အပူဓာတုဗေဒ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
အပူဓာတုဗေဒ (Thermochemistry) သည် အပူစွမ်းအင်ကို လေ့လာသော ဘာသာရပ်ဖြစ်ပြီး ယင်း၌ ဓာတုဓာတ်ပြုခြင်းများ၊ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းခြင်းများ ပါဝင်သည်။ ဓာတ်ပြုခြင်းတစ်ခုသည် စွမ်းအင်ကို လွှင့်ထုတ် (သို့) စုပ်ယူနိုင်သည်။ အဆင့်ကူးပြောင်းခြင်းတစ်ခုသည်လည်း အရည်ပျော်ခြင်း နှင့် ဆူခြင်းတို့၌ ထိုအတိုင်းပင်ဖြစ်လေသည်။ အပူဓာတုဗေဒသည် စွမ်းအင် ပြောင်းလဲခြင်းများအကြောင်းကို အလေးထား လေ့လာရာ အထူးသဖြင့် ပတ်ဝန်းကျင်နှင့် စနစ်တို့၏ စွမ်းအင်ကူးပြောင်းခြင်းများတွင် ဖြစ်သည် ။ ဤပညာရပ်သည် ဓာတ်ပြုမှုအတောအတွင်း ဓာတ်စမ်းပစ္စည်း၊ ရလဒ်ပစ္စည်းများ၏ ပမာဏကို ခန့်မှန်းရာ၌ အသုံးဝင်သည်။ အင်ထရိုပီ တွက်ချက်ဆုံးဖြတ်ခြင်းများနှင့်အတူ ဓာတ်ပြုမှုတစ်ခုသည် သဘာဝအတိုင်း (သို့) ပြောင်းပြန်အတိုင်း ဖြစ်ပွားမှု ရှိမရှိကိုလည်း ခန့်မှန်နိုင်ပေသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
အန်ဒိုသားမစ်ဓာတ်ပြုခြင်းများသည် အပူကိုစုပ်ယူ၏ ။ တစ်ဖက်၌ အက်ဇိုသားမစ်ဓာတ်ပြုခြင်းများသည် အပူကို လွှင့်ထုတ်၏ ။ အပူဓာတုဗေဒနှင့် သာမိုဒိုင်းနမစ်ဘာသာရပ်တို့၏ အယူအဆသည် ဓာတုစည်းနှောင်မှုပုံစံအတွင်း စွမ်းအင်အယူအဆ၌ သဘောညီကြသည်။ ဤဘာသာရပ်၌ အပူစွမ်းအင်ပမာဏ (heat capacity) ၊ လောင်ကျွမ်းအပူ (heat of combustion) ၊ ဖွဲ့စည်းအပူ (heat of formation) ၊ အင်သာပီ၊ အင်ထရိုပီ၊ သာမိုဒိုင်းနမစ်ဆိုင်ရာ လွတ်လပ်စွမ်းအင် (free energy) ၊ ကယ်လိုရီ တန်ဖိုးများကို တွက်ချက်မှုများပါဝင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.