနေကြသည်။[1] |
Website | http://www.icrc.org/ |