ပြင်သစ်သိပ္ပံပညာရှင် အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ(အင်္ဂလိပ်: Antoine De Lavoisier )သည် ခေတ်သစ်ဓာတုဗေဒ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။

Thumb
ပြင်သစ်သိပ္ပံပညာရှင် အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ(Antoine De Lavoisier )
အချက်တိုများ Antoine-Laurent de Lavoisier, မွေးဖွား ...
Antoine-Laurent de Lavoisier
Thumb
Portrait of Antoine-Laurent Lavoisier and his Wife by Jacques-Louis David
မွေးဖွား(1743-08-26)၂၆ ဩဂုတ်၊ ၁၇၄၃
ပဲရစ်မြို့၊ ပြင်သစ်
ဆုံးပါး၈ မေ၊ ၁၇၉၄(1794-05-08) (အသက် ၅၀)
Paris, France
Execution by guillotine
ခေါင်းချရာCatacombs of Paris
နယ်ပယ်Biologist, chemist
မိခင်ကျောင်းCollège des Quatre-Nations, University of Paris
တပည့်ကျော်များÉleuthère Irénée du Pont
ကျော်ကြားမှုအရင်းခံ
သူ့အပေါ် ဩဇာလွှမ်းမိုးသူများGuillaume-François Rouelle, Étienne Condillac
အိမ်ထောင်ဘက်Marie-Anne Paulze Lavoisier (လက်ထပ် 1771)
လက်မှတ်
Thumb
ပိတ်ရန်

၁၇၄၃ ခုနှစ်တွင် ပါရီ၌ ၎င်းကို မွေးဖွားလာချိန်က ဓာတုဗေဒသိပ္ပံမှာ ရူပဗေဒသင်္ချာနက္ခဗေဒ ပညာရပ်များထက် များစွာအလှမ်းဝေးကျန်ရစ်ခဲ့သည်ကို တွေ့ရလေသည်။ ဓာတုဗေဒပညာရပ်မှာ စုစုစည်းစည်းမရှိသေး။ ပညာရှင်များက တစ်စစီ ရှာဖွေထားကြသည့် အဆင့်သာရှိသေးသည်။ ၎င်းသည် ဓာတုဗေဒနှင့် ဇီဝဗေဒပညာသမိုင်းတွင်ထင်ရှားသည့်ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။

ခေတ်သစ် ဓာတုဗေဒဖခင်ကြီးဟူ၍ အမည်တွင်ခဲ့သူ သိပ္ပံပါရဂူကြီး လဗွာစီယေကို ၁၇၄၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့တော် ၌ ဖွားမြင်ခဲ့၏။ သူ၏ဖခင်မှာ ရှေ့နေတစ်ဦး ဖြစ်လေသည်၊ လဗွာစီယေသည် ဖခင်၏ ခြေရာအတိုင်း ဥပဒေပညာကို သင်ကြားခဲ့သော်လည်း သိပ္ပံပညာတွင်သာ ဝါသနာထုံခဲ့၏။ ပထမဆုံးသူ၏ အမည်သည် ၁၇၆၆ ခုနှစ်၌ ပါရစ်မြို့တော်ကို မီးထွန်းညှိရန် အကောင်းဆုံးသော နည်းလမ်းအကြောင်း ရေးသားရသော စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခဲ့ရာမှ စတင်၍ ထင်ပေါ် လာခဲ့လေသည်။

လဗွာစီယေသည် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ နက္ခတ္တဗေဒ ပညာရပ်များကို အလွန်နှစ်သက်သဖြင့် အထူး လေ့လာခဲ့သည့်ပြင် အခြားသော ပညာရပ်များကိုလည်း အလွတ်မပေးဘဲ လေ့လာခဲ့ပေသည်။ လဗွာစီယေသည် ပညာရပ်တိုင်းတွင် လေ့လာလိုက်စားသောကြောင့် ဘာသာရပ်တစ်ခုခုနှင့် စပ်ဆိုင်သောသိမှုတွေ့မှု ဟူ၍ကား အကြီးအကျယ် မရှိခဲ့သော်လည်း သူကြိုးပမ်းရှာဖွေ တွေ့ရှိခဲ့သည့်အချက်အလက်များ အားလုံးကို ပေါင်းစည်းလိုက်ခြင်ဖြင့် ရူပဗေဒနှင့်ဓာတုဗေဒပညာအတွက် အရေးကြီးလှသော အခြေခံအချက်ကြီးများ ဖြစ်ပေါ်လာသည်ကို တွေ့ရပေသည်။

ရှေးခေတ်များက ယူဆခဲ့ကြသည့် ဖလော်ဂျစ်စတန်ခေါ် မီးဓာတ်အယူကို ဖျက်ဆီးပစ်ခဲ့၍ အရာဝတ္ထုများ မီးလောင်ကျွမ်းရာ၌ မီးလောင်ခြင်းကို တွေ့ရှိလျက် ထိုအငွေ့အား အောက်ဆီဂျင်ဟု အမည်ပေးခဲ့သူမှာ လဗွာစီယေပင် ဖြစ်သည်။ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ ပေါင်းစပ်ခြင်းဖြင့် ရေဖြစ်ကြောင်းကိုလည်း လဗွာစီယေပင် တွေ့ရှိခဲ့၍ ဒြဗ်တည်မြဲမှု သဘောကိုလည်း ပြသခဲ့သေးသည်၊ သူသည် အခြားသောအဖော် သိပ္ပံပညာရှင်များကို အမည်ပေးခြင်း စံနစ်သစ်ကို ကြံစည်ပြုလုပ်ခဲ့၍ ဒြဗ်စင်စာရင်းကိုလည်း ပြုလုပ်ခဲ့သည်။ သူ၏ စုံစမ်းရှာဖွေတွေ့ရှိမှုတို့သည် အလွန်စေ့စပ်သေချာ၍ ခေတ်သစ် ဓာတုဗေဒ အခြေခံအချက်ကြီးများ ဖြစ်ခြင်းကြောင့် သူ့အား ခေတ်သစ် ဓာတုဗေဒ၏ဖခင်ကြီးဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်လေသည်။

လဗွာစီယေသည် ဓာတုဗေဒ၌သာမက ရူပဗေဒတွင်လည်း အတော်နှံ့စပ်ခဲ့သူ ဖြစ်သည်။ အပူအကြောင်းနှင့် စပ်လျဉ်းသော သူ၏တွေ့ရှိချက်များသည် အလွန်အရေးကြီးသော အချက်များ ဖြစ်ပေသည်၊သူသည် ၁၇၈၉ခုနှစ်တွင် ဓာတုဗေဒ ဒြဗ်စင်များ အကြောင်း စာအုပ်ကို ထုတ်ဝေခဲ့၍ သူကွယ်လွန်ပြီးနောက် ၁၈ဝ၅ ခုနှစ် တွင် သူ၏ဇနီးသည်က သူ၏ဓာတုဗေဒပညာ မှတ်တမ်းစာအုပ်ကို ထုတ်ဝေခဲ့လေသည်။

ဤခေတ်သစ် ဓာတုဗေဒ ဖခင်ကြီး၏ ဘဝဇာတ်လမ်းမှာ ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရလေသည်။ ထိုအချိန်က ပြင်သစ်နိုင်ငံ၌ တိုင်းသူပြည်သားတို့အား အခွန်အမျိုးမျိုး ကောက်ခံကာ နှိပ်စက်နေခဲ့သော အခါမျိုးဖြစ်၍ အခွန်ကောက်ခံသူတို့မှာ အလွန် နာမည်ဆိုးရွားခဲ့လေသည်။ လဗွာစီယေသည် သူ၏ သိပ္ပံလုပ်ငန်းများအတွက် ငွေအမြောက်အမြား အလိုရှိနေသောကြောင့် ထိုအလုပ်မျိုးကို ဝင်ရောက်လုပ်ကိုင်ခဲ့ရလေသည်။ ပြင်သစ်နိုင်ငံ တော်လှန်ရေးကြီး ပေါက်ကွဲလာသောအခါတွင် သူ့အား အောင်ပွဲခံ တော်လှန်ရေးသမားများက ပြည်သူ့သမ္မတနိုင်ငံတော်တွင် သိပ္ပံပညာရှင်များကို အလိုမရှိအပ် ဆိုကာ ၁၇၉၄ ခုနှစ် မေလတွင် ခေါင်းဖြတ်၍ သတ်စေ ခဲ့လေသည်။[1]

မွေးဖွား

အန်ထော်နီလော့ရင့် ဒီ လဗွိုင်စီယာကို ၁၇၄၃ ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့တွင် ပါရီမြို့၌ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာခဲ့သည်။ အသက်ငါးနှစ်အရွယ်တွင် ကွယ်လွန်သွားသော မိခင်ထံမှ အမွေများရရှိလိုက်သည်။ သူသည် ၁၇၅၄ ခုနှစ်မှ ၁၇၆၁ ခုနှစ်ထိ မာဇရင်ကောလိပ်သို့ တက်ရောက်ပညာသင်သည်။ ဓာတုဗေဒ၊ ရူပဗေဒ၊ နက္ခတ္တဗေဒနှင့် သင်္ချာပညာတို့ကို သင်ယူခဲ့သည်။ ထိုအပြင် သဘာဝသိပ္ပံ ပို့ချချက်များကိုလည်း တက်ရောက်သင်ယူသည်။

ဖော်ထုတ်ချက်များ

၎င်း၏ ပထမဦးဆုံး ဓာတုဗေဒ အဆိုအမိန့်တွေ့ရှိချက်များကို ၁၇၆၄ ခုနှစ်တွင် ထုတ်ဝေသည်။ ၎င်း၏ အသက် ၂၅နှစ်အရွယ်တွင် ပြင်သစ် အကယ်ဒမီသိပ္ပံ အဖွဲ့ဝင်တစ်ဦးအဖြစ် အရွေးချယ်ခံရသည်။ ၁၇၆၉ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ပထမဆုံးသော ဘူမိဗေဒမြေပုံကို ဖော်ထုတ်ခဲ့သည်။ အသက် ၂၈နှစ်အရွယ်တွင် မာရီအင်နီပီယာရက်ပေါဇီနှင့် လက်ထပ်သည်။ ဇနီးဖြစ်သူ မာရီသည် ခင်ပွန်း၏ သိပ္ပံဆိုင်ရာ လုပ်ငန်းများတွင် များစွာ အထောက်အပံ့ပေးနိုင်သူဖြစ်သည်။ လဗွိုင်စီယာသည် ဓာတုပဟေဠိကွင်းဆက်ကလေးများကို အမှန်အကန်စုစည်းပေးပြီး များကို စတင်ချမှတ်ပေးခဲ့သည်။ သူက ဖလိုဂျစ္စတန်သီအိုရီများကို မှားယွင်းကြောင်း၊ ဖလိုဂျစ္စတန်ကဲ့သို့ ပစ္စည်းဟူ၍ မရှိ၊ မီးလောင်ခြင်းမှာ ဓာတုပစ္စည်းများက အောင်ဆီဂျင်နှင့်ပေါင်းမိရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။ ရေသည် ဒြပ်စင်တစ်ခုမဟုတ်၊ အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ ပေါင်းစပ်ပါဝင်သည့် ဒြပ်ရောတစ်ခုဖြစ်သည်ဟု ရှင်းလင်းဖော်ပြခဲ့သည်။ လေသည်လည်း ဒြပ်စင်တစ်ခုမဟုတ်ဘဲ အောက်စီဂျင်နှင့် နိုင်ထရိုဂျင်ဒြပ်ရောဖြစ်သည်ဟု ဆိုသည်။ ၁၇၈၉ခုနှစ်တွင် သူ၏ ဓာတုဗေဒ ကျမ်းကြီးတွင် ယင်းအဆိုများကို ရှင်းပြထားသည်။

ရှင်းလင်းဖော်ထုတ်ချက်များ

တစ်ဖန် ဓာတုဓာတ်ပြုမှုတို့တွင် ဒြပ်ထု တည်မြဲမှုနိယာမကို ပထမဆုံး ရှင်းလင်းဖော်ထုတ်ပေးသည်။ ဓာတုဓာတ်ပြုမှုကြောင့် ဒြပ်စင်များအစီအစဉ်ပြောင်းလဲသွားသော်လည်း အလေးချိန်မပြောင်းလဲကြောင်း ၎င်းကရှင်းလင်းဖော်ထုတ်ပြနိုင်သည်။ ဇီဝဗေဒပညာရပ်တွင်လည်း အပင်နှင့် သက်ရှိသတ္တဝါများသည် လေထုမှ ရှူသွင်းလိုက်သည့် အောက်ဆီဂျင်ဖြင့် အတွင်း ဩဂဲနစ်ပစ္စည်းများကို လောင်ကျွမ်းစေရာမှ စွမ်းအင်ကို ရယူကြောင်း ၎င်းကတင်ပြသည်။

ကွယ်လွန်

၎င်းသည် ဥပဒေဘွဲ့ရရှိခဲ့သော်လည်း ဥပဒေလုပ်ငန်းများကို မလိုက်စားဘဲ အုပ်ချုပ်ရေးနှင့် ပြည်သူ့လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ အခွန်စုဆောင်းရေးအသင်း ဖာမီဂျင်နရဲလီတွင် အမှုဆောင်ဖြစ်သည်။ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး အပြီးတွင် တော်လှန်ရေးအစိုးရက ၎င်းအားသံသယဝင်ခဲ့ကဖြင့် ဖာမီဂျင်နရဲလီ အဖွဲ့သား ၂၇ဦးနှင့် အတူ အရေးယူခြင်းခံရသည်။ ၁၇၉၄ခုနှစ် မေလ ၈ ရက်တွင် ၎င်းအပါအဝင် ၂၈ဦးတို့ ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။ နိုင်ငံအတွက်နှင့် သိပ္ပံကဏ္ဍများတွင် ၎င်း၏ အကျိုးပြုမှုများကို လျှောက်လဲပါသော်လည်း ခုံရုံးတရားသူကြီးများက ရိုင်းပျစွာ ပယ်ချပြီး ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ခြင်းဖြစ်သည်။ ခေါင်းတစ်လုံးကို ဖြတ်ခြင်းကား တဒင်္ဂမျှသာ ကြာ၏။ သို့သော် "ထိုခေါင်းမျိုးကိုရရှိစေရန်ကား နှစ်ပေါင်းတစ်ရာကြာသော်မှ ရကောင်းနိုင်ခြေမည်မရှိ တကား" ဟူ၍ ၎င်း၏ရဲဘော် သင်္ချာပညာရှင် လာဂရိန့်က မှတ်ချက်ချလိုက်သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.