From Wikipedia, the free encyclopedia
အပိုလို ၁၂ (နိုဝင်ဘာ ၁၄ - ၂၄ ၁၉၆၉) သည် အမေရိကန်ပြည်ထောင်စု၏ အပိုလိုစီမံကိန်းမှ ၆ ကြိမ်မြောက် လူလိုက်ပါသော အာကာသပျံသန်းရေးတစ်ခုဖြစ်ပြီး လကမ္ဘာသို့ ဒုတိယအကြိမ်မြောက် ဆင်းသက်သောယာဉ်ဖြစ်သည်။ ဖလော်ရီဒါရှိ ကနေဒီ အာကာသမြေပြင်စခန်းမှ ၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပစ်လွှတ်ခဲ့ပြီး လမျက်နှာပြင်တွင် ၁ ရက်နှင့် ၇ နာရီခန့် လေ့လာစူးစမ်းမှု ဆောင်ရွက်ခဲ့သည်။
Commander Pete Conrad studies the Surveyor 3 spacecraft; the Apollo Lunar Module, Intrepid, can be seen in the top right of the picture. | |||||
မက်ရှင်အမျိုးအစား | လူလိုက်ပါ၍ လမျက်နှာပြင်တွင် ဆင်းသက်ခြင်း | ||||
---|---|---|---|---|---|
အော်ပရေတာ | နာဆာ | ||||
COSPAR အိုင်ဒီ | |||||
ဂြိုလ်တု ကတ်သလောက်နံပါတ် | |||||
မက်ရှင်ကြာမြင့်ချိန် | 10 days, 4 hours, 36 minutes, 24 seconds[3] | ||||
အာကာသယာဉ် ဂုဏ်သတ္တိများ | |||||
အာကာသယာဉ် |
| ||||
ထုတ်လုပ်သူ |
| ||||
ပစ်လွှတ် ထုထည် | ၁၁၀,၀၄၄ ပေါင် (၄၉,၉၁၅ ကီလိုဂရမ်)[4] | ||||
ဆင်းသက်ထုထည် | ၁၁,၀၅၀ ပေါင် (၅,၀၁၀ ကီလိုဂရမ်)[5] | ||||
အဖွဲ့ဝင် | |||||
အဖွဲ့ဝင် အရွယ်အစား | 3 | ||||
အဖွဲ့ဝင်များ | |||||
လျှောက်လွာတင် |
| ||||
မက်ရှင် စတင်ခြင်း | |||||
ပစ်လွှတ်နေ့ | November 14, 1969, 16:22:00 UTC | ||||
ဒုံးပျံ | Saturn V SA-507 | ||||
ပစ်လွှတ်နေရာ | Kennedy LC-39A | ||||
မက်ရှင် ပြီးဆုံး | |||||
ဆယ်ယူသူ | USS Hornet | ||||
ဆင်းသက်သည့်နေ့ | November 24, 1969, 20:58:24 UTC | ||||
ဆင်းသက်ည့်နေရာ | South Pacific Ocean 15°47′S 165°9′W | ||||
ပတ်လမ်း ပါရာမီတာများ | |||||
ရည်ညွန်းစနစ် | Selenocentric | ||||
Periselene | ၁၀၁.၁၀ ကီလိုမီတာ (၅၄.၅၉ ရေမိုင်)[3] | ||||
Aposelene | ၁၂၂.၄၂ ကီလိုမီတာ (၆၆.၁၀ ရေမိုင်)[3] | ||||
လူနာ လှည့်ပတ်ယာဉ် | |||||
ပတ်လမ်းဆိုင်ရာ ထည့်သွင်း | November 18, 1969, 03:47:23 UTC | ||||
ထွက်ခွာပတ်လမ်း | November 21, 1969, 20:49:16 UTC | ||||
ပတ်လမ်း | ၄၅ | ||||
လူနာ ဆင်းသက်ယာဉ် | |||||
အာကာသယာဉ် ကိရိယာများ | Lunar Module (LM) | ||||
ဆင်းသက်သည့်နေ့ | November 19, 1969, 06:54:35 UTC | ||||
အပြန်ပစ်လွှတ် | November 20, 1969, 14:25:47 UTC | ||||
ဆင်းသက်သည့်နေရာ | Ocean of Storms 3.01239°S 23.42157°W | ||||
နမူနာ ထုထည် | ၃၄.၃၅ ကီလိုဂရမ် (၇၅.၇ ပေါင်) | ||||
မျက်နှာပြင် EVAs | ၂ | ||||
EVA ကြာမြင့်ချိန် |
| ||||
Docking with LM | |||||
Docking date | November 14, 1969, 19:48:53 UTC[3] | ||||
Undocking date | November 19, 1969, 04:16:02 UTC[3] | ||||
Docking with LM ascent stage | |||||
Docking date | November 20, 1969, 17:58:20 UTC[3] | ||||
Undocking date | November 20, 1969, 20:21:31 UTC[3] | ||||
Left to right: Conrad, Gordon, Bean
|
အပိုလို ၁၂ သည် နီးလ် အမ်းစထရောင်း၏ အပိုလို ၁၁ စီမံကိန်း မအောင်မြင်ခဲ့ပါက လကမ္ဘာပေါ်သို့ဆင်းသက်မည့် ပထမဆုံးအကြိမ် အာကာသယာဉ်ဖြစ်လာမည်ဖြစ်သည်။ အပိုလို ၁၂ အား ၂ လအကြာခန့် ခေတ္တဆိုင်းငံ့ခဲ့ပြီး အပိုလို ၁၁ ထက် လကမ္ဘာ၏ မျက်နှာပြင်နှင့်ပတ်သက်၍ ပထဝီဝင်ဆိုင်ရာ ကြိုတင်လေ့ကျင့်ချိန် ပိုရခဲ့သည်။ အပိုလို ၁၂ နှင့် အပိုလို ၁၁ တို့၏ အာကာသယာဉ်များသည် အတူတူနီးပါးခန့် တူညီကြသည်။
အပိုလို ၁၂ အား ကနေဒီ အာကာသစခန်းမှ မိုးရွာနေသည့်ကြားမှ ပစ်လွှတ်ပြီးနောက် မိုးကြိုး ၂ ကြိမ် အပစ်ခံခဲ့ရသည်။ စက်ပစ္စည်း ပြဿနာ အနည်းငယ်ကြုံခဲ့ရသော်လည်း ပျက်စီးမှု အနည်းငယ်သာရှိခဲ့သည်။ အပိုလို ၁၂ သည် လမျက်နှာပြင်တွင် ပထမဆုံး ရောင်စုံတယ်လီဗေးရှင်း ကင်မရာကို အသုံးပြုခဲ့သည်။ သို့သော် အပိုလို ၁၂ အဖွဲ့ဝင် Bean က ကင်မရာအား မတော်တဆ နေသို့ မျက်နှာမူခဲ့သောကြောင့် ကင်မရာ၏အာရုံခံကိရိယာ ပျက်စီးသွားပြီး ဒေတာပို့လွှတ်မှု ပျောက်ဆုံးခဲ့ရသည်။ လမျက်နှာပြင်တွင် ၂ ကြိမ်တိုင် လမ်းလျှောက်ခြင်းအား ဆောင်ရွက်ခဲ့ပြီး ယခင်က စေလွှတ်ထားနှင့်သည့် Surveyor 3 အာကာသယာဉ်ဆီသို့ အလည်သွားရောက်ခဲ့သည်။ လပေါ်သို့ ဆင်းသက်သည့် Lunar Module Intrepid သည် နိုဝင်ဘာ ၂၀ ရက်တွင် လကမ္ဘာမှ ထွက်ခွာလာခဲ့ပြီး လကမ္ဘာ၏ ပတ်လမ်းကြောင်းတွင် စောင့်ဆိုင်းနေသော Command module နှင့် အောင်မြင်စွာ ချိတ်ဆက်ကာ ကမ္ဘာမြေသို့ ပြန်လာခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင် အပိုလို ၁၂ စီမံကိန်းသည် အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.